Sunday, August 18, 2013

Generation Youth’s သဘောထား ထုတ်ပြန်ကြေညာချက်။


Generation Youth’s သဘောထား ထုတ်ပြန်ကြေညာချက်။

နေ့စွဲ ။ ၁၇.၈.၂၀၁၃

၁။ ယနေ့မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီအရပ်သားအစိုးရအဖြစ်သို့ ကူးပြောင်းပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်ပာု ဆိုသော်လည်း တရားဥပဒေစိုးမိုးမှုနှင့်တရားမျှတမှု ကင်းမဲ့နေသော အနေထားသို့  ရောက်ရှိနေပေသည်။

၂။ ဦးသိန်းစိန်အစိုးရ၏ ပြည်သူလူထုအပေါ် ဆက်ဆံနေသော အနေထားများသည် တဖြေးဖြေး အာဏာရှင်အစိုးရတို့ ကိုင်တွယ်ဆက်ဆံနေသော အနေထားသို့ ရောက်ရှိလာသည်ကို တွေ့ရသည်။

၃။ ၁၃.၈.၂၀၁၃ ရက်နေ့က မုံရွာမြို့တွင် လက်ပံတောင်းဒေသအတွက် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုမိန့်မပေးသောကြောင့် ဆန္ဒဖော်ထုတ်ခဲ့သော ဒေါ်နော်အုန်းလှနှင့် လက်ပံတောင်း တောင်ဒေသခံအမျိုးသမီးများကို စစ်ကိုင်းတိုင်းအစိုးရ ရဲတပ်ဖွဲ့မှ လူဂုဏ်သိက္ခာမဲ့စွာ အကြမ်းဖက် ဖမ်းဆီးခဲ့သည်။

၎။ အစိုးရ ရဲတပ်ဖွဲ့များ၏ နိုင်ငံအတွင်း ပြည်သူတို့ကို အာဏာရှင်လက်ကိုင်တုတ်သဖွယ် အနိုင်ကျင့်စော်ကား နေသည့် လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်သည်။

၅။ ဒေါ်နော်အုန်းလှ နှင့် လက်ပံတောင်းတောင်ဒေသခံအမျိုးသမီးများကို အမျိုးသမီးတို့၏ ဂုဏ်သိက္ခာ ကျဆင်းအောင် လူပုံအလယ်တွင် အတင်းအကျပ် ဖမ်းဆီးခြင်းသည် နိုင်ငံတော်အစိုးရ လက်မှတ်ရေးထိုးထားသော အမျိုးသမီး အခွင့်အရေး စာချုပ်ကို ဖောက်ဖျက်ရာ ရောက်ပြီး အမျိုးသမီးအခွင့်ရေး ချိုးဖောက်မှုတရပ်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယူဆသည်။

၆။ ဦးသိန်းစိန်အစိုးရအနေဖြင့် နောက်နောင် ပြည်သူလူထုကို အကြမ်းဖက်နည်းများဖြင့် မဆက်ဆံရန်နှင့် ဖမ်းဆီးထားသော ဒေါ်နော်အုန်းလှကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုသည်။

၇။ လက်ပံတောင်းတောင် ပြည်သူတို့၏ ဆန္ဒဖြစ်သော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး၊ လက်ပံတောင်းတောင်ဒေသတွင် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားမှုအား အမြန်ဆုံး ဖျက်သိမ်းပေးရေး၊ စသည့် တောင်းဆိုချက်များကို အမြန်ဆုံး အကောင်ထည်ဖော်ပေးရန် တောင်းဆိုလိုက်သည်။

Generation Youth’s
၁၇.၈.၂၀၁၃
ရန်ကုန်။

No comments: