Sunday, September 29, 2013

မန္တလေးမြို့မှသည် လက်ပန်တောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးသိမ် အထိ ချီတက်ဆန္ဒပြပွဲ။

မန္တလေးမြို့မှသည် လက်ပန်တောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးသိမ် အထိ ချီတက်ဆန္ဒပြပွဲ။

ယနေ့သည် လက်ပန်တောင်းတောင်လယ်သမားသပိတ်စခန်းများကို အာဏာပိုင်တို့ မီးလောင်တိုက်သွင်း အကြမ်းဖက်ခဲ့သည်မှာ ဆယ်လပြည့်မြောက်ခဲ့ပြီဖြစ်သည်၊၊ ပြည်သူတို့ ကန်ကွက်နေသည့်ကြားမှပင် လက်ပန်တောင်းတောင်ကျော်ရွာရှေ့ရှိ လယ်တီဆရာတော်ဘုရားကြီးသိမ်တော်နှင့် စေတီတော်ကိုလဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု မရှိပဲ စီမံကိန်းကို ၁-၁၀-၂၀၁၃ရက်နေ့တွင် တဖက်သတ်ပြန်စခြင်း ဖြင့် ဖြိုဖျက်တော့မည် ဖြစ်သည်၊

ထိုကြောင့် လယ်တီသိမ်နှင့် စေတီ ကာကွယ်စောင့် ရှောက်ရေးအင်အားစုများအနေဖြင့် ယနေ့နေလည် (၁၂) နာရီတွင် မန္တလေးမြို့ရှိ ဂဠုံနီဆရာတော်ဦးကာဝိယ၏ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲကို စတင်ပြုလုပ်မည်ဖြစ်ပြီး၊ ဆရာတော်သံဃာတော်များနှင့် ပြည်သူလူထုအပေါင်းမှ လယ်တီသိမ် ထိန်းသိမ်းကာကွယ်ရေးသတင်းစာရှင်းပွဲ ပြီးဆုံးသည်နှင့် ချီတက်ပွဲကို စတင်မည်ဖြစ်သည်၊၊

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် စေတီတော်ထိန်းသိမ်းကာကွယ်ရေးအင်အားစုများသည် ယနေ့နေ့စွဲဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပြီး ထိုကြေငြာချက်တွင် လက်ပန်တောင်းတောင်ကြေးနီစုံစမ်းရေးကော်မရှင်၏ တင်ပြချက် များနှင့် သံဃာတော်များ၏ ဝိနည်းတော်လုပ်ထုံးလုပ်နည်းများအတိုင်း လယ်တီသိမ်နှင့် စေတီတော်ထိန်းသိမ်းရေးများကို တောင်းဆိုထားသည်၊၊

လယ်တီသိမ်နှင့်စေတီတော်နေရာကို ကြေးနီစီမံကိန်းကြောင့် ပုဒ်မ (၁၄၄) ထုတ်ပြန် ထားမှုသည် ပြည်သူလူထုကြီး၏ ကိုးကွယ်ယုံကြည်မှုကို ကန့်သတ်ထားရာရောက်သောကြောင့် ပုဒ်မ (၁၄၄) အမြန်ဆုံးရုတ်သိမ်းပေးရန် တောင်းဆိုထားပါသည်၊၊

ယနေ့မနက် (၁၀) နာရီတွင် ရန်ကုန်မြို့မှ ရောက်ရှိနေသော ဦးဘမြင့်နှင့် ဦးဇော်ဝင်းတို့ကို ချီတက်ပွဲနှင့် ပတ်သတ်၍ ခေါ်ယူစစ်ဆေးခဲ့ပြီး (၁၁) နာရီခန့်တွင် အာဏာပိုင်တို့မှ ပြန်လည်လွှတ်ပေးခဲ့ပါသည်၊၊
လက်ပန်တောင်းတောင်ပြည်သူတို့၏ မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခံရမှု (၁၀) လပြည့် အကြမ်းဖက်မှုရှုံ့ ချဆန္ဒပြခွင့်အား ခွင့်ပြုချက်တင်ခဲ့ရာ အာဏာပိုင်တို့မှ တောင်းဆိုသည့် ကြွေးကြော်သံများကို ကန့်သတ်ဖျက်ဖောက်သဖြင့် ဆန္ဒပြပွဲကို လယ်သမားများ ပြုလုပ်တော့မည် မဟုတ်ပေ၊၊ ကျေးရွာတွင်း အကြမ်းဖက်မှုဆန့် ကျင်ရေးဟောပြောပွဲများကိုသာ လူထုနည်းဖြင့် ကျင်းပသွားမည်ဖြစ်သည်၊၊ လယ်တီဆရာတော်ဘုရားကြီး၏ သိမ် တော်နှင့်စေတီ ကာကွယ်ရေးအင်အားစုများ၏ ချီတက်ဆန္ဒပြမှုအား လက်ပန်တောင်း တောင်ဒေသ ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရေးကော်မတီမှ ထောက်ခံကြိုဆိုလိုက်သည်၊၊

လက်ပန်တောင်းတောင်ဒေသလယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် စေတီ အဓွန့်ရှည်တည်တည့်ပါစေ …

ဆက်သွယ်ရန်ဖုန်း၊၊ဦးဓမ္မသာရ (09420787366) ဦးစန္ဒာသီရိ (0933098204) ကိုလှိုင်. (0973023157) ကိုစည်သူ. (0931383860) လက်ပန်တောင်း(0933220968) (09400407618) (09401656816)

No comments: