Sunday, October 13, 2013

သိန်းစိန်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးရင် ကမ္ဘာ့ရာဇ၀င်ရိုင်းသွားမှာပေါ့။

သိန်းစိန်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးရင် ကမ္ဘာ့ရာဇ၀င်ရိုင်းသွားမှာပေါ့။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဓါတုလက်နက်တားမြစ်ပိတ်ပင်ရေးအဖွဲ့ Prohibition of Chemical Weapons (OPCW) ကနေ ရရှိသွားပါတယ်။

အာဏာရူးတွေ မှန်းနေတဲ့ သိန်းစိန် ရမလားဆိုတာ တကယ်စဉ်းစားကြည့်ရင် မှန်းတာကိုက ရှက်စရာပါ။ ဒီလောက် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို သတ်ခဲ့သူကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးရမယ်ဆိုရင် ရာဇ၀င် ရိုင်းသွားမှာပေါ့။

ပြုပြင်ပြောင်းလည်းမလားးဆိုပြီး မျှော်လင့်ပြီး ပေးရမှာလား။ ရာဆာအာရာဖတ်နဲ့ တော့ မနှိုင်းနဲ့ လေ။ သိန်းစိန်ဆိုတာ အာဏာရူး သန်းရွှေလက်ထက်မှာ ဘာလည်းဆိုတာ အားလုံးသိတယ်။

အာဆီယံက အလှည့်ကျ ဥက္ကဋ္ဌနေရာ ပေးလိုက်တယ်ဆိုတာ မရိုးသားကြတဲ့ အာဆီယံနိုင်ငံတွေ (ကိုယ့်အကျိုးစီပွားသာ ကြည့်ကြတဲ့ အာဏာရှင်နိုင်ငံတွေ) က ပုလင်းတူး ဗူးဆို့ ၊ အရင်က မြန်မာနိုင်ငံကို ဖုတ်လေတဲ့ ငပိ ရှိတယ်လိုတောင် မထင်ဘဲ လူရာမသွင်းခဲ့ဘဲ အခုမှ မြန်မာနိုင်ငံက ဦးနှောက်မရှိတဲ့သူတွေကြောင့် အချဉ်မှတ်လိုက်ပြီး အာဆီယံ တူလေးပေးကာ မြန်မာနိုင်ငံကို ဂုတ်သွေးစုပ်လိုကြတော့ တစ်သက်လုံးအဖက်မလုပ်သမျှ အခုမှ သဘောကောင်းပြကာ သိန်းစိန်ဘဲ ရှေ့ တန်းတင်ပြနေတာ၊ အာဆီယံ ကိုယ်ကျိုးအတ္တသမားတွေလို မဟုတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးအဖွဲ့ က သိန်းစိန်ကို မပေးပါဖူး။

သိန်းစိန် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရဖို့  အတင်းတွန်းနေသူတွေက ဘယ်သူတွေလည်း၊ စဉ်းစားသာကြည့်ကြပါတော့။

No comments: