Sunday, December 22, 2013

“မစိုးရိမ်တိုက်သစ်မှ ပြည်သူများအား အသိပေးကြေညာချက်”

မစိုးရိမ်တိုက်သစ်မှ ပြည်သူများအား အသိပေးကြေညာချက်နှင့် ပတ်သက်၍ ကြိုဆိုအပ်ပါသည်၊ ထို့ အပြင် သံဃာထုနှင့် မစိုးရိမ်ကျောင်းတိုက်သစ်အား ခုတုံးလုပ်၍ ပြည်သူ့ ဆန္ဒအား ဆန့် ကျင်ကာ စစ်မှန်သော သာသနာတော်မှ သွေဖီပြီး အာဏာရှင် အလိုကျ လုပ်ဆောင်နေသည့် အာဏာရှင်လက်ပါးစေ သံဃာတော်အချို့ ကို ဖေါ်ထုတ်အရေးယူပေးရန်လည်း လိုအပ်ပါကြောင်း လျှောက်ထားအပ်ပါသည်။

“မစိုးရိမ်တိုက်သစ်မှ ပြည်သူများအား အသိပေးကြေညာချက်”

မစိုးရိမ်တိုက်သစ်သည် ပရိယတ္တိသာသနာ့တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေသော စာသင်တိုက် တတိုက်ဖြစ်ပါသည်။ ပြည်သူများအတွက် မဖြစ်မနေ လိုအပ်လျှက်ရှိသော အချိန်အခါမှ လွဲ၍ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လေ့မရှိပါ။

မြန်မာနိုင်ငံ၏ ခေတ်တခေတ်ကို ပြောင်းလဲရောက်ရှိစေခဲ့သော ကမ္ဘာနှင့် မြန်မာကပါ လေးစားတန်ဖိုးထားသော စေတနာလည်း မှန်၍ အရည်အချင်းပြည့်ဝသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီအား ဝေဖန်ရှုံ့ချခြင်း လုံးဝပြုလုပ်မည် မဟုတ်ပါကြောင်း ၊ သို့ဖြစ်ပါ၍ “ မစိုးရိမ်တိုက်သစ် ဘုန်းကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက်တဲ့စာတွေ ဝေနေပါသည်” ဟူသော သတင်းမှာ လုံးဝမဟုတ်ပါကြောင်း အတိအလင်း အသိပေးကြညာအပ်ပါသည်။

မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ် မန္တလေးမြို့။

No comments: