Saturday, January 18, 2014

“မကြည်ညိုကြောင်း ကြေညာထိုက်သော ရဟန်းအင်္ဂါ ရှစ်ပါး”

(အပ္ပသာဒပဝေဒနိယသုတ်)

“မကြည်ညိုကြောင်း ကြေညာထိုက်သော ရဟန်းအင်္ဂါ ရှစ်ပါး”

၁) လူတို့ လာဘ် မရစေရန် လုံ့လပြုခြင်း၊

၂) လူတို့ အကျိုးမဲ့ဖြစ်စေရန် လုံ့လပြုခြင်း၊

၃) လူတို့ကို ဆဲဆိုကြိမ်းမောင်းခြင်း၊

၎) လူတို့ကို အခြားလူတို့နှင့် သွေးကွဲစေခြင်း၊

၅) ဘုရား၏ ကျေးဇူးမဲ့ကို ဆိုခြင်း၊

၆) တရား၏ ကျေးဇူးမဲ့ကို ဆိုခြင်း၊

၇) သံဃာ၏ ကျေးဇူးမဲ့ကို ဆိုခြင်း၊

၈) မသင့်တော်သော ကျက်စားရာ အရပ်၌ တွေ့မြင်ရခြင်း၊

ဟူသော အင်္ဂါ ရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းအား ဥပါသကာတို့သည် အလိုရှိလျှင် မကြည်ညိုနိုင်ကြောင်း အသိပေးကြေညာကုန်ရာ၏။

လူတို့ အကျိုးမဲ့စေရန် လုံ့လမပြုခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်းအား ဥပါသကာတို့သည် အလိုရှိလျှင် ကြည်ညိုကြောင်း အသိပေးကြေညာကုန်ရာ၏ ဟု ဟောကြားတော်မူခဲ့သည်။

(အင်္ဂုတ္တရနိကာယ် - အဋ္ဌကနိပါတ် ရှစ်ပါးစု တရားများအပိုင်း)။

No comments: