Sunday, October 13, 2013

မိသားစုက ၄ ယောက်၊ အိမ်က ၃ လုံး၊ ဖုန်းက ၃ လုံး။ ၄၃၃ နဲ့  ကြံဖွတ် ဘုံး။

မိသားစုက ၄ ယောက်၊ အိမ်က ၃ လုံး၊ ဖုန်းက ၃ လုံး။ ၄၃၃ နဲ့  ကြံဖွတ် ဘုံး။

တာမွေကြံ့ခိုင်ရေး ကော်မတီဝင် ဦးသန်းအောင် တစ်အိမ်တည်း ဖုန်းကတ် ၃ခု မဲပေါက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အစည်း သြဂုတ်လ ၂၅ ရက်က ဖုန်းဆင်းမ်ကတ်များ ချထားပေးရာတွင် ဥပဒေနှင့် မညီသော လုပ်ရပ်များနှင့် မြို့နယ်မှ ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ ၎င်းတို့ သဘောအတိုင်း စီစဉ်လျက် ရှိသည်။

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များအား ဖုန်းကတ်များ ချထားပေးရာ၌ ရပ်ကွက်တို့တွင် ဖုန်းကတ် မဲနှိုက်ရမည့် ရက်နှင့် အချိန်တို့အား ကြိုတင်ကြေညာ ထားသော်လည်း တာမွေမြို့နယ်၊ မာန်အောင် ရပ်ကွက်တွင် ဆယ်မိနစ်သာ ကြိုတင် ကြေညာခဲ့ခြင်း၊ ဇူလိုင်၇ ရက်က မြို့နယ်မှ ချပေးသော ဖုန်းကတ် အရေအတွက်မှာ ၂၂ ကတ် ဖြစ်သော်လည်း ရပ်ကွက်အတွင်း မဲဖောက်ပေးသော အရေအတွက်မှာ ၁၈ ကတ်သာ ရရှိခြင်း မဲပေါက် ပြီးသော သူများအား ထည့်သွင်း မဲနှိုက်ပေးခြင်း နှင့်အတူ ရပ်ကွက် သန်းခေါင်စာရင်း မရှိသေးသူများကိုပါ ထည့်သွင်း မဲနှိုက်ခွင့်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

သန်းခေါင်စာရင်း တစ်ခုလျှင် တစ်ဦးသာ မဲနှိုက်ခွင့် ရှိသော်လည်း မြို့နယ်ကြံ့ခိုင်ရေး ကော်မတီဝင် ဦးသန်းအောင် တစ်အိမ်တည်းမှ မိသားစု ၃ ဦးလုံး မဲပေါက် နေကြောင်းနှင့် အုပ်ချုပ်ရေးမှူး၏ သဘော ဆန္ဒအတိုင်း ရဲဝန်ထမ်းများအား နှစ်လဆက်တိုက် မဲများထည့်သွင်းခြင်းကို ပြုလုပ်လျက်ရှိသည်။ ထိုသို့ပြုမူဆောင်ရွက်ချက်များကို ရပ်ကွက်နေ ပြည်သူများက အထောက်အထားများနှင့်တကွ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့ကြသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက “မြို့နယ်မှာ ပြီးသွားပါပြီ။ သူ့အိမ်က ၃ လုံး မိသားစုက ၄ ယောက်တည်းရှိတာ ဖုန်းက ၃ လုံးပေါက်တာ ပါတီစွဲ ပုဂ္ဂိုလ်ရေးအရ တိုင်ကြတာပါ။ သန်းခေါင်စာရင်းက ၃ ခု ရှိတယ်။ ၅ ကြိမ်မှာ ၃ အိမ် ပြည့်သွားတာပေါ့။ စည်းကမ်းချက်ကတော့ တစ်အိမ် တစ်လုံးပဲပေါ့။ မိသားစုက ၄ ယောက်ထဲ သူလည်း ကဒ် ၂ ကဒ် ကြည်ကြည်ဖြူဖြူနဲ့ ပြန်အပ်ပါတယ်။

တိုင်တဲ့အထဲမှာ ရပ်ကွက်ထဲ သန်းခေါင်စာရင်း မရှိတဲ့သူတွေကိုပါ ထည့်နှိုက်တယ် ဆိုပြီးတော့ ပါထည့်တိုင်တာ သန်းခေါင်စာရင်း အမှန်အကန် ရှိတယ်ဆိုတာ မြို့နယ် အုပ်ချုပ်ရေးမှူးထံမှာ ထုတ်ပြလိုက်တယ်။ ပြေလည်သွားပါပြီး အေးဆေး ဖြစ်သွားပါပြီ” ဟု ပြောပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းကြည့်ရာ “ဖုန်းကိစ္စနှင့် ပတ်သက်လို့ အခု မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လကပါ ရုံးမှာ ခေါ်တဲ့ သူရယ် ခေါ်ပြီး ဖြေရှင်းပေးလိုက်တယ်။ အမှန်တော့ အိမ်ပိုင် ရှိတယ်ဆိုရင် မဲနှိုက်ခွင့်ပေးတယ်။ ဦးသန်းအောင်က တာမွေကြံ့ခိုင်ရေးပါတီက ခရိုင်မှူးလား၊ မြို့နယ်မှူးလားတော့ မသိဘူး။ သူရယ်၊ သူ့မိန်းမရယ်၊ သူ့သမီးရယ် သုံးယောက်ပေါက်တာ အိမ်ကလည်း ၃ လုံးရှိတယ်၊ အိမ်ထောင်စု စာရင်းကလည်း ၃ခု ရှိနေတယ်။ တစ်ကြိမ်တည်းမှာ ၃ ယောက် ပေါက်တာ မဟုတ်ဘူး။ တစ်ပတ်ကို တစ်ခါလောက်ကို ပေါက်တယ်။ အဲဒါနဲ့ ကျွန်တော် တို့ ခေါ်ညှိပြီး ပြန်ပြီး စစ်လိုက်တဲ့ အခါကျတော့ အိမ်ထောင်စု စာရင်း ၃ ခု လုပ်တာ မှန်တယ်။ အိမ်ကလည်း ၃ အိမ် ရှိတယ်။ အမှန်ပဲ။ သို့သော် သူသည် မိသားစု ၃ယောက်စလုံးက အိမ် ၃ အိမ် စလုံးမှာ ပါနေတယ်။ အကျုံးမ၀င်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ပြန်အပ်သွားပါဆိုတော့ ပြန်အပ် သွားပါတယ်။ ရပ်ကွက်ထဲ ပြန်အပ်သွားတဲ့ဟာကို မဲပြန်ဖောက်ပေးလိုက်တယ်။ အဲဒါပါပဲ ပြီးသွားပါပြီ။ သူတို့အဖွဲ့ထဲက အချင်းချင်းပဲ ပုဂ္ဂိုလ်ရေး မကျေနပ် တဲ့သူတွေကပဲ တိုင်တာ တိုင်တဲ့ လူက ၄၊ ၅ ယောက်လောက်ရှိတယ်။ တိုင်တဲ့ လူတွေထဲက ၁ လုံး ပေါက်သွားတယ်။ ကျွန်တော်တို့က အဲဒီလို ရှင်းပြီးသွားပါပြီ။ ပြီးခဲ့တဲ့ ၆ ကြိမ်မြောက်က မဟုတ်ဘူးနော်။ ဟိုးအရင် လတွေကဖြစ်တာပါ” ဟု ပြောဆိုပါသည်။

အဆိုပါ ဦးသန်းအောင်ဆိုသူသည် တာမွေမြို့နယ် မာန်အောင်ရပ်ကွက်တွင်နေထိုင်သူ ရှေ့နေတစ်ဦးဖြစ်ပြီး တာမွေမြို့နယ်ကြံ့ခိုင်ရေးပါတီ၏ ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ၄င်းသည် ၂၀၀၇ခုနှစ်တွင် တာမွေမြို့နယ်ကိုယ်စားပြုအမျိုးသားညီလာခံသို့တက်ရောက်ခဲ့သူဖြစ်ပြီး သူနှင့် သူမိသားစုအား ရပ်ကွက်အတွင်း ဘော်ဒါဆောင်ဖွင့်သည်ကို မနှစ်သက်သဖြင့် ရပ်ကွက်နေ ပြည်သူများက အထောက်အထားများနှင့်တကွ ထိုစဉ်က ရန်ကုန်မြို့တော်ဝန် (ဦးအောင်သိန်းလင်း) ထံ တိုင်တန်းခဲ့သဖြင့် ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံခဲ့ရသည်။ တာမွေကြံခိုင်ရေးပါတီတွင် သူနှင့်အတူ သူ့ချွေးမ ဖြိုးသီခင်ဆိုသူကိုပါ ထည့်သွင်းထားပြီး ရပ်ကွက်ကြံခိုင်ရေးစည်းမှူးအဖြစ် သူ၏ ယောက်ဖကို ခန့်ထားတာဝန်ပေးကာ ရပ်ကွက်အတွင်း လုပ်စားနေသူ ဖြစ်သည်။ ၄င်း၏ သားမှာလည်း တစ်ချိန်က ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွင် အဖွဲ့ဝင်အဖြစ် လုပ်ကိုင်ပြီး နောက်ကွယ်တွင် ဘောလုံး၊ နှစ်လုံး သုံးလုံးဒိုင်အဖြစ် ယခုတိုင် လုပ်ကိုင်နေဆဲဖြစ်သည်။

တာမွေမြို့နယ် ကြံ့ခိုင်ရေးအမတ် လဲ့လဲ့ဝင်းဆွေသည်လည်း ၄င်း၏ လုပ်ရပ်များ ဗူးပေါ်သလို ပေါ်နေချိန်တွင် တာမွေကြံ့ခိုင်ရေးကော်မတီဝင် ဦးသန်းအောင်၏ လုပ်ရပ်ကြောင့် တာမွေကြံ့ဖွတ် ပါတီမှာ မြို့နယ်အတွင်း လူအများ၏ ရှုပ်ချမှု အထင်သေးမှုများကို ခံနေရကြရပါသည်။


ရပ်ကွက်နေပြည်သူများ။

(သတင်း/ဓါတ်ပုံ - ကေကေတီ)။

No comments: