Friday, August 30, 2013

မတရားတဲ့ အာဏာရှင်လက်အောက်မှာ လူမရွေးဖူး၊ ဘာသာမရွေးဖူး၊ နယ်မြေမရွေးဖူး၊ လူမျိုးမရွေးဖူး၊ ဒါကို သိရှိကြဖို့  အရေးကြီးတယ်။

မတရားတဲ့ အာဏာရှင်လက်အောက်မှာ လူမရွေးဖူး၊ ဘာသာမရွေးဖူး၊ နယ်မြေမရွေးဖူး၊ လူမျိုးမရွေးဖူး၊ ဒါကို သိရှိကြဖို့  အရေးကြီးတယ်။

ထားဝယ်မြို့၌ ပထမဆုံးအနေဖြင့် လယ်သမားတစ်ယောက် ထောင်ဒဏ်ချမှတ်ခံရ။
ထားဝယ်မြို့နယ်၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက်၊ ကမြောကင်းလမ်း၊ ကမြောကင်းတံတားနံဘေး၌ လက်ရှိ လယ်စိုက်ပျိုးလျှက်ရှိသော လယ်သမား ဦးစံလင်းအား ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေမှ ၁၈၇၆ ခုနှစ် မြေယာနှင့် အခွန်တော်ဥပဒေ ပုဒ်မ (ဏ ) ဖြင့် တရားစွဲဆိုကာ ၂၆.၈.၂၀၁၃ (တနင်္လာနေ့) တွင် ဒဏ်ငွေ (၂၀၀) နှင့် ထောင်ဒဏ် (၁) လကို ထားဝယ်မြို့နယ် တရားသူကြီး ဦးထွန်းလင်းမှ ချမှတ်ခဲ့သည်။

ဦးစံလင်းသည် ထားဝယ်ခရိုင်အတွင်း တရားမျှတမှုမရှိသည့် လယ်ယာမြေသိမ်းဆည်းမှုနဲ့ ပတ်သက်၍ ပထမဆုံးထောင်ကျခံရသော လယ်သမားပေါ့လို့ သမီးဖြစ်သူ မရွှေစင်ယုမှ ပြောကြားသည်။ ထားဝယ်အများပိုင်ကုမ္ပဏီက လယ်မြေကို သိမ်းတယ်၊ မူလပိုင်ရှင်ဆိုတာရှိပေမယ့် ကျွန်မအဖေကို သူကိုယ်တိုင် လယ်မလုပ်နိုင်လို့ လယ်လုပ်ပိုင်ခွင့်ကို လွန်ခဲ့တဲ့ (၄) နှစ်ခန့်လောက်ကတည်းက လွှဲပြောင်းပေးထားပြီး ကျွန်မတို့ တစ်မိသားစုလုံး ဒီလယ်ကို စိုက်လာခဲ့တာ ပတ်ဝန်းကျင်က လယ်သမားတွေ အကုန်လုံးလည်း အသိဘဲ ကျွန်မတို့က ဘာလျှော်ကြေးမှ မယူထားတော့ ထွက်ပေးစရာလည်း မလိုဘူး၊ သူတို့ပေးတဲ့ လျှော်ကြေးဆိုတာ ကျွန်မတို့ဘ၀အတွက် ဘာအာမခံ ချက်မှ မရှိဘဲ၊ လယ်သမား လယ်ပျောက်ရင် ထမင်းငတ်မှာပေါ့၊ အခုတော့ ကုမ္ပဏီက လယ်ကို မတရားသိမ်းချင်တယ်၊ ကျွန်မတို့က အသိမ်းမခံဘူး၊ ကုမ္ပဏီကို ပေးချင်တော့ ခရိုင်အုပ်ချုပ်ရေးမှူးက တရားစွဲတယ်၊ ကျွန်မအဖေ ထောင်ကျ တယ် ကောင်းပါတယ်၊ ကျွန်မအဖေက ထားဝယ်မြို့ရဲ့ စံပြလယ်သမား ဖြစ်သွားတာပေါ့ ဟု မရွှေစင်ယုမှ ဆက်လက်ပြောကြားခဲ့သည်။

ဦးစံလင်းအား ထောင်ချခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ထားဝယ်လယ်သမားများမှလည်း သဘောမတူ ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လယ်သမားများ၏ ဂုတ်သွေးစုတ် အမြတ်ထုတ်တဲ့ ထားဝယ်အများပိုင်ကုမ္ပဏီအား ထားဝယ်ခရိုင်အတွင်းရှိ လယ်သမားများအနေဖြင့် ထားဝယ်လယ်သမားများသမိုင်း၏ ကုမ္ပဏီဆိုးအဖြင့် သတ်မှတ်ကာ ထားဝယ်ခရိုင်အတွင်းရှိ လယ်သမားမိသားစုဝင်တိုင်း၏ သမိုင်းတာဝန်တစ်ရပ်ပမာ စဉ်ဆက်မပြတ် သပိတ်မှောက်သွားနိုင်သည်အထိ စည်းရုံးသွားမည်၏ဟု ထားဝယ်လယ်သမားများ အစည်းအဝေးမှ ထုတ်ပြန်ကြေငြာခဲ့သည်။

(၂၇.၈.၂၀၁၃) ရက်နေ့  အင်္ဂါနေ့တွင် ဦးစံလင်းအား ဂုဏ်ပြုသည့်အနေဖြင့် လက်ရှိ ဦးစံလင်း၏ လယ်မြေ၌ ဦးစံလင်း စိုက်ပျိုးရန် ကျန်နေသောလယ်ကွက်များ၌ ဦးစံလင်း၏ မိသားစုလယ်သမားများနှင့်အတူ စပါးစိုက်ပျိုးကြမည်၏ဟု လယ်သမားများထံမှ သိရှိရပါသည်။

ဆက်သွယ်ရန် - မရွှေစင်ယု (ဦးစံလင်း၏ သမီး) 05023096, 09422218788

ကိုထွန်းထွန်းဝင်း (ထားဝယ်တောင်သူလယ်သမား ကွန်ယက်) 0949851588

ဦးကျော်ဆွေ - ခရိုင်အုပ်ချုပ်ရေးမှုး - ၀၉၈၇၄၀၂၂၂။

No comments: