မိမိကိုယ်ကို ညာတာ သူများ မသိပါ၊ ဒါပေမယ့် ကိုယ့်ဖာသာကိုယ် သိပါသည်။
မိမိကိုယ်ကို ညာတာ သူများ မသိပါ၊ ဒါပေမယ့် ကိုယ့်ဖာသာကိုယ် သိပါသည်။
ပြည်တွင်းမှာဘဲနေနေ ပြည်ပမှာဘဲနေနေ အခြားသူ ဘာလုပ်နေသလည်းဆိုတာ ပြောနေရုံနဲ့  မပြီးပါ၊ မိမိကိုယ်ကို ပြန်မေးရမှာက တစ်ရက် တစ်ရက်မှာ အာဏာရှင်စနစ် အာဏာရှင် လက်အောက်က ကိုယ့်ရဲ့  တိုင်းသူပြည်သားတွေ လွတ်မြောက်ဖို့  အနည်းဆုံး တစ်ရက် တစ်ရက်မှာ တစ်နာရီလောက် စဉ်းစားမိလား၊ တစ်ပါတ် တစ်ပါတ်မှာ တစ်နာရီလောက်တောင် ပြောမိသလား၊ တစ်လ တစ်လမှာ အခြားသူသိအောင် တစ်ကြိမ်လောက်တောင် အသိပေးမိသလား၊ တစ်နှစ် တစ်နှစ်မှာ တစ်ရက် တစ်လ တစ်နှစ်အချိန် တန်ဖိုးရှိလှတဲ့ အချိန်တွေမှာ ပေါင်းစပ်လိုက်လို့  တွက်ကြည့်လိုက်ရင် တစ်နှစ်မှာ ၁၅ နာရီပြည့်အောင်တောင် တိုင်းပြည်နဲ့  လူမျိုးအတွက် လက်တွေ့ ကျကျ ဘာမှ မလုပ်ဖူးဆိုတာ ကိုယ့်ကိုကိုယ် သိပါလိမ့်မယ်။
၂၀၁၄ ခုနှစ် အစရယ် ၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီးအထိရယ် နှစ်နှစ်တာ အချိန်ကာလမှာ ပြည်တွင်း ပြည်ပမှာ နေကြတဲ့ မြန်မာပြည်သူပြည်သားဆိုသူတွေ တိုင်းပြည်နဲ့  လူမျိုးအတွက် လက်တွေ့ ကျကျ အနည်းဆုံး ၃၀ နာရီ (နှစ်နှစ်စာ) မလုပ်ပြနိုင်ဖူးဆိုရင် သေအောင် ပြောဆိုရွှီးပြနေပါစေ မယုံပါဖူး၊ အရင်နှစ်ပေါင်းများစွာက ဘာတွေ လုပ်ခဲ့လုပ်ခဲ့ အင်မတန်အရေးကြီးနေတဲ့ အခုအချိန်ကာလတွေမှာ အရင်လုပ်တာတွေကို စမြုံ့ ပြန်နေရုံနဲ့  ရပ်နေရမယ့် အခြေအနေ မဟုတ်ဖူးဆိုတာ မိမိကိုယ်တိုင်က သိရင် လက်တွေ့  လက်တွေ့  လုပ်ပြပါ။ ပြည်တွင်းကသူတွေကလည်း ပြည်ပထွက်ပြီး လုပ်ပြဖို့  မဟုတ်ပါဖူး၊ ပြည်ပကသူတွေကလည်း ပြည်တွင်းဝင်ပြီးမှာ လုပ်ပြဖို့  မဟုတ်ပါဖူး၊ လက်တွေ့ ဆိုတာ ပါးစပ်က ပြောနေရုံနဲ့ မကတဲ့ ကူညီပံ့ပိုးမှု ထောက်ပံ့မှု ပါဝင်ဆောင်ရွက်မှုတွေပါ။
ယုံကြည်ချက် ခိုင်မာမယ်၊ ခံယူချက် ပြည့်ဝမယ်၊ သစ္စာတရား တည်တံ့မယ်၊ မိမိအရည်အချင်းကို မိမိ ယုံကြည်တယ်၊ အများအကျိုးအတွက် လိုလားတယ်ဆိုရင် ယခုအချိန်က နောက်မကျသေးပါဖူး။
နိုင်ငံနဲ့  လူမျိုးအတွက် အာဏာရှင်စနစ် အာဏာရှင်အုပ်စုကို ဖယ်ရှားနိုင်ဖို့  အသင့်ကို ယုံကြည်အားထားပါရစေ။
သူ့ ကျွန်ဘဲဖြစ်ဖြစ် ကိုယ့်ကျွန်ဘဲဖြစ်ဖြစ် ကိုယ့်တိုင်းသူပြည်သားတွေ ကျွန်မခံရဖို့  သင်ရဲ့  လက်ရှိဘ၀ရဲ့  တာဝန်လို့  ခံယူရင်တော့ … အပြောနဲ့ မဟုတ် အလုပ်နဲ့  သက်သေပြလိုက်စမ်းပါ။

No comments:
Post a Comment