Thursday, September 12, 2013

အစိုးရနှင့် ပြည်သူလူထု ပဋိပက္ခတွေအတွက် . . .

အစိုးရနှင့် ပြည်သူလူထု ပဋိပက္ခတွေအတွက် . . .

အုပ်ချုပ်ခံ ပြည်သူလူထုက ပြသာနာတွေကို ရှာဖွေ တင်ပြနေမှာ ဖြစ်ပြီး . . . အုပ်ချုပ်သူ အစိုးရက အဖြေရှာပေးရတယ်ဆိုတာ လောကဓမ္မပဲ ။

လက်ပံတောင်းတောင်ဒေသ ငြိမ်းချမ်းရေးအတွက် နိင်ငံတော်အစိုးရရဲ့ တိုက်ရိုက် ကိုင်တွယ်မှု လိုအပ်ချက်ကို ဘ၀နဲ့ ရင်းပြနေသော သက်ရှိသက်သေ မုံရွာထောင်က ဒေါ်နော်အုန်းလှ အစာငတ်ခံနေသည်။

အကြင်နာတရား နှင့် လောကသစ္စာကို မျက်ကွယ်ပြု လူသားဆန်မှုကင်းတဲ့ အာဏာကပ်ပါး ထောင်နံရံကြားက အန်တီနော်အုန်းလှ ကျန်းမာရေး အတွက် စိုးရိမ်မိတယ် ။

ဒီထက် ပိုစိုးရိမ်တာကတော့ သူမသာ တစ်ခုခုဖြစ်သွားရင် . . . လက်ပံတောင်းဒေသ ငြိမ်းချမ်းအဖြေရှာရေး ပျောက်ကွယ်နေသေးရင် . . . လက်ပံတောင်းအရေး နဲ့ လယ်သမား အလုပ်သမားနှင့် နိင်ငံသားအရေးအတွက် ဖမ်းဆီးမှုတွေသာ ရှိပြီး ပြေလည်တဲ့ ညှိနှိုင်းဖြေရှင်းမှုတွေ မရှိသေးရင် . .. တိုင်းဒေသကြီးတစ်ခု၊ ပြည်နယ်တစ်ဒေသမှာ အစိုးရနဲ့ ပြည်သူလူထုကြားက မဏ္ဍိုင် (၃) ရပ် ညီမျှခိုင်ခံမှု မရှိခြင်းကြောင့် ပဋိပက္ခတွေ ကြီးမားလာမှုကို အချိန်မှီ နိင်ငံတော်အဆင့် သမ္မတ (သို့) ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ် မဖြေရှင်းနိင်ခဲ့ဘူးဆိုရင် . . .

သိပ်မကြာခင်မှာ . . .

အခွင့်အရေး တောင်းဆိုမှုတွေကနေ အစိုးရဖြုတ်ချရေး တောင်းဆိုမှုတွေ ဖြစ်လာတော့မယ်။ အဲဒီအခါ သေနက်သံတွေ ပြန်ကြားရတော့မယ်။ နိင်ငံသားခြင်း ကိုယ်စီအကြောင်းပြချက်တွေနဲ့ သတ်ဖျက်မှုနဲ့ ဆန့်ကျင်မှုတွေ ကြီးလာကြတော့မယ်။

ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို ကြက်တူရွေး စာသင်သလို ရွတ်ဖတ်ရုံ မဟုတ်ပဲ ကျင့်သုံးဖော်ဆောင်နိင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာဖို့ အစိုးရ နဲ့ ပြည်သူလူထု ဟန်ချက်ညီညီ ဖော်ဆောင်နိင်ဖို့ သမိုင်းချီ လိုအပ်မှု အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြန်လှန် ယုံကြည်လေးစားမှုကို အမိန့် အာဏာသုံးပြီး ဖမ်းဆီး အရေးယူ ထောင်ချမှုတွေနဲ့ တည်ဆောက် မရနိင်ဘူး ။

အမှားတွေကို လုံဖို့ အမှားတွေ ဆင့်ကာ ဖုံးနေရင် အမှားတုံးကြီးပဲ ဖြစ်လာလိမ့်မယ် ။

ပဋိပက္ခတွေအတွက် . . . အုပ်ချုပ်ခံ ပြည်သူလူထုက ပြသာနာတွေကို ရှာဖွေ တင်ပြနေမှာ ဖြစ်ပြီး . . .
အုပ်ချုပ်သူ အစိုးရက အဖြေရှာပေးရတယ်ဆိုတာ လောကဓမ္မပဲ ။

ပြည်သူလူထုက ပြသာနာတွေ ဘာတွေရှိတယ်ဆိုတာ အချိန်မှီ သက်ဆိုင်ရာ အစိုးရ ကိုင်တွယ် ဖြေရှင်းနိင်ဖို့ ဖော်ထုတ် တင်ပြခွင့်ရှိဖို့ လိုတယ်။ သာမာန်ပြည်သူလူထု ၊အုပ်ချုပ်ခံလူတန်းစားက မိမိကိုယ်တိုင်နှင့် မိမိတို့ သာမာန်လူတန်းစားများ၊ ဘ၀ရှင်သန် လုံခြုံစိတ်ချနိင်မှုအတွက် လိုအပ်မှု ပြသာနာတွေကို ရှာဖွေတင်ပြတာ မမှားဘူး ဆိုတာ အစိုးရအနေနဲ့ လက်ခံနိင်တဲ့ အလေ့အကျင့် ရှိဖို့ လိုတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ အခွင့်အရေး မဲ့နေတဲ့သူတွေ လိုအပ်မှု ကြီးနေနိင်တယ်ဆိုတာ အမြင်ရှင်းရှင်းနဲ့ မြင်သိပြီး အဖြေရှာဖို့ လိုတယ်။ သူတို့က အမြဲ ပြသာနာတွေ ရှာပြီး ငါတို့က ရှင်းနေရတယ်လို့ ထင်မြင် ယုံကြည် သက်မှတ်နေရနိင်ပါတယ် ။

အဖြေရှာခက်တဲ့ ပြသာနာတွေနဲ့ လဲ ကြုံတွေ့နေရနိင်ပါတယ်။ အဲဒီအခါ ပြသာနာတွေ
ဖြစ်နေတဲ့ ရပ်ဝန်းနဲ့ ပြသာနတွေ ဖြစ်နေသူတွေကို ပူးပေါင်းအဖြေရှာဖို့ ရိုးသားစွာ လက်ကမ်းပါ ။ ဒါမှမဟုတ် အစိုးရအဖွဲ့က ထွက်ပြီး သာမာန်ပြည်သူဘ၀မှာ နေပါ။ ပြသာနာတွေကို ရှာပြပါ ။

ပြသာနာတိုင်းအတွက် ညီမျှတဲ့ အဖြေဆိုတာ ရှိတယ် ။ အစိုးရနဲ့ ပြည်သူလူထုကြားမှာ ပြန်လှန် ထိန်းညှိနိင်တဲ့ ညီမျှတဲ့ ဥပဒေဆိုတာ ရှိမယ် ဆိုရင် ပြသာနာတွေရဲ့ အဖြေကို အစိုးရချည်း မရှာနိင်ရင်တောင် အစိုးရနဲ့ ပြည်သူလူထု ပူးပေါင်း အဖြေရှာလို့ရတယ် ။ မိမိကိုယ်ကို နဲ့ ကိုယ့်အစိုးရ အဖွဲ့ ၊ ကိုယ့် ပြည်သူလူထုကို ယုံကြည်လေးစားပြီး တာဝန်ယူ တာဝန်ခံဝံ့တဲ့ ခေါင်းဆောင် တွေ အစိုးရ အဖြစ် တာဝန်ယူကြပါလမ့်မည်။ အုပ်ချုပ်သူနေရာ ရောက်လာ မယ့် အစိုးရက အဖြေတွေကို ညီမျှ ပြေလည်အောင် ရှာပြပါလိမ့်မယ် ။

ဒီနေ့ကာလမှာ ငြိမ်းချမ်းရေးအတွက် နိင်ငံသားတွေရဲ့ လိုအပ်မှု ကြီးမြင့်မှုကို အစိုးရ အနေနဲ့ရော ပြည်သူလူထုတွေကပါ တန်ဖိုးသိပြီး လက်တွေ့ရရှိဖို့ ကြိုးစားနေမှုတွေကို အခြေအနေတစ်ခုထိ မြင်တွေ့နေရပြီး အာဏာပိုင် အစိုးရ ၀န်ကြီးများမှ နိင်ငံအနှံ့မှာ သူပုန် သူကန်မဲ့တဲ့
ငြိမ်းချမ်းတဲ့ နိင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့
တစ်ခုထဲသော နိင်ငံတော် တပ်မတော်အဖြစ် အနာဂါတ် နိင်ငံတော်ကို
တည်ဆောက်မြင်တွေ့ချင်တယ်ဆိုတာ မကြာ ခဏ ကြားမြင်
နေရတယ် ။

အစိုးရအဖွဲ့ ၀န်ကြီးများ နဲ့ အစိုးရ တစ်ရပ်လုံးကို သူပုန် သူကန်
မရှိစေချင်ဘူးဆိုတဲ့ စေတနာစကားကို လက်ခံပြီး တစ်ခု သတိပေးချင်တယ် ။
လက်နက်ကိုင် ပုန်ကန်မှ သူပုန် မဟုတ်ဘူး ။ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့
ကျင့်သုံးမှု ဥပဒေတွေဟာ မညီမျှဘူးလို့ ယုံကြည်ပြီး ခိုင်မာတဲ့
အကြောင်းပြချက်တွေနဲ့
ဥပဒေ တွေရဲ့ ညီမျှမှု နဲ့ အကာအကွယ်တွေ ရဖို့ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်
ဆန္ဒပြနေသူတွေဟာလဲ သူပုန်ထတယ်ဆိုတာကိ မြင်ဖို့လိုပါတယ် ။

နိင်ငံသားများအားလုံးအတွက် နိင်ငံတော်လုံခြူံမှု နှင့်
ကာကွယ်ရေးကဏ္ဍများအတွက် တပ်မတော်သည် မရှိမဖြစ် လိုအပ်သည့်
အဖွဲ့အစည်းတစ်ရပ်အဖြစ် လက်ခံပြီး ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ
တပ်မတော်သား ရဲဘော် များထိ တပ်မတော်၏ တည်ရှိမှုကိုလဲ အသိအမှတ်ပြုပါသည် ။

သေချာတာကတော့ ဘယ်တိုင်းရင်းသား ၊ နိင်ငံသားတွေကမှ ကိုယ့်နိင်ငံတော်
အစိုးရကို လက်နက်ကိုင် ပြီးဖြစ်စေ ၊ လက်နက်မဲ့ဖြစ်စေ သူပုန် မထချင်
ကြပါဘူး ။ ဘာကြောင့်ဆို အဖြေလိုလို့ ရှာတဲ့ ပြသာနာကို တန်ပြန်
ပြသာနာသာရှာတဲ့ အစိုးရမျိုး နဲ့ အကြိမ်ကြိမ် သမိုင်းချီ ကြုံဖူးပြီး
နိင်ငံသားချင်း အသက် ၊ ဘ၀ပေါင်းများစွာ ပေးဆက်ရင်းနှီးပေးခဲ့ဘူးတာမို့
ပြေလည်ရေးကိုသာ ငြိမ်းချမ်းစွာ အဖြေရှာဖို့ ညှိနှိုင်း ဆွေးနွေး
လိုကြပါတယ် ။ဒီအချက်ကို မမေ့ပဲ နိင်ငံသားတွေရဲ့ လိုအပ်မှုကို ရှု့မြင်လေ့လာ
ဆန်းစစ်ပြီး ပြည်သူလူထုအတွက် အဖြေမှန်များကို ပြည်သူု့လိုအပ်မှု နှင့်အညီ
ဆောင်ကျဉ်းနိင်သော အစိုးရကောင်း တစ်ရပ် ဖြစ်ပ်ါလာစေချင်ပါသည် ။

ဒေါ်နော်အုန်းလှ အပါအ၀င် လက်ပံတောင်းဒေသ လယ်သမားများ ၊ နိင်ငံအ၀ှမ်းက
ပြစ်ဒဏ်ကျ လယ်သမား ၊ အလုပ်သမားများ ၊လယ်သမား အလုပ်သမား နှင့်
နိင်ငံသားအရေးတက်ကြွလှုပ်ရှားသူများ ၊ အမှု ၀ရမ်းများ နှင့်
ရင်ဆိုင်နေရသူများ ၊ အချုပ်အနှောင်ခံနေရသော လယ်သမား အလုပ်သမား များ အား
အမြန်ဆုံး ပြန်လည် လွှတ်မြောက်ခွင့်ပေးပြီး အမျိုးသား ပြည်လည်သင့်မြတ်ရေး
လမ်းကြောင်းပေါ် သို့ ပီပြင်စွာ တက်ရောက်လာရန် သမ္မတ နှင့်တစ်ကွ
ပြည်သူ့လွှတ်တော် နာယက ၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် ပြည်ထောင်စုအစိုးရတစ်ရပ်လုံးမှ မှန်ကန်သော လမ်းညွှန်မှုများဖြင့် အောက်ခြေ အဆင့်ဆင့်ထိ စောင့်ကြည့်ကိုင်တွယ်လာစေရန် မျော်လင့်မိပါသည်။

နိင်ငံတပ်မတော်ကိုလဲ ပြည်သူလူထု တစ်ရပ်လုံးမှ အောင်သပြေနှင့်
လက်ကမ်းကြိုသော ပြည်သူ့ တပ်မတော်သား အရှာရှိ အရာခံများအဖြစ် မြင်လိုလှပါသည် ။ သမိုင်းဆိုးများကို မေ့ကာ အနာဂါတ်သစ်ကို ပူးပေါင်းဖော်ဆောင်ရန် ပစ္စုပ္ပန်တွင် ငြိမ်းချမ်းစွာ အတူတကွ ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်လာမည့် ပြသာနာ အရပ်ရပ်အား နိင်ငံသူ နိင်ငံသား
ပြည်သူလူထု တစ်ရပ်လုံး နှင့် အတူ နိင်ငံတော်အတွက် ပြည်သူချစ်သော ပြည်သူ့တပ်မတော်နှင့် ပြည်သူ့ တပ်မတော်သားများ ဖြစ်လာစေချင်ပါသည်။ ပြည်သူတို့နှင့် တပ်မတော်သားများကြား နားလည်ယုံကြည်မှု လွဲမှားစွာ ပြသာနာကြီးငယ်ဖြစ်ပေါ်လာပါက ပြသနာ၏ အဖြေလိုအပ်နေသာ ပြည်သူလူထုအား အဖြေသာရှာပေးရန်လိုပြီး တန်ပြန် ပြသာနာ မရှာမိစေဖို့ ကာကွယ်ရေးဦးစီးချုပ်မှ တပ်မတော်သား ၊ အရာရှိ ၊ အရာခံများအပါအ၀င် တပ်မတော်တစ်ရပ်လုံးအား မှန်ကန်သော လမ်းညွှန်မှုများပေးလာလိမ့်မည်ဟု မျှော်လင့်ယုံကြည်စွာဖြင့် လေးစားစွာ ရေးသားသိစေအပ်ပါသည် ။

လေးစားလျှက် -

ကိုဝေဠု

ရန်ကုန် ပြည့်သူ့အကျိုးဆောင် ကွန်ရက် (၁၁.၉.၂၀၁၃)။



No comments: