Thursday, January 23, 2014

“၂၀၁၅ - ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ သမ္မတ ဖြစ်ပါစေ”

တိုက်ဆိုင်မှုတွေမှာ မတိုက်ဆိုင်ကြစေဖို့ ။

ထူးထူးဆန်းဆန်း နှစ်ပေါင်း ၆၇ ခုနှစ်အတွင်း ၁၉၄၇ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲတွေ ထက်တူထပ်မျှ တူနေတာနဲ့  ၁၉၄၇ ခုနှစ်တုန်းက လက်နက်တိုက်က လက်နက်တွေ ပျောက်ခဲ့တာနဲ့  အခု ၂၀၁၄ ခုနှစ်မှာဘဲ ဘယ်တုန်းကမှ သတင်းမထုတ်ပြန်ခဲ့ဖူးဘဲ သတင်းထုတ်ပြန်တဲ့ လက်နက်တိုက်က လက်နက်တွေ ပျောက်နေတာနဲ့  တူနေရပြန်ပြီ။

အခြားသော အဖြစ်အပျက်များ မတူပါစေနဲ့ လို့  .. မတူစေဖို့  ၁၉၄၇ ခုနှစ်ကို တစ်နှစ်တိုးလို့  ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့ အောင်ပွဲဆင်သောနှစ်မင်္ဂလာနဲ့  ဖုံးအုပ်သလို - ၂၀၁၄ ခုနှစ်ကို တစ်နှစ်တိုးလို့  ၂၀၁၅ ခုနှစ် ဘေးကင်းရန်ကင်း အောင်ပွဲဆင်နိုင်အောင် လူတိုင်းလူတိုင်းကနေ …

ဒီနှစ် ဒီနေ့ က စလို့  “၂၀၁၅ - ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ သမ္မတ ဖြစ်ပါစေ” လို့  စာရွက်ကလေးတွေ များများ ရေးကြ ဖြန့် ဝေကြပါစို့ လားဗျာ။

No comments: