Friday, September 20, 2013

နေရွှေသွေးအောင်ကို သန်းရွှေရဲ့  မြေးလို့  မသိဖူးပြောတာ ဟုတ်ရဲ့ လား စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဆွေ ….

နေရွှေသွေးအောင်ကို သန်းရွှေရဲ့  မြေးလို့  မသိဖူးပြောတာ ဟုတ်ရဲ့ လား စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဆွေ ….

မြန်မာပြည်ရဲ့  အာဏာရှင်ဝါဒ ဖြန့်  သတင်းစာတွေ၊ မီဒီယာတွေမှာ သန်းရွှေလက်ထက်ကတည်းက အခုထိ နေရွှေသွေးအောင်အကြောင်း ဓါတ်ပုံနဲ့ တစ်ကွပါပါနေတာ၊ စစ်တပ်အသိုင်းအ၀န်းနဲ့  ဌာနဆိုင်ရာအကြီးအကဲတွေ အသိုင်းအ၀န်းမှာ သန်းရွှေတို့  အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့  မိသားစုတွေကို VIP အနေနဲ့  မထိရဲ မတို့ ရဲအောင် အသိပေး သတိပေး ညွှန်ကြားပြောဆိုထားတာ ရှိတယ်ဆိုတာ စစ်တပ်ကအရာရှိတွေ စစ်တပ်ဘက်ကနေ ပြောင်းလာပြီး အရပ်ဘက်ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေ အထူးသဖြင့် ညွှန်ကြားရေးမှူးအဆင့်ယူထားတဲ့ ဦးသိန်းဆွေတို့ လို လူမျိုးတွေက သိကြပါတယ်။

ဒီလိုသိသိကြီးနဲ့  စက်မှုဝန်ကြီးဌာနလက်အောက်က ဝင်းသူဇာအရောင်းဆိုင်လေလံတင်တာမှာ - ဦးသိန်းဆွေက ''ဦးနေရွှေသွေးအောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ရဲ့ မြေး ဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ ကတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့  ပြည့်စုံရင် လေလံ အအောင်ပေးတယ်'' လို့  ပြောခဲ့တာ ရီစရာ ဟာသတစ်ခုတင်မက၊ အာဏာရှင်သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်ကို ဖားယားကြောက်ရွံ့ တာ ရှက်ဖွယ်ပါဘဲ။ နေရွှေသွေးအောင်နဲ့  အပြိုင် လေလံဆွဲပေမယ့် အနိုင်မယူရဲတဲ့ သတ္တိရှင်တွေလည်း ချီးကျူးလောက်ပါပေရဲ့ ။

နိုင်ငံပိုင် ပြည်သူပိုင် ၀န်ကြီးဌာနတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ ဒီလိုပုံစံနဲ့  အာဏာရှင်ဗိုလ်ချူပ်ကြီးများရဲ့  သားသမီးမြေးမြစ် ဆွေမျိုးတစ်သိုက်လုံး လက်ထဲ အလွယ်တကူရောက်ကုန်ကြတာ တိုင်းပြည်အတွက် နစ်နာတာပါဘဲ။


No comments: