Friday, January 17, 2014

ဒေ၀ဒတ်ကို ကိုးကွယ်တော့။

အာဏာရှင်ရဲ့ လှည့်ဖြားချက်ကို ခံလိုက်ရပြီဖြစ်တဲ့၊ ဘုန်းကြီးချင်း ဆရာတင်မှားတဲ့ ၀ိရသူတော့ မကြာခင်မှာ အရှင်ဘဲ ထွက်ရမလား အသေဘဲ ထွက်ရမလား …. ပိပိရိရိ လိမ်ညာသူတွေကို သွားယှဉ်တဲ့ ဒုက္ခပေါ့။ ရဟန်းသံဃာဆိုတာ ဒါယိကာ ဒါယကာမတွေအပေါ် မှီတည်ရတယ်ဆိုတာ သဘောမပေါက်ဘဲ အာဏာရှင်နဲ့  အာဏာရှင်လက်ပါးစေတွေအပေါ် မှီတည်လိုသူ မည်သည့် သံဃာမဆို ဖောက်ပြန်ရင် ကျဆုံးမှာပါ။ အာဏာရှင်ဆိုတာ သွေးရင်းသားရင်းတောင် မိဘမောင်နှမတောင် နားလည်တာ မဟုတ် ချန်ထားတာ မဟုတ်။ ဘုန်းကြီးလား ဝေလာဝေးဆိုတာ ၂၀၀၇ က သက်သေရှိတယ်။


No comments: