Sunday, October 27, 2013

လေးစားပါတယ် ဒေါ်အောင်ဆန်းစုကြည်။

လေးစားပါတယ် ဒေါ်အောင်ဆန်းစုကြည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ BBC နဲ့ တွေ့ ဆုံတုန်း ဖြေခဲ့တာတွေကို ပြည်တွင်းမှာကော ပြည်ပ မှာ ကော မကြေမနပ် အပြစ်တင်ဝေဖန်ပြောသံတွေကို ချက်ခြင်းပဲ ကြားနေပါတယ်၊

သူတို့ အော်တိုင်း တောင်ရွေ့ မှာတော့ မဟုတ်ပါဘူး၊
တကယ်တော့ ဒီအင်တာဗျူးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကောင်းဆုံး အင်တာဗျူးလို့ ဆိုနိုင်ပါတယ်၊ အကြောင်းကတော့ ရှင်းပါတယ်၊ အနောက်နိုင်ငံတွေရဲ့ အကြိုက်လိုက်ပြောတာ မဟုတ်လို့ ပါဘဲ၊ နောက်ပြီး လက်ရှိအစိုးရကို လည်းလိုအပ်တာတွေ ထောက်ပြလိုက်တာပါဘဲ။

အကြောင်းကတော့ ရှိမှာပါ၊ အာဖဂန်မှာ အမေရိကန်တွေ ဆွဲတင်ထားတဲ့ သမ္မတ ကာဆိုင်းတောင်မှ အခု သူ့ ကို ကြိုးဆွဲ ကခိုင်းတာ လွန်လာလို့ ပြောင်ပြောင်တင်းတင်း အမေရိကန်ကို ကလန်ကဆန် လုပ်နေပါတယ်၊

ဒီလိုဘဲ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်လည်း အနောက်နိုင်ငံရဲ့ ၀ါဒတွေ ခံယူချက်တွေကို ပုံစံအတိအကျ ကူးပြီး မြန်မာပြည်ထဲမှာ ရိုက်သွင်းလို့ မရတာ သိသင့်သလောက်တော့ သိနေပါတယ်။

အမေရိကန် အစိုးရအဖွဲ့ နဲ့  လွတ်တော်အမတ်တွေ လူထုရဲ့ မျက်နှာမှ မထောက် ကိုယ့်လိုရာ ရဖို့ ပဲ တောင်းဆို တင်းကိုင်ခဲ့လို့ အမေရိကန်အစိုးရ ၂ ပါတ်လောက် ရပ်ဆိုင်းခဲ့တာ မှတ်မိမှာပါ။ သူ့ တို့ ရဲ့ နိုင်ငံရေး စနစ်ကို ဘယ်လိုလုပ် အတု ယူသင့်မှာလဲ။

ကုလသမဂ္ဂရဲ့ အမေရိကန်အစိုးရအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်တယ်လို့ စွဲချက်တင်ခဲ့တာလည်း မနေ့ တစ် နေ့ ကပါပဲ၊ ဟိုတုန်းက မြန်မာပြည်က စစ်အစိုးရ လိုပါပဲ။

ကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာမတူတဲ့ လူနည်းစုရဲ့ အကြမ်းဖက်မှုကို အနောက်နိုင်ငံတွေနဲ့  လူမှု အဖွဲ့ အစည်းတွေက မူဆလင်ဆန့် ကျင်ရေး အကြမ်းဖက်မှုလို့ အမည်တပ်ပြီးရေးတယ်။ ဗုဒ္ဒဘာသာဆန့် ကျင်ရေး အကြမ်းဖက်မှုလို့ ဘယ်တော့မှ မခေါ်ပါဘူး၊

အမြင်ကျည်းတဲ့ လူနည်းစုတွေကြောင့် အပြစ်မဲ့တဲ့ လူတွေ အများကြီး အသက်ဆုံးခဲ့ ရတယ်၊ နောင်လည်း အခွင့်ကြုံရင် ဖြစ်နေဦးမှာပဲ။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် အစိုးရရဲ့အပေါ် တာဝန်ကျတာပါပဲ။

အခုတော့ ဦးသိန်းစိန်အစိုးရမို့ သူ့ အစိုးရမှာ တာဝန်ရှိသလို။ နောင် အကယ်လို့ (အကယ်လို့ ) ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရ ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည်တို့ မှာ တာဝန်ရှိမှာပေါ့၊

အခု BBC အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေတွေက ဒီအကြမ်းဖက်မှုတွေဟာ နှစ်ဖက်လုံးမှာရှိတဲ့ စိုးရိမ်ကြောက်ရွံ့ စိတ်ကြောင့် ဖြစ်ပြီး လူနည်းစု ကို မျိုးတုန်းအောင် လုပ်နေတာ မဟုတ်ကြောင်း ဖြေခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တကယ်ပဲ ပြည်တွင်းက လူတွေရဲ့ ခံစားချက်ကို နားလည် သဘောပေါက်လို့ ဖြစ်မည်လို့ မျှော်လင့်ပါတယ်၊

ဘာဖြစ်ဖြစ် ခါတိုင်းလို အနောက်နိုင်ငံအကြိုက် တစ်ခုတည်းကို ပြောနေတာထက် မြန်မာပြည်ထဲက ပြည်သူတွေကိုယ်စား ရင်ဖွင့်ပြောနေတာ ကြားလို့  ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။

ရွှေကျား (စက်မှုတက္ကသိုလ်)

၂၀၁၃ ခု အောက်တိုဘာ ၂၆။






No comments: