Friday, September 13, 2013

မြန်မာပြည်သည် ဒို့ တရုတ်ပြည်၊ မြန်မာစကားသည် ဒို့ တရုတ်စကား ဖြစ်နေပြီလား။

မြန်မာပြည်သည် ဒို့ တရုတ်ပြည်၊ မြန်မာစကားသည် ဒို့ တရုတ်စကား ဖြစ်နေပြီလား။

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို.နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် လမ်းညွန်ဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ.ရှိရပါသည်။

လမ်းညွန်ဆိုင်းဘုတ်များတွင် မြန်မာစာနှင့် တရုတ်ဘာသာစာများဖြင့် ရေးသားထားသည်ကို တွေ့ ရပါသည်။

ဘော်ဆိုင်းကျေးရွာအုပ်စုတွင် ဓနုတိုင်းရင်းသား အများစုနေထိုင်ကြောင်း သိရပါသည်။ ဘော်ဆိုင်းဒေသတွင် ခဲသထ္တုတူးဖေါ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ဒေသခံတိုင်းရင်းသား တောင်သူများနှင့် မြေယာအငြင်းပွားမှုများရှိကြောင်း သိရပါသည်။

တရုတ်ကုမ္ပဏီက ကောင်းသောအင်အားကြယ်ကုမ္ပဏီ တစ်ခုဘဲ ရှိတာပါ။ တိုင်းရင်းသားပိုင်ကုမ္ပဏီတွေလည်း ရှိပါတယ်။ ရွာသားတွေနဲ့  အခြေအတင်ဖြစ်နေတာက တရုတ်တွေနဲ့ ဘဲ ဖြစ်နေတာပါပာု ၇ွာပောာင်းကျေး၇ွာမှ တောင်သူတစ်ဦးက ပြောပြပါသည်။

ကျနော်တို့ ဒေသမှာ မြန်မာစာဆိုင်းဘုတ်က လူတိုင်းသိတယ်။ တိုင်းရင်းသားစာပေဆိုလည်း တော်သေးတယ်။ အခုက ကျနော်တို့  တရုတ်စာ ထပ်သင်ရမလို ဖြစ်နေပြီပာု ဘော်ဆိုင်းမှ သနပ်ဖက်ကုန်သည်တစ်ဦးက ပြောပြပါသည်။

သြော် …. မြန်မာပြည်က တရုတ်ပြည်ရဲ့  ပြည်နယ်တစ်ခု ဖြစ်နေပြီလား။

သတင်း/ဓာတ်ပုံ - ကိုမိုး (မျိုးဆက်သစ်)။





No comments: