မြန်မာနိုင်ငံ ထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားများစွာ ကျန်နေသေးပါသည်။
မြန်မာနိုင်ငံ ထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားများစွာ ကျန်နေသေးပါသည်။
သိန်းစိန် မိန့် ခွန်းပြောတဲ့အထဲ “ကျွန်တော်ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး တစ်ယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်” လို့  ဆိုတော့ “နိုင်ငံရေးအကျဉ်းသား” စကားလုံးရဲ့  အနက်အဓိပ္ပါယ်ကို တိတိကျကျ ထုတ်ဖေါ်ပြောဖို့  လိုပါတယ်။
“ယုံကြည်ချက်” ဆိုတဲ့ စကားလုံးလေးတစ်လုံးလောက်နဲ့  မလုံလောက်ပါဖူး။ “နိုင်ငံရေးအကျဉ်းသား” ဆိုတာ နိုင်ငံရေး ယုံကြည်ချက်နဲ့  တိုင်းပြည်အုပ်ချုပ်သူများရဲ့  အုပ်ချူပ်မှုအပေါ် အုပ်ချုပ်သည့်စနစ်အပေါ် ဝေဖန်သုံးသပ်မှု ဆန့် ကျင်မှု ပြုလုပ်လို့  အကျဉ်းချ ခံရသူကို နိုင်ငံရေးအကျဉ်းသားလို့  ခေါ်ဆိုသတ်မှတ်ပါတယ်။
မြန်မာနိုင်ငံ ထောင်တွေထဲမှာ အာဏာရှင်စနစ်ကို ဝေဖန်လို့  အာဏာရှင်တွေကို ဆန့် ကျင်လို့  ထောင်ကျခံနေရသူတွေ များစွာ ကျန်ရှိနေဆဲပါ။
မိမိတို့ ဘာသာ သတ်မှတ်ချင်တဲ့ ပုံစံနဲ့  သတ်မှတ်၊ ရွေးချယ်ချင်တဲ့ ပုံစံနဲ့  ရွေးချယ်၊ လွှတ်ချင်သလောက် လွှတ် လုပ်နေတဲ့ သိန်းစိန်တို့ ရဲ့  “နိုင်ငံရေးအကျဉ်းသား (သို့ ) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ” ဆိုတာ သိန်းစိန်တို့  အာဏာရူးတွေရဲ့  “ဖမ်း-လွှတ် လွှတ်-ဖမ်း” ကစားနည်းတစ်ခုအတွက် အသုံးပြုတဲ့ အလှပြစာလုံးတစ်လုံးသာ ဖြစ်ပါတယ်။
No comments:
Post a Comment