Friday, January 24, 2014

နိုင်ငံတော် လာဘ်ပေးလာဘ်ယူပြိုင်ပွဲကြီးလား …

နိုင်ငံတော် လာဘ်ပေးလာဘ်ယူပြိုင်ပွဲကြီးလား …

လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူ့ ဝန်ထမ်းတွေပါ၊ ဒီအတွက် နိုင်ငံဝန်ထမ်းလစာကို ပေးထားပြီသားပါ၊ ဒီထက်ပိုပြီး အခြားသော အခွင့်ထူးကြီးတွေကို ပေးစရာ မလိုပါ။ ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကို မြေကွက်တွေ ပေးတယ်ဆိုတာ သိန်းစိန်တို့ က လာဘ်ထိုးလာဘ်ပေးတာဘဲ၊ သိန်းစိန်တို့ ပေးတဲ့ မြေကွက်တွေကို လက်ခံယူတယ်ဆိုရင် ယူတဲ့ အဲ့ဒီ လွှတ်တော်ကိုယ်စားလှယ်ဟာလည်း လာဘ်ယူတာဘဲ ….

အစိုးရဆိုသူတွေကိုယ်တိုင်က လာဘ်ပေးလာဘ်ယူတာလုပ်နေရင်တော့ ဒါဟာ နိုင်ငံတော်လာဘ်ပေးလာဘ်ယူပြိုင်ပွဲကြီး ပေါ်ပေါ်တင်တင် တရားဝင်ကျင်းပနေတာဘဲ။


No comments: