Sunday, August 18, 2013

နောက်ဆုံးတော့ ရာနှုန်းပြည့် အမြတ်ထုတ် သွေးစုပ်ကြသူတွေကတော့ မြန်မာသွေးစုပ်ဖုတ်ကောင်တွေရယ် တရုတ်သွေးစုပ်ဖုတ်ကောင်တွေပါဘဲ။

နောက်ဆုံးတော့ ရာနှုန်းပြည့် အမြတ်ထုတ် သွေးစုပ်ကြသူတွေကတော့ မြန်မာသွေးစုပ်ဖုတ်ကောင်တွေရယ် တရုတ်သွေးစုပ်ဖုတ်ကောင်တွေပါဘဲ။

လက်ပံတောင်းတောင် ကြေးနီတောင်စီမံကိန်းရဲ့ အမြတ်တွေကို နိုင်ငံတော်က ၅၁ ရာခိုင်နှုန်းဆိုတဲ့နေရာမှာ နိုင်ငံတော်ဆိုတာ လက်ရှိအနေအထားအရတော့ သိန်းစိန်တို့  ဗိုလ်ချူပ်ကြီးဟောင်းတွေ ကြီးစိုးချူပ်ကိုင်ထားဆဲ ဖြစ်နေသေးလို့  ဒီအမြတ် ၅၁ ရာခိုင်းနှုန်းက ပြည်သူ့ အတွက် မဟုတ်ဘဲ နိုင်ငံတော်ပုဂ္ဂိုလ်ကြီးများသာ ပိုင်ဆိုင်ရရှိမှာ ဖြစ်နေသလို၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဆိုတဲ့ စစ်တပ်အကျိုးပြု (ဗိုလ်ချုပ်ကြီးများအတွက်သာ) ဦးပိုင်က ၃၀ ရာခိုင်နှုန်းနဲ့  တရုတ်ကုမ္ပဏီကြီး Wabbao Mining Ltd ၀မ်ဘောင်က ၁၉ ရာခိုင်နှုန်းဆိုတော့ ဒီနှစ်ခုပေါင်းက ၄၉ ရာခိုင်နှုန်း ဖြစ်ပြန်တော့ အားလုံးပေါင်း ဒီစုစုပေါင်း (၁၀၀) ရာခိုင်နှုန်းအပြည့်ကို နောက်ဆုံးတော့ ဗိုလ်ပိုင်ရယ် ဦးပိုင်ရယ် ၀ပိုင်ရယ်အတွက်ရယ်ဘဲဆိုတာပါဘဲ။

ဒေသခံ ပြည်သူများအတွက်ကြတော့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိမှာပါဆိုပြီး အရိုးအရင်း မပြောနဲ့  အနံ့ တောင်မှ ဝေးဝေးကနေ ခဏလေး ပေးရှူတဲ့ဘ၀မျိုးနဲ့  ပေးဆပ်ခိုင်းလိုက်တဲ့ တရားအားထုတ် (တရုတ်အားထား) ကြတဲ့ ချစ်တီးသိန်းစိန်တို့ ရဲ့  နားလှည့်ပါးရိုက်တဲ့ လုပ်ရပ်ပါဘဲ။

ကြေးနီတောင်ကြီးလည်း ဘ၀ပျက်ရ၊ ဒေသခံပြည်သူတွေလည်း ဘ၀ပျက်ရ၊ တောင်သူလယ်သမားတွေလည်း ဘ၀ပျက်ရ၊ လယ်ယာမြေတွေလည်း ဘ၀ပျက်ရ ဘ၀ပေါင်းမြောက်မြားစွာ ပေးဆပ်ရတဲ့ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးရဲ့  အသွေးအသားတွေကို အငမ်းမရစုပ်ယူကြတဲ့ မြန်မာသွေးစုပ်ဖုတ်ကောင်တွေနဲ့  တရုတ်သွေးစုပ်ဖုတ်ကောင်တွေက ဗိုလ်ပိုင် ဦးပိုင် ၀ပိုင်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်ကြီး သုံးကောင်ပါဘဲ။


No comments: