Wednesday, January 22, 2014

သမိုင်းအမှန်ကို အမှန်အတိုင်း ပြောရဲကြပါ၊ သမိုင်းအမှန်ကို အမှားဖြစ်အောင် ပြောဆိုကြရင် ရဲရဲဝန့် ဝန့်  ဖေါ်ထုတ်ကြပါ။

သမိုင်းအမှန်ကို အမှန်အတိုင်း ပြောရဲကြပါ၊ သမိုင်းအမှန်ကို အမှားဖြစ်အောင် ပြောဆိုကြရင် ရဲရဲဝန့် ဝန့်  ဖေါ်ထုတ်ကြပါ။

၂၀၀၇ သမိုင်းမှာ ကြံ့ ဖွတ်ဟာ အဓမ္မကျူးလွန်သူပါ၊ သံဃာတော်တွေကို ထုပုတ်ရိုက်ခဲ့ သတ်ခဲ့တာ ကြံ့ ဖွတ်ပါ၊ ကြံ့ ဖွတ်ဆိုလို့  သိန်းစိန်တို့  အားလုံးပါ။ ၂၀၀၇ တုန်းက သံဃာတွေကို ရိုသေလေးစားခဲ့ကြတာ ပြည်သူလူထုတစ်ရပ်လုံး၊ အခု သံဃာတွေကို ဂုဏ်ညှိုးကျစေတာက ကြံ့ ဖွတ်ခေါင်းဆောင် အာဏာရှင်တွေနဲ့  သစ္စာဖောက် ကိုယ်ကျိုးရှာ သံဃာအချို့ ကြောင့်ဘဲ။

ကိုဇာဂနာ ပြောဆိုတဲ့ အောက်ဖေါ်ပြပါ ပြောဆိုချက်နဲ့  ပတ်သက်ပြီး ၂၀၀၇ ရွှေဝါရောင်သမိုင်းမှတ်တမ်းအရ အပြည့်အ၀ ထောက်ခံပါတယ်။

"ကျွန်တော်ဟာ NLD ပါတီဝင် မဟုတ်ပါဖူး။ ဒါပေမဲ့ မဟုတ်တာတွေ ပြော၊ မမှန်တာတွေ ရေးနေတာကိုတော့ ဒီအတိုင်း ထိုင်ကြည့်နေရလောက်အောင်လဲ မကြောင်သေးပါဖူး။ ဒါကြောင့် မနေနိုင် မထိုင်နိုင် ၀င်ပြောလိုက်ပါရစေ။ ရွှေဝါရောင် တော်လှန်ရေး စစချင်း ၂၅ စက်တင်ဘာညမှာ ဖမ်းခံရတဲ့ ၃၂ ယောက်ထဲမှာ NLD ၃၁ ယောက်နဲ့ ကျွန်တော်ပါ။ သံဃာတော်တွေကို နေ့ စဉ် ဆွမ်းကပ်၊ လမ်းတလျှောက် လုံခြုံရေး ယူပေးခဲ့တဲ့အပြင် မူးမော်လဲသွားတဲ့ သံဃာတွေကို ဆေးလိုက်ကုပေးခဲ့တာ အားလုံး NLD တွေပါပဲ။ ဘယ် တစည ဘယ် ကြံ့ခိုင်ရေးမှ မပါပါဖူး။

ခုမှ သံဃာ နဲ့ NLD ထိပ်တိုက်မတွေ့ စေနဲ့ လို့  ပြောနေကြတာတွေကို နားမလည်ပါဖူး။ ပြောနေတဲ့ လူအားလုံးကို မေးချင်တယ်။ ရွှေဝါရောင်ကာလတုန်းက (ခင်ဗျားတို့ ဘာတွေ လုပ်နေခဲ့ကြလဲ)။ NLD ကတော့ သူ့ တာဝန် သူ ကျေ ခဲ့တယ်လို့  ကျွန်တော် ရဲရဲကြီး အာမခံတယ်။

ဒကာရယ်လို့  ပြောမိလို့  ဘာဒကာလဲ ဆိုပြီး နားရင်းအုပ်ခံရတာ မဂ္ဂင်ဆရာတော်ပါ။
ဖြောင့်ချက် မပေးရင် (ကန်တော့ပါရဲ့ ) ဖင်ချမယ်ဆိုပြီး ၀ိုင်းချုပ်ခံရတာ မစိုးရိမ်တိုက်ကျောင်းက ဆရာတော်။ ထောင်ထဲမှာ ဘုန်းကြီး မရှိဖူး။ ဆွမ်း မရှိဖူး။ လိုချင်ရင် ဒါပဲ ရမယ်ဆိုပြီး ဆဲခံရတာ မေဒိနီ ဆရာတော်။

အဲဒါတွေ လုပ်ခဲ့ ဆဲခဲ့ကြတာ NLD တစ်ယောက်မှ မပါဖူး။ ကြည့်ကြက် ရေးကြ ပြောကြစမ်းပါဗျာ။ အာရုံနောက်လွန်းလို့ ။"

ဇာဂနာ။

No comments: