၂၀၁၄ ခုနှစ် နှစ်ဦး ကျေးဇူးတင်လွှာ။
၂၀၁၄ ခုနှစ် နှစ်ဦး ကျေးဇူးတင်လွှာ။
နစ်နေမန်း၏ အင်တာနက်စာမျက်နှာများဖြစ်ကြသော ဘလော့စာမျက်နှာ “niknayman-niknayman.blogspot.com” နှင့် ဖေ့စ်ဘွတ်စာမျက်နှာများ “Niknayman” နှင့် “နစ်နေမန်း သတင်းနှင့် စုစည်းချက်” တွင် ၂၀၀၇ ခုနှစ်မှ ယခုနှစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအထိ ရေးသားဖေါ်ပြခဲ့သည့် ဘလော့စာမျက်နှာ ပို့ စ်ပေါင်း ၅၉၉၉ ပို့ စ်နှင့် ဖေ့စ်ဘွတ် ရေးသားဖေါ်ပြချက်များ ဓါတ်ပုံ ဗွီဒီယိုမှတ်တမ်းများအား ၀င်ရောက်ဖတ်ရှူအားပေးလျက်ရှိကြသည့် မြန်မာနိုင်ငံ၊ အမေရိကနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံများနှင့် အခြားသောနိုင်ငံများမှ အကြိမ်ပေါင်း သုံးသန်းနီးပါး (စုစုပေါင်း - ၂၇၉၆၃၅၃) ၀င်ရောက်ကြည့်ရှူကြသော မြန်မာပြည်သူပြည်သားများ အားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် သတင်းများ ဆောင်းပါးများ ဓါတ်ပုံများ ဗွီဒီယိုများအား ပေးပို့ ကူညီကြသော မိတ်ဆွေအပေါင်းအားလည်း လေးစားစွာ ကျေးဇူးတင်ရှိနေပါကြောင်း ၂၀၁၄ ခုနှစ် နှစ်ဦးအချိန်ကာလတွင် မှတ်တမ်းတင် ပြောကြားအပ်ပါသည်။
နစ်နေမန်း၏ ဘလော့အမည်ဖြစ်သည့် “Burma (The Power Of People)” အရ “မြန်မာပြည် ပြည်သူပြည်သားများ၏ စွမ်းအား” ကို လက်ကိုင်ထား၍ အမိမြန်မာနိုင်ငံ ငြိမ်းချမ်းသာယာရေးနှင့် ပြည်သူပြည်သားများ အာဏာရှင်စနစ် အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးကို ရဟန်းရှင်လူ ပြည်သူ လူထုအင်အားဖြင့် ဖယ်ရှားနိုင်မည်ဟု တစ်ထစ်ချ ယုံကြည်ပေသည်။
လေးစားလျက် -
နစ်နေမန်း
ဇန်န၀ါရီလ (၂၁) ရက်နေ့ ၊ ၂၀၁၄ ခုနှစ်။
.jpg)
No comments:
Post a Comment