Tuesday, October 1, 2013

မြိတ်မြို့ မှာ ရဲများက ကျောင်းသား လေးဦးကို အုပ်စုဖွဲ့နဲ့  ရိုက်နှက်ပါသတဲ့။

မြိတ်မြို့ မှာ ရဲများက ကျောင်းသား လေးဦးကို အုပ်စုဖွဲ့နဲ့  ရိုက်နှက်ပါသတဲ့။

ရဲတွေရဲ့  အုပ်စုဖွဲ့ပြီး ရိုက်နှက်မှုကို ခံခဲ့ရသော ကျောင်းသားမှ ပေးပို့ ပြောဆိုလာချက်အရ -

ကျွန်တော်တို့က ၄ ယောက်ပေါ့။ စက်တင်ဘာ (၂၉) ရက်နေ့  ည ၁၂ နာ၇ီဝန်းကျင်ခန့် ရှိပြီ။ နေတာကတော့တွင် မြိတ်မြို့ ရွှေကောင်းကင်ဘော်ဒါဆောင်အနောက်ဖက်မှာ နေပါတယ်။ အဲဒီအချိန်မှာ ဗိုက်ဆာလာလို့ မြို့ထဲထွက်ပြီး ဂျီဟာဘရောင်းဆိုင်ကို သွားပါတယ်။ စားပြီးတာနဲ့ အဆောင်ကို ပြန်လာတာပေါ့။

အေးရိပ်ချောင်လမ်းထိပ် (တက္ကသိုလ်ဖက်) ရောက်တဲ့အချိန်မှာ လူအုပ်စုတစ်စုကို တွေ့ တယ်။ ကျွန်တော်တို့လဲ ဒီအချိန် အုပ်စုနှင့်ဆိုတော့ ရန်ဖြစ်မှာစိုးလို့ ဆိုင်ကယ်ပြန်ကွေ့တာပေါ့။ ဒီလူအုပ်ကြီးကလဲလိုက်လာတယ်။ ကျွန်တော်တို့လဲ ဘာမှန်းမသိပဲ မောင်းပြေးတာပေါ့ဗျာ။

အနီးကိုရောက်လာမှ ရဲတွေမှန်းသိလို့ ဆိုင်ကယ်ရပ်ပေးတော့ စပြီးရိုက်တာပဲ။ ရဲတွေက ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး မမေးမစမ်းပဲ အသားကုန် ရိုက်နှက်တယ်။ မျက်နှာများကိုလဲ ခြေထောက်နဲ့ ကန်တယ်။ နံပါတ်တုတ်နဲ့လဲရိုက်တယ်။ အုပ်စုလိုက်ကို ထိုးတာဗျာ။ ထိုးလို့ ရိုက်လို့ အားရမှ မင်းတို့ ဘယ်က လာလဲ။ ဘယ်သူတွေလဲလို့ မေးပါတယ်။

ကျွန်တော်တို့က ကျောင်းသားတွေပါလို့ ဖြေပါတယ်။ ဒါဆိုလဲ ကျောင်းသားကဒ်ပြလို့ ပြောလို့ ၊ ကျောင်းသားကဒ်ပြတာ မြိတ်တက္ကသိုလ်ကျောင်းသားကဒ်ကို အတုကြီးလို့ တစ်ပွင့်နှင့် ရဲက ပြောပါတယ်။၂ပွင့်နှင့် ရဲတစ်ယေက်ရောက်လာပြီးမှ လူမှားပြီး ရိုက်မိတာဖြစ်ကြောင်း ပြောပါတယ်။

ကျွန်တော်တို့ လေးယောက်မှာ တစ်ယောက်ကတော့ ဒဏ်ရာတော်တော်များတယ်။ ဆိုင်ကယ်တစ်စီးလဲ မှောက်သွားလို့ လူလဲ တော်တော်နာသွားတယ်။ ခုထိ ကျောကုန်းမှာ နံပါတ်တုတ်ရာရှိတယ်။

ထိုသို့ ရဲများက အုပ်စုဖွဲ့၍ ရိုက်နှက်ခြင်းသည် တရားဥပဒေစိုးမိုးခြင်းမည်ပါ၏လော၊ စုံစမ်းမေးမြန်းခြင်းမရှိပဲ ရိုက်နှက်ခြင်း၊ လူမှားသည်ဟုသာပြောပြီး လုံးဝတောင်းပန်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကျောင်းသားအများစုမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး လုံးဝကျေနပ်မှု မရှိကြောင်း သိရှိရပါသည်။ တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားများ၏ အရေးကိစ္စများကို ပြုလုပ်ပေးသော ကျောင်းသားသမဂ္ဂများ မရြှိခင်းကြောင့် ကျောင်းသားများအတွက် လွန်စွာနစ်နာရပါတယ်ဟု အဆိုပါကျောင်းသားမှ ပြောဆိုပါတယ်။




No comments: