ပညာရေးဝန်ကြီးဌာနရဲ့  မတရားဖြေရှင်းချက်ကို ဆက်လက်တုန့် ပြန်သွားမည်။
ပညာရေးဝန်ကြီးဌာနရဲ့  မတရားဖြေရှင်းချက်ကို ဆက်လက်တုန့် ပြန်သွားမည်။
ဆရာမဒေါ်စိုးစိုးခိုင်မှာ သွေးအားနည်းရောဂါ အမှန်တကယ်ဖြစ်နေပြီး ဆေးကုသမှုခံယူနေရတယ်ဆိုတာကို လိမ်ညာခဲ့ပါတယ်ဆိုပြီး ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကတော့ ဗြောင်လိမ်ပြီး ကြေညာလိုက်ပြန်ပြီ။
အလုပ်သမားတွေ ၀န်ထမ်းတွေမှာ ခွင့်ခံစားပိုင်ခွင့်တွေ ရှိကြပါတယ်။ တစ်နှစ်အတွင်း ရသင့်တဲ့ ခွင့်ရက် (Annual Leaves)၊ နှစ်ရှည်ကြာ လုပ်သက်ခွင့် (Long Service Leaves) ၊ ကျန်းမာရေးခွင့် (Sick Leaves With Medical Certificate and Without Medical Certificate)၊ မိသားစုစောင့်ရှောက်မှုခွင့် (Carer Leaves)၊ သားဖွားမှုဆိုင်ရာခွင့် (Maternity Leaves)၊ မိဘအုပ်ထိန်းစောင့်ရှောက်မှုခွင့် (Parental Leaves) နဲ့  အရေးပေါ်အလုပ်ပျက်ကွက်မှု ခံစားပိုင်ခွင့် (Emergency Absence) ဆိုပြီး ခံစားပိုင်ခွင့်တွေ ရှိကြပါတယ်။
ထို့ အတူ တစ်နှစ်အတွင်းမှာ ကျောင်းချိန်နောက်ကျတာ (၄၃) ရက်ရှိပြီဟု ဆိုထားရာတွင် မည်သည့်အထောက်အထား ခိုင်ခိုင်လုံလုံနှင့်မျှ ဖေါ်ပြထားခြင်း မရှိပေ။ ယခုကဲ့သို့  အကြောင်းပြ ထုတ်ပယ်သည့်အခါမှသာလျှင် တွက်ချက်ဖေါ်ပြခြင်းသည် မတရားပြစ်ဒဏ်ပေးရန် ဖန်တီးသောအချက်တစ်ခုသာ ဖြစ်ပေသည်။
ထို့ အပြင် ဆိုးရွားလှသော ဖေါ်ပြချက်မှာ ၀န်ထမ်းများအနေဖြင့် “၀န်ထမ်းစည်းမျဉ်းအရ နယ်မြေကျော်လွန် သွားလာခွင့် တင်ပြရမည်” ဆိုသော အချက်ပင်ဖြစ်သည်။ ဤအချက်သည် ၀န်ထမ်းများအပေါ် မတရားဆောင်ရွက်ထားသော ကန့် သတ်ချူပ်ခြယ်မှု ဖြစ်သည်။ ပြည်သူ့ ဝန်ထမ်းများအား ရာဇ၀တ်သားများသဖွယ် ခြေချုပ်အမိန့် အား သွယ်ဝိုက်ပြဌာန်းလိုက်နာခိုင်းခြင်ပင် ဖြစ်သည်။ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီနိုင်ငံကြီးများတွင် အလုပ်သမားတစ်ဦးအနေဖြင့် ခွင့်ရက်တောင်းခံရာတွင် ခွင့်တောင်းခံရခြင်း အကြောင်းရင်းအား ခွင့်ရက်ရပိုင်ခွင့်ထဲမှ ဖြစ်ပါက ဘာလုပ်မည် ဘယ်သွားမည်ဟု အသေးစိတ် ဖေါ်ပြစရာ မလိုပေ။ ကိုယ်ရေးကိုယ်တာကိစ္စအား အလုပ်ရှင်မှ သိစရာ မလိုသလို ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မေးမြန်းပိုင်ခွင့် မရှိပေ။ ထို့ အတူ အဆိုပါ ၀န်ထမ်းသည် မည်သည့်ဒေသမဆို သွားလာပိုင်ခွင့် ရှိသည်မှာ ၄င်းး၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်ကာ မည်သည့်ဒေသသို့  သွားလာရောက်ရှိခဲ့သည်ကို မည်သည့်အလုပ်ရှင်ကိုမျှ သတင်းပို့ စရာ မလိုပေ။
ယခုကဲ့သို့  ထုတ်ပြန်ကြေညာခဲ့သော ပညာရေးဝန်ကြီးဌာန၏ ဖြေရှင်းချက်သည် ၄င်းတို့  မတရားမှုကို ဖုံးကွယ်ရန် အကြောင်းပြကာကွယ်ခြင်း၊ ကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်အပေါ် မတရားလုပ်ဆောင်မှု အကြောင်းပြ ဖန်တီးမှုသာ ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် သိက္ခာရှိရှိ သမာသမတ်ရှိရှိ အသိပညာရှိရှိဖြင့် မှန်ကန်မျှတစွာ ဆောင်ရွက်ရမည့်အစား ယခုကဲ့သို့  ကလိမ်ကကျစ်ကျစွာ လုပ်ဆောင်ခြင်းသည် အလွန့် အလွန် ရှက်ဖွယ်တိတိပင် ဖြစ်ပေသည်။
ဤကဲ့သို့  ပညာရေးဝန်ကြီးဌာန၏ လိမ်ညာဖြေရှင်းချက် ထုတ်ပြန်ခြင်းသည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ ဆရာမများ၊ ပညာရေးပိုင်းဆိုင်ရာ ၀န်ထမ်းများ၊ ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ ဘ၀ပေါင်းများစွာအတွက် ထိခိုက်စေသည်သာမက မြန်မာနိုင်ငံ၏ ပြည်သူ့ ဝန်ထမ်းအားလုံးအား မထေမဲ့မြင် မတရား စော်ကားလိုက်ခြင်းဖြစ်သည်ဟု ဆိုလိုက်ရပါသည်။
ပညာရေးဝန်ကြီးဌာန၏ မမှန်ကန်သော ဖြေရှင်းချက်အား ပြန်လည်ရုပ်သိမ်းပြီး ကျောင်းဆရာမတစ်ဦးအပေါ် မတရားလုပ်ဆောင်မှုအား တရားဝင် တောင်းပန်ခြင်း မပြုပါက ပြည်သူ့  ၀န်ထမ်းအပေါင်းမှ ဆက်လက်ကန့် ကွက်သွားကာ တရားမျှတမှု ရရှိသည်အထိ လက်တွေ့ တုန့်  ပြန်ဆောင်ရွက်သွားမည် ဖြစ်သည်။
No comments:
Post a Comment