Monday, September 30, 2013

၂၀၁၅ ခုနှစ် မတိုင်ခင်နဲ့  မြန်မာပြည်ဆိုတာ ကမ္ဘာမှာ တည်တံ့အောင် … ။

၂၀၁၅ ခုနှစ် မတိုင်ခင်နဲ့  မြန်မာပြည်ဆိုတာ ကမ္ဘာမှာ တည်တံ့အောင် … ။

အာဏာရူး သိန်းစိန်တို့ က ဟုန်ရှင်း အလုပ်သမားတွေ ဆန္ဒပြပွဲမှာ ညှိနှိုင်းဆောင်ရွက် သဘောတူညီချက်တွေ ရဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို ကြားဝင်ဆောင်ရွက်ဖို့  အခွင့်ပေးခဲ့ပါတယ်။

ယခုလည်း လက်ပန်းတောင်းတောင်ကိစ္စရဲ့  အဆက်ဖြစ်တဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့  စေတီတော်နဲ့  သိမ်တော်အရေးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ကြားဝင်ဆောင်ရွက်ခဲ့ရပြန်တယ်။

ယခင်ကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကချင်ပြယ်နယ်အရေးကိစ္စတွေမှာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ဖြစ်အောင် အာဏာရူး သိန်းစိန်တို့ က ဖန်တီးကစားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ပညာသားပါပါနဲ့  ဖြိုခွဲဖို့ အတွက် အကွက်ချစီမံမှုပါဘဲ။

နှစ်ပေါင်းများစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အတွင်း အချင်းချင်း ပြိုကွဲအောင် လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဖူး။ ပြည်သူလူထုနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို သွေးကွဲအောင် ယခင်က အပုတ်ချ တိုက်ရိုက်တိုက်ခိုက်တာတွေ သမရိုးကျ နည်းလမ်းဟောင်းကြီးတွေနဲ့  လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဖူး။

ဒါပေမယ့် ယခုအခါမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ထောက်ခံအားပေးမှုနည်းအောင် လုပ်ဖို့  ပညာသားပါပါနဲ့  လုပ်တာကတော့ နည်းလမ်းသစ်တော့ မဟုတ်ပေမယ့် ဆတ်ဆတ်ထိ မခံနိုင်တဲ့ လူမျိုးရေး ဘာသာရေး တိုင်းရင်းသားအရေး သုံးခုနဲ့  ဖြိုခွဲတာပါဘဲ။ ဒီနေရာမှာ အသုံးချခံရမှန်း မသိသာအောင် ညင်သာစွာ ခံနေရတဲ့သူတွေလည်း ရှိနေတာမို့  ၀မ်းနည်းစရာပါဘဲ။

အရင်တုန်းက အကိုင်းအခက်ကို ဖြတ်တောက်ပါတယ်၊ ယခုအခါမှာတော့ ရေသောက်မြစ်ကို တိုက်ရိုက်ဖြတ်တဲ့နည်းကို အာဏာရူးအုပ်စုက ပညာသားပါစွာနဲ့  သုံးနေပါပြီ။ အပွင့်တွေ ဘယ်လောက် ဝေဖြာနေပစေ အကိုင်းအလက်အရွက်တွေ ဘယ်လောက်ရှင်သန်ပွင့်လန်းနေပစေ၊ အဓိက ရေသောက်မြစ်ကို ဖြိုဖျက်နိုင်ရင်တော့ သစ်ပင်တစ်ပင်လုံး သေကြေမယ့်နည်းကို တိုက်ခိုက်တာပါဘဲ။

ဒီလိုလုပ်နိုင်ဖို့ အတွက်လည်း အာဏာရူးတို့ ရဲ့ ဗျူဟာကတော့ ငါးကြင်းဆီနဲ့  ငါးကြင်းပြန်ကြော်မှာ ဖြစ်ပါတယ်။ ကြံ့ ဖွတ်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို တိုက်ခိုက်မှာ မဟုတ်ပါဖူး၊ သိန်းစိန်တို့  ရွှေမန်းတို့ ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို တိုက်ခိုက်မှာ မဟုတ်ပါဖူး၊ ပူးပေါင်းဆောင်ရွက်ရေးအသွင်နဲ့  သွားပြနေမှာပါ။

တကယ်တမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ၂၀၁၅ ခုနှစ်မှာ အင်အားမရှိအောင် လုပ်မယ့် အာဏာရူး သိန်းစိန် ရွှေမန်းတို့  တစ်အုပ်စုလုံးက လုပ်မယ့် လုပ်ရပ်ကတော့ -

(၁) တိုင်းရင်းသားလူမျိုးစုတွေ ထောက်ခံမှု မရအောင် ဘာသာရေး လူမျိုးရေး တိုင်းရင်းသားအရေးတွေအပေါ် အခြေခံတဲ့ ပဋိပက္ခတွေ ဖန်တီးမယ်၊

(၂) အာဏာရူးတွေ ဖန်တီးတဲ့ ပြဿနာမှန်သမျှမှာ ကြားဝင်ဆောင်ရွက်ဖို့  ဓါးခုတ်ရာမှာ လက်ဝင်လျှိုဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကို ၀င်ရောက်ဖြေရှင်းခိုင်းပါမယ်၊

(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်နဲ့  အခြားသော လူထုအခြေပြုအင်အားစုများ သွေးကွဲစေရန် ဖန်တီးမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အနေနဲ့  အထူးသဖြင့် ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအားလုံးအနေနဲ့  သတိကြီးစွာထားပြီး ခြေလှမ်းမကျွံဖို့ ၊ မိခင်ပါတီအဖွဲ့ ရဲ့  ခံယူချက်တွေကို မကျော်လွန်သွားဖို့ ၊ အာဏာရူးတို့ ရဲ့  လှည့်ဖြားမှုကို မခံရဖို့ ၊ ပဋိပက္ခပြသနာတွေ ဖြေရှင်းရာမှာ ပြည်သူလူထုအများစုဆန္ဒကို မဆန့် ကျင်မိဖို့ ၊ အာဏာရူးတို့ ရဲ့ မတရားသတ်မှတ်ပြဌာန်းထားတဲ့ မတရားဥပဒေတွေကို ကိုးကားပြီး ပြည်သူလူထု နစ်နာအောင် မပံ့ပိုးပေးမိဖို့  သတိကြီးစွာ ထားရမှာပါ။

တိုင်းပြည်တစ်ပြည်ရဲ့  နိုင်ငံရေး စီပွားရေး ကျန်းမာရေး ပညာရေးဟာ တိုင်းပြည်ကို အုပ်ချူပ်နေသူတွေရဲ့  အဓိကတာဝန်ဖြစ်တာမို့  အဆိုပါ တိုင်းပြည်အုပ်ချူပ်သူတွေရဲ့  တာဝန်လစ်ဟင်းမှုကို ပြောဆိုဝေဖန်ထောက်ပြရင်းမှ အဆိုပါ တာဝန်မဲ့သူတွေရဲ့ တာဝန်ကို ခါးစီးခံရင်း ပြည်သူ့ အကျိုးလုပ်နေခြင်းဟာ တာဝန်မဲ့တဲ့ အုပ်ချူပ်သူတွေကို ပိုမိုတာဝန်မဲ့နိုင်အောင် အခွင့်ဖန်တီးပေးနေသလို ဖြစ်နေပါတယ်။ ပြည်တည်နာကို တည်လာသမျှ ပြည်စုပ်ထုတ်ပေးနေရုံသာဖြစ်နေပြီး အနာရင်းပျောက်အောင် အလျဉ်းလုပ်ဆောင်နိုင်မည် မဟုတ်ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်နှင့် ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်သည့် အာဏာရှင်စနစ် ပပျောက်ရေးသည် ဆေးမြီးတိုနှင့် ကုသရမည့် အနေအထား မဟုတ်၊ အာဏာရူးတို့  လှည့်ဖြားသမျှ ဖန်တီးသမျှ ပြသနာအရပ်ရပ်ကို ကြားဝင်ပြီး ခါးဆီးခံကာ ဖြေရှင်းပေးပြီး အချိန်ကုန် လူပန်းခံနေရမည် မဟုတ်။

ထို့ အတူ တိုင်းရင်းသားအင်အားစုများ ရဟန်းရှင်လူု ပြည်သူလူထုမှလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ အဓိက လုပ်ဆောင်ရမည့် နိုင်ငံရေးလုပ်ငန်းများအား ဦးစားပေး ပံ့ပိုးဝိုင်ရံကာ အခြားသော မိမိတို့ ၏ အရေးများကို ရှေ့ တန်းမတင်ဘဲ အမျိုးသားအရေး တိုင်းပြည်အရေးအတွက် ညီညွတ်စွာ သဘောထားရှင်းလင်းစွာ အမြင်ကျယ်စွာဖြင့် ဆောင်ရွက်ပေးရန် အရေးကြီးလှပေသည်။

အမိမြန်မာနိုင်ငံသည် တိုင်းရင်းသားအင်အားစုများ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးမှ ညီညွတ်မှသာ ဘုံရန်သူ အာဏာရှင်လက်အောက်မှ လွတ်မြောက်မည် ဖြစ်သည်ကို ဦးစွာပထမ နားလည်ခံယူကြရန် လိုအပ်ပေသည်။

ထို့ အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်တိုင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မှအစ သာမန်အဖွဲ့ ဝင်အထိ တစ်ဦးချင်းစီတိုင်း မိမိတို့ ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အပေါ် သစ္စာရှိစွာ ၀ိုင်းရံကြရန် အထူးအရေးကြီးလှပေသည်။




No comments: