Thursday, January 23, 2014

၁၉၄၇ ခုနှစ် သတင်းနှင့် ၂၀၁၄ ခုနှစ် သတင်း ပေါင်းစပ်ကြေညာခြင်း။

၁၉၄၇ ခုနှစ် သတင်းနှင့် ၂၀၁၄ ခုနှစ် သတင်း ပေါင်းစပ်ကြေညာခြင်း။

၁၉၄၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ဗိုလ်တထောင်လက်နက်တိုက်မှ ဘရင်းသေနတ် အလက် ၂၀၀၊ ပြောင်းပို ၂၀၀ နှင့် ကျည်ကပ် ၈၀၀ ကို စာရွက်စာတမ်း အတုဖြင့် ခိုးထုတ်ယူမှု။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ တွင် မင်္ဂလာဒုံ အခြေစိုက် လက်နက်တိုက်မှ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန် ၁ သိန်း၊ စတင်းကျည်ဆံ ၂၅၆၀၀၀ နှင့် လက်ပစ်ဗုံးအလုံး ၂၀၀ ကို ခိုးထုတ်ထုတ်ယူမှုတို့  ပေါ်ပေါက်ခဲ့ပြီးနောက် -

မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်ခဲ့သူ ဂဠုန် ဦးစောနှင့် အပေါင်းအပါများမှ တစ်နှစ်အတွင်း လွတ်လပ်ရေးရှိရန် ကြိုးပမ်းဆောင်ရွက်နေကြသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခဲ့ကြပေသည်။

ယနေ့ သတင်းအရ - ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အမှတ် ၅ဝ၁ဝ တင့်ကားတပ်အတွင်း လက်နက်တိုက်မှ MA 13၊ မက် ၁ အမျိုးအစား သေနတ်နှစ်လက်၊ ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ ယမ်းပျင်းကျဉ် စုစုပေါင်း ၅၀၀ တောင့်၊ MA 13 ကျဉ်ကဒ်ငါးကဒ် ဖောက်ထွင်းခံရကြောင့် ပျောက်ဆုံးလျက်ရှိနေကြောင်း သိရှိရသည်။

၁၉၄၇ ခုနှစ် လက်နက်တိုက်မှ လက်နက်များ ခိုးယူထုတ်သွားမှုနှင့် ပတ်သက်၍ ဗိုလ်ချူပ်အောင်ဆန်းတို့ အား အသိပေးပြောကြားပြီး သတိပေးခဲ့ကြသော်လည်း တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဦးထိပ်ထား လုပ်ဆောင်နေခြင်းကြောင့် ဤမျှအတိုင်းအတာအထိ လုပ်ကြံမည့်သူ မရှိနိုင်ကြောင်း ယုံကြည်ခဲ့မိခြင်းကြောင့် ၀မ်းနည်းကြေကွဲဘွယ်ရာ ဖြစ်ခဲ့ရသည် …..

အဆိုပါ အဖြစ်အပျက်မျိုး ထပ်မံမကြုံတွေ့ စေလိုကြသောကြောင့် ပြည်သူလူထုမှ သတိပေးနေကြကြောင်း သတင်းရရှိပါသည်။

No comments: