Monday, September 2, 2013

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အဖမ်းခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံရုံးရဲ့  လစ်လျူရှူမှု၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  တာဝန် ကင်းမဲ့မှု၊ သိန်းစိန်အစိုးရရဲ့  နိုင်ငံတကာရောက် မြန်မာပြည်သူပြည်သားတွေအပေါ် မစောင့်ရှောက်နိုင်မှုတို့ ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေမှာ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးအား အလေးမထားသော လုပ်ဆောင်မှုများ လုပ်ဆောင်ခြင်း အထူးသဖြင့် မြန်မာအမျိုးသမီးလေးများရဲ့  အရှက်သိက္ခာ ကာယအိနြေ္ဒပျက်ပြားစေသည်အထိ နေအိမ်ခန်းအတွင်း မလေးရှားအာဏာပိုင်အမျိုးသားများပါ အတင်းအဓမ္မ ၀င်ရောက်ဖမ်းဆီးခြင်း၊ မြန်မာအမျိုးသမီးများအား ဗွီဒီယိုမှတ်တမ်းရိုက်ကူးခြင်း၊ ရိုင်းပြစွာ ပြောဆိုဆက်ဆံခြင်းတို့ ကို ဗွီဒီယိုမှတ်တမ်းများ တွေ့ မြင်ရပါတယ်။

အခြားနိုင်ငံ တစ်နိုင်ငံ၌ တရားမ၀င် ၀င်ရောက်လို့ ပင်ဖြစ်စေ၊ နိုင်ငံကူးစာအုပ်သမ်းတမ်းကုန်ဆုံးပြီးနောက် ဆက်လက်နေထိုင်လို့ ပင်ဖြစ်စေ ဖမ်းဆီးမှုတွင် အမျိုးသမီးများ၏ အရှက်သိက္ခာ ကာယအိနြေ္ဒကို ထိပါးစေသည်အထိ ဆောင်ရွက်မှုမှာမူ နိုင်ငံတစ်နိုင်ငံ၏ လူသားကျင့်ဝတ်ကို စော်ကားသော မထေမဲ့မြင် ပြုမှုပင် ဖြစ်သည်။ ဤသည်ကို မသိကျိုးကျင် မမြင်ချင်ယောင်ဆောင် တာဝန်ကင်းမဲ့စွာနေသည့် အဆိုပါ နိုင်ငံ၏ သက်ဆိုင်ရာ အစိုးရသည် မိမိ တိုင်းပြည်နှင့် လူမျိုးအပေါ် မစောင့်ရှောက်နိုင်သော အစိုးရသာ ဖြစ်ပေသည်။

ယခုကာလ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအား လိုသည်ထက် စော်ကားပြုမှုနေမှုသည် ယခင် နှစ်ပေါင်းများစွာကတည်းကပင် ထိုင်းနိုင်ငံအပါအ၀င် အခြားနိုင်ငံရောက် မြန်မာလူမျိုးများ ခံစားခဲ့ရမှုနှင့် ထပ်တူထပ်မျှ ဖြစ်နေသည့်အပြင် မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာသံရုံးများ၏ တာဝန်ကင်းမဲ့စွာ လစ်လျူရှုမှုများကိုလည်း ရင်နာစွာ ကြုံတွေ့ ခဲ့ကြရသည် ဖြစ်သည်။

အခြားသော နိုင်ငံများထက် ပိုမိုဆိုးရွားလှသော မလေးရှားနိုင်ငံ၏ ဖမ်းဆီးမှုသည် မြန်မာအမျိုးသမီးများ နေထိုင်ရာ အခန်းအတွင်း မလေးရှားအမျိုးသားများပါ ၀င်ရောက်ကာ ဖမ်းဆီးမှုနှင့် မြန်မာအမျိုးသမီးများ၏ ပုံရိပ်လွှာများအား ဗွီဒီယိုကင်မရာဖြင့် အဆက်မပြတ် မှတ်တမ်းတင်ရိုက်ကူးခြင်းပင် ဖြစ်သည်။

ဤသည်မှာ လူသားတစ်ဦး၏ အရှက်သိက္ခာကို ထိပါစေရုံသာမက အမျိုးသမီးများ၏ ကာယအိနြေ္ဒအား ထိပါးစေသော လုပ်ရပ်ဖြစ်ကာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံနှင့် လူမျိုးအား ထိပါးစော်ကားခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌မူ မိမိတို့  လူမျိုးဘာသာ ထိပါးမှုဟု အကြောင်းပြကာ အမျိုးစောင့်ရမည်ဟု တစ်ဘက်သတ် အစွန်းရောက် အော်ဟစ်ဆူပူနေကြသော မျိုးးချစ်လှသောသူများနှင့် ပြည်သူ့ အစိုးရဟု မိမိဖာသာ အမည်တပ်ကြွေးကြော်နေသော အရပ်သားအစိုးရဆိုသူများ မလေးရှားနိုင်ငံနှင့် အခြားသော နိုင်ငံများတွင် ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသူနိုင်ငံသားများအရေးနှင့် ပတ်သက်၍ ပါးစပ်ပေါက် ဗူးဆို့ ခံထားရသည့်ပမာ ရေငုံနှုတ်ပိတ် မသိကျိုးကျင် မျက်စိကန်း နားကန်းနေကြသူ သိန်းစိန်မှ စ၍ အဆိုပါ ပုဂ္ဂိုလ်များအား မျိုးချစ်စိတ်ဓါတ် မည်မျှပြင်းထန်သည်ကို စောင့်ကြည့်၍ နေပါတော့မည်။

No comments: