Tuesday, April 1, 2014

သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ သန်းရွှေ လားရာသုဂတိ မကောင်းမှာ အသေအချာပါ။

သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ သန်းရွှေ လားရာသုဂတိ မကောင်းမှာ အသေအချာပါ။

သန်းရွှေ အသည်းအသန် ဖြစ်နေခဲ့ချိန်တွေမှာ သန်းရွှေ သေပြီဆိုတဲ့ ကောလဟာလသတင်းတွေကို မကြာခဏ ထုတ်ပြန်ခဲ့ကြတယ်၊ ပြီးတော့ မသေသေးဖူးဆိုပြီး သတင်းမမှန်ဖူးဆိုပြီး သန်းရွှေ တကယ်သေဆုံးချိန်မှာ မယုံကြည်အောင် ကြိုတင်လုပ်ဆောင်ခဲ့ကြတယ်။ သန်းရွှေ သေတယ်ဆိုတဲ့ အပြော သိတာနဲ့  ပြည်သူလူထုဘက်က ဘယ်လို တုန့် ပြန်ကြသလည်းဆိုတာကို လေ့လာခဲ့ကြတယ်၊ သွေးတိုးစမ်းကြည့်ခဲ့ကြတယ်။ နေ၀င်းလက်ထက်တုန်းက ဒီလို သတင်းတွေ ဒီလိုမျိုး မကြာခဏ ထုတ်ခဲ့တယ်၊

ဒါပေမယ့် နေ၀င်း တကယ်သေဆုံးချိန်မှာ သန်းရွှေတို့ က နေ၀င်းရဲ့  မိသားစုတွေကို ဖမ်းဆီးထားပြီးဖြစ်ခဲ့လို့ ၊ ပြည်သူလူထုအနေနဲ့ လည်း သတင်းအမှောင်ဖုံးနေဆဲခေတ်ဖြစ်ခဲ့လို့ ၊ ဗြောင်ကျကျ အုပ်ချူပ်နေတဲ့ စစ်အုပ်ချူပ်ရေးစနစ်အောက်မှာ ရှိနေဆဲဖြစ်ခဲ့လို့  နေ၀င်းသေတဲ့ သတင်းထုတ်ရင် ဘာမှ မဖြစ်နိုင်တော့ဖူး သုံးသပ်ခဲ့ကာ နေ၀င်း သေဆုံးမှုအမှန်ကို တရားဝင် မဟုတ်တဲ့ တစ်ဘက်သော သတင်းမီဒီယာတွေဘက်ကသာ ထုတ်ခဲ့တယ်။

ဒါပေမယ့် သန်းရွှေ သေဆုံးတာကိုကြတော့ ဒီလိုမျိုးတောင် အလျဉ်းကို သတင်းမထုတ်ရဲတဲ့အပြင် ပိပိရိရိ ဖုံးဖိထားကြတယ်။ မသေသေးသလို ယုံကြည်နေအောင် စာဖတ်နေတယ်၊ ဘယ်သူကိုတော့ ခေါ်တွေ့ ပြီး စကားပြောတယ်၊ ဘယ်သူကတော့ တွေ့ ခဲ့တယ်၊ မိသားစုဝင်တွေက ဘာပြောကြတယ် ဘာလုပ်နေကြတယ်ဆိုတဲ့ သန်းရွှေ ကျန်းမာရေး မကောင်းပေမယ့် ရှိနေသေးတယ်ဆိုတာကို အယုံသွင်း ပြောဆိုထားကြတယ်။ တစ်ဖက်မှာ သန်းရွှေရဲ့  မိသားစုတွေ ဘယ်ဘုရားသွားတယ် ဘယ်နေရာမှာ ဘာလုပ်နေတယ်ဆိုတဲ့ သတင်းအစအနကို သန်းရွှေ မသေသေးဖူး မိသားစုဝင်တွေ ဘာမှ မဖြစ်သေးဖူးဆိုတဲ့ ပုံစံဖမ်းပြီး ပြထားကြတယ်။

နောက်ပိုင်းမှာ သန်းရွှေမပါတော့သော ကြိုင်ကြိုင်ဦးဆောင်တဲ့ မိသားစုက ဘုရားတွေ သွားပြီး သွားရှာသူ သန်းရွှေအတွက် ကောင်းမှုတွေ သွားပြီးလုပ်ကြတယ်။ ဒီလို လုပ်တဲ့အခါမှာလည်း သန်းရွှေ သေဆုံးပြီး လုပ်နေတာကို သတိမထားမိစေလောက်အောင်ကို ဖန်တီးထား ဖုံးဖိထားခဲ့ကြတဲ့ အကျိုးတွေကို ရနေတာဖြစ်တယ်။

တကယ်တော့ သန်းရွှေ သေဆုံးပြီးပါပြီ။ သန်းရွှေရဲ့  မိသားစုတွေရဲ့  အသက်ဘေးအန္တရာယ် စိတ်မချရသေးလို့ ၊ စစ်အာဏာရှင်အသွင်ကနေ ချိတ်ထမီဝတ် အရပ်သားအစိုးရ ယောင်ဆောင်ထားတဲ့ အစိုးရပုံစံသစ် ပြောင်းလဲစ ဖြစ်နေသေးလို့ ၊ ၂၀၀၈ ခုနှစ် နာဂစ်ဥပဒေကို အပြည့်အ၀ ခိုင်ခိုင်မာမာ တည်ဆောက်ကျင့်သုံးမှု အာမ ခံ မရသေးလို့ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေသေးလို့ ၊ စစ်အာဏာရှင်အုပ်စုအတွင်း အချင်းချင်းအာဏာလုမှု ပေါ်ပေါက်နိုင်တယ်လို့  ယူဆနေသေးလို့ ၊ ပြည်သူလူထုနဲ့  ပူးပေါင်းပြီး စစ်တပ်ထဲမှ ပြန်လည်တုန့် ပြန်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်လို့  သုံးသပ်လို့  သန်းရွှေ သေဆုံးပြီး ဖြစ်တာကို သန်းရွှေမိသားစုနဲ့ အတူ သိန်းစိန် ရွှေမန်း မင်းအောင်လှိုင် ဌေးဦးတို့  လေးဦးက ဖုံးဖိထားကြပါတယ်။ အောင်သောင်းနဲ့ တွေ့ တယ်၊ ဌေးဦးနဲ့  တွေ့ တယ်၊ ခင်ညွှန့် နဲ့  တွေ့ တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘဲ အာဏာရှင်အုပ်စုအတွင်း တပ်မတော်အတွင်း ပြည်သူလူထုအတွင်း အယုံသွင်းထားတဲ့ သတင်းတွေချည်းဘဲ ဖြစ်တယ်။

သန်းရွှေ သေဆုံးပြီးဖြစ်တာကို ဖုံးကွယ်ထားရုံသာမက၊ နေ၀င်းတုန်းကလို ကောလဟာလသတင်းထွက်ရင် မသေသေးဖူးဆိုတာ ရုပ်ပုံတွေ ဗွီဒီယို ပြသခဲ့သလို၊ သန်းရွှေသေတာ မယုံဖို့  လက်တွေ့ ပြဖို့  ပုံရိပ်အဟောင်းတွေနဲ့  ဖော်ထုတ်ပြသဖို့ ပါ စီစဉ်ထားကြပါတယ်။ ယခုနှစ် ၂၀၁၄ မှာ မရှိတော့တဲ့ သန်းရွှေကို သေခါနီးအချိန်ကာလက အနီးစပ်ဆုံး ပုံရိပ်တွေနဲ့  ပြသဖို့  သိန်းစိန်တို့ မှာ ပြင်ဆင်ထားပါတယ်။

ဒီနေ့  ဧပြီ (၁) ရက်နေ့ မှာ ပြောလို့  April Fool လုပ်တယ်လို့  ထင်သူတွေ ထင်ကြမှာပါ၊ သန်းရွှေ အမှန်တကယ် သေဆုံးပြီး ဖြစ်တာကို ဖုံဖိထား သတင်းမထုတ်ပြန်ကြတာ သန်းရွှေရဲ့  မိသားစုနဲ့  သိန်းစိန် ရွှေမန်း မင်းအောင်လှိုင် ဌေးဦးတို့  လေးဦး လက်ချက်ပါ။

၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့ မှာ သန်းရွှေ သေပြီဆိုပြီး ၂၀၀၇ မှာ ဖြစ်နေတဲ့ အခြေအနေကို အာရုံလွှဲဖို့  ကောလဟာလသတင်း ထုတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လပိုင်းမှာ သန်းရွှေ သေတယ်ဆိုပြီး ကောလဟာလသတင်း ထုတ်ခဲ့ပါတယ်။ ဒီသတင်းထွက်ချိန်မှာ သန်းရွှေ မသေသေးပါ။ အခြေအနေ ဆိုးရွားနေပြီဖြစ်တဲ့ အချိန် ကြိုတင် သတင်းထုတ်ကြည့်ခဲ့တယ်။

နောက်တစ်ခါမှာတော့ သန်းရွှေ သေဆုံးပြီးနောက်မှာ အခြေအနေ တီးခေါက်နိုင်ဖို့ အတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှာ နေပြည်တော်က နေအိမ်မှာ သန်းရွှေ သေဆုံးသွားပြီဆိုပြီး ဓါတ်ပုံအတုနဲ့  သတင်းထုတ်ကာ ဘယ်လိုတုန့် ပြန်မှုတွေ ရှိမလည်းဆိုပြီး စမ်းသပ်ခဲ့ကြပါတယ်။ သန်းရွှေ သေတယ်ဆိုတာ ကောလဟာလလို့  ယူဆကြတဲ့ တုန့် ပြန်မှုများနဲ့ သန်းရွှေသေရင် ဖြစ်နိုင်မှုတွေ ဝေဖန်ပြောဆိုမှုတွေ ကြားရတော့ သန်းရွှေ အမှန်တကယ် သေတာကို ထုတ်ပြန်ဖို့  အတွင်းအပြင်အနေအထားအရ လုံးဝ လုပ်လို့  မရလို့  ဆက်လက် ဖုံးဖိထားခဲ့ကြတယ်။

ဒီနောက်မှာ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှာ ကြံ့ ဖွတ် ဒုဥက္ကဌ ဌေးဦးကနေ တစ်ခါ ဧရာဝတီသတင်းဌာနကနေ တွေ့ ဆုံမေးမြန်းမှုနဲ့  လူသိရှင်ကြား သတင်းထုတ်ခဲ့တာက သန်းရွှေ နေကောင်းနေပါတယ်လို့ ဆိုပြီး ပြောဆိုခဲ့ပြန်ပါတယ်။

တစ်ဖက်မှာလည်း သန်းရွှေရဲ့  နောက်ဆုံးအခြေအနေ နီးကပ်နေချိန်ကြမှ စိတ်ချလက်ချနဲ့  ခင်ညွှန့် နဲ့  နေ၀င်းရဲ့ သားတွေ မြေးတွေကို လွှတ်ပေးခဲ့ပြီး၊ သိန်းစိန်တို့ က အပေးအယူ သဘောတူညီချက်တွေ တော်တော်လုပ်ပြီးမှ လွတ်ပေးခဲ့တယ်။ သေဆုံးခဲ့ပြီဖြစ်တဲ့ သန်းရွှေအတွက် အန္တရာယ်ပေးလို့  မရတော့သည့်အပြင်၊ လက်ရှိ အရပ်သားအယောင်ဆောင် ဒီမိုကရေစီဟန်ပြ စစ်အာဏာရှင်စနစ် အသက်ဆက်ရေးလုပ်ငန်းတွေမှာ အချိတ်အဆက်ရှိရှိ ၀င်ရောက်ကပြဖို့  သဘောတူညီမှုကိုနဲ့  သိန်းစိန်တို့ ဘက်က ပြန်လည်ဖမ်းဆီးချုပ်နှောင်ခြင်း မပြုလုပ်ပါဖူးဆိုတဲ့ အာမခံချက်နဲ့  သဘောတူခဲ့ကြပါတယ်။

သန်းရွှေရဲ့  မိသားစုနဲ့ အတူ သိန်းစိန် ရွှေမန်း မင်းအောင်လှိုင် ဌေးဦးတို့  လေးဦးတို့  သတင်းဖုံးဖိထားတဲ့ အာဏာရှင်ကြီး သန်းရွှေဟာ ၂၀၁၂ ခုနှစ် နှစ်အလယ်ပိုင်းမှာ သေဆုံးသွားခဲ့ပါပြီ။

လားရာသုဂတိ မကောင်းမှာ အသေအချာပါ သန်းရွှေ ……. ။



No comments: