Thursday, August 22, 2013

သိန်းစိန်တို့  အုပ်ချူပ်သူတွေရဲ့  အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာ ပြလိုက်တာဘဲ။

မြန်မာပြည်သူတွေရော ကမ္ဘာ့ပြည်သူတွေကပါ လေးစားသမှုရှိပြီး ဥာဏ်ပညာအရည်အချင်း သီလသမာဓိနဲ့  ပြည့်စုံတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့အလည် နိုင်ငံတကာအလည်မှာ မြန်မာ့ဂုဏ်သိက္ခာ ဂုဏ်ရောင်မြင့်မားဖို့  ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ “မြန်မာ” လို့  နာမည်ကောင်းလေးရ သမိုင်းမှတ်တမ်းကောင်းလေးတွေ ပြန်လည်ဦးမော့လာချိန်မှာ၊ နိုင်ငံကြီးသား မပီသစွာနဲ့  ဂုဏ်သိက္ခာ မရှိစွာနဲ့  စဉ်းစားဆင်ခြင်ဥာဏ် မရှိစွာနဲ့  ဧည့်သည်ကို အိမ်ရှင်က စော်ကားလိုက်တာ၊ အထူးသဖြင့် နိုင်ငံတကာကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးကို စော်ကားသမှုပြုသူတွေရဲ့  လုပ်ရပ်က တစ်မျိုးသားလုံးရဲ့  မျက်နှာကို အိုးမဲသုတ်လိုက်ရုံတင်မကဖူး တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ဂုဏ်အဆင့်အတန်းကို နှိမ်ချလိုက်တာဘဲ။

သိန်းစိန်တို့  အုပ်ချူပ်သူတွေရဲ့  အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာ ပြလိုက်တာဘဲ။


No comments: