Thursday, September 19, 2013

နျူကလီးယားစွမ်းအင်တွေ မပြောနေပါနဲ့ ။ မြန်မာပြည် တပြည်လုံး လျှပ်စစ်စွမ်းအင်ပြည့် ဝအောင်ဘဲ လုပ်ပါဦး။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ်ကြောင်း ၀ဏ္ဏမောင်လွင်လည်း လိမ်ပြောလိုက်ပြန်ပြီ။

မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင်ကို လက်နက်ထုတ်လုပ်ရန် အတွက် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ်ထားကြောင်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ နိုင်ငံတကာ အဏုမြူစွမ်းအား အေဂျင်စီ (IAEA) ရုံးချုပ်တွင် ကျင်းပသည့် အစည်းအဝေးမှာ ၀ဏ္ဏမောင်လွင်က ပြောကြားခဲ့တာပါ။ ဘယ်လိုများ ငြိမ်းချမ်းစွာ သုံးမှာပါလိမ့်၊ အဲ့ဒါတော့ မပြောပါဖူး။

အပိုတွေ လိမ်ညာပြောနေတဲ့ ၀ဏ္ဏမောင်လွင်ရေ … နျူကလီးယားစွမ်းအင်တွေ မပြောနေပါနဲ့ ။ မြန်မာပြည် တပြည်လုံး လျှပ်စစ်စွမ်းအင်ပြည့် ဝအောင်ဘဲ လုပ်ပါဦး။ အခုဆို နေပြည်တော်တောင် မီးပျက်နေတာ၊ တစ်နိုင်ငံလုံး မီးမမှန်တာ နှစ်ပေါင်းများစွာ ကြာလှပေါ့။

ဝဏ္ဏမောင်လွင်တို့ များ ရိုးသားမှု ရှိလား မရှိလား စေ့စေ့တောင် ကြည့်ပြီး မပြောရဲဖူး။

No comments: