သမ္မတပြောရေးဆိုခွင့်ရသူ (သို့ ) သမ္မတရဲ့  ပြောချင်ရာပြောဆိုခွင့်ရှိသူ ရဲထွဋ်။
သမ္မတပြောရေးဆိုခွင့်ရသူ (သို့ ) သမ္မတရဲ့  ပြောချင်ရာပြောဆိုခွင့်ရှိသူ ရဲထွဋ်။
သမ္မတပြောရေးဆိုခွင့်ရသူ ရဲထွဋ် ပြောတဲ့စကားများဟာ သမ္မတက ဒီစကားကို ပြောလို့  ပြောဆိုခွင့်ပြုပြီး ပြောခိုင်းတဲ့စကားအတိုင်း ပြောရသူလား (သို့ ) သမ္မတပြောရေးဆိုခွင့်ရသူဆိုပြီး မိမိပြောချင်တာကို ပြောပြီးမှ သမ္မတအမည်ခံခိုင်းတာလားဆိုတာ သိဖို့ လိုပါတယ်။
ကမ္ဘာ့ကုသမဂ္ဂကိုယ်စားလှယ်ရဲ့  ဆောင်ရွက်မှုကို မကြိုက်နှစ်သက်ဖူး၊ နည်းလမ်းမကျဖူး၊ မှားယွင်းမှုရှိတယ်ဆိုရင် ကုလသမဂ္ဂကို တရားဝင် ပြောဆိုဖြေရှင်းရမှာပါ။ နိုင်ငံကိုယ်စားပြုတွေအနေနဲ့  နိုင်ငံတကာကိုယ်စားပြုသူတွေကို နည်းလမ်းကျကျ ပြောဆိုရမှာပါ။ နိုင်ငံတကာပါဝင် ဖွဲ့ စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းရဲ့ ကိုယ်စားလှယ်အပေါ် ဆက်ဆံတဲ့နေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့  သံတမန်တစ်ဦးဆက်ဆံတဲ့ပုံစံထက်တောင် ပိုပြီး နိုင်ငံကြီးသားပီသစွာ နူးညံ့သိမ်မွေ့ စွာနဲ့  ဆက်ဆံရမှာပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့  ဂုဏ်သိက္ခာ မပျက်ရလေအောင် မကြိုက်နှစ်သက်မှုရှိရင်တောင် ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံရမှာပါ။
ကမ္ဘာ့ကုသမဂ္ဂကိုယ်စားလှယ်ဆိုတဲ့တာဝန်ယူထားသူဟာ ပုဂ္ဂိုလ်ရေးအရ ဥရောပနိုင်ငံသားဘဲဖြစ်ဖြစ် အမေရိကန်နိုင်ငံသားဘဲဖြစ်ဖြစ် အာရှနိုင်ငံသားဘဲဖြစ်ဖြစ် ကုလားကြီဘဲဖြစ်ဖြစ် တရုတ်ကြီးဘဲဖြစ်ဖြစ် ဘာသာတူဘဲဖြစ်ဖြစ် ဘာသာမတူသူဘဲဖြစ်ဖြစ် သူလာတဲ့ နိုင်ငံကို ကြိုက်သည်ဘဲဖြစ်ဖြစ် မကြိုက်သည်ဘဲဖြစ်ဖြစ် ဒီအပေါ်မှာ အခြေမခံရဘဲ သူဆောင်ရွက်တဲ့ ကုလသမဂ္ဂရဲ့  ကိုယ်စားပြုဆောင်ရွက်မှုအပေါ်မှာသာ ကောင်း မကောင်း၏ နည်းလမ်းကျ၏ မကျ၏ကို သုံးသပ်ဝေဖန်ပြီး အချက်အလက် ခိုင်ခိုင်လုံလုံနဲ့  နည်းလမ်းကျကျ ပြောဆိုထောက်ပြ ဝေဖန်ဆောင်ရွက်ရမှာပါ။
ယခုတော့ သိန်းစိန်တို့ အုပ်ချူပ်သူတွေဟာ အကွက်ချစီမံပြီး မမြင်ချင်ယောင်ဆောင် မသိချင်ယောင်ဆောင် မြှောက်ပင့်ပေးပြီး ဖန်တီးမှုဟာ တိုင်းပြည်အတွက်ကို အရှက်ရစေပါတယ်။ ဒီလို ကုလသမဂ္ဂကိုယ်စားလှယ်ရဲ့  အနီးအနားကို ကားတံခါးမှန်နားထိတောင် လူအုပ်လူဝေးနဲ့  ကပ်လို့ ရအောင် အခွင့်အရေးရခဲ့တယ်ဆိုတာ ခွင့်ပြုတဲ့အနေအထားရှိလို့ ဆိုတာ ငြင်းမရပါဖူး။ ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ရင် ဒီပဲယင်းအဖြစ်အပျက်တုန်းက ပုံစံအတိုင်း ဖြစ်နေတာမို့  ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ကုလသမဂ္ဂကိုယ်စားလှယ်တောင် ဒီပဲယင်းပုံစံ ကြုံရတယ်လို့  ပြောရမှာပါ။
ဒီလိုမျိုး ညအချိန် (၁၀) နာရီကျော်မှာ လူရာနဲ့ ချီပြီး ဆိုင်းဘုတ်တွေထောင် အော်ဟစ်ရမ်းကား ကားတံခါးကို ထိသည်အထိ လုပ်ဆောင်မှုမျိုးကို ရဲအယောက် (၃၀) လောက်အင်အားနဲ့ ဘဲ မဟန့် တား မပိတ်ပင် မဖမ်းဆီး မရိုက်မပုတ် မပစ်မခတ်ဖူးဆိုရင် သိန်းစိန်နဲ့  အပေါင်းအပါတွေကိုလည်း ဒီလိုမျိုးဘဲ ဆန္ဒပြခွင့်ရမလားလို့  သမ္မတရဲ့  ပြောချင်ရာပြောဆိုခွင့်ရှိသူ စပုတ်ပါစန် (Spokeperson) ရဲထဋ်ကို မေးချင်ပါတယ်။
နောက်ထပ်မေးချင်တာကတော့ ယခုကုလသမဂ္ဂကိုယ်စားလှယ်ကြီးဟာ တရုတ်ကြီး (သို့ ) မြောက်ကြီးဖြစ်နေရင်ကော ယခုလို ဆန္ဒပြကြမှာလားဆိုတာပါ။
No comments:
Post a Comment