Wednesday, April 2, 2014

နိုင်ငံတော် သူတောင်းစားများ။

နိုင်ငံတော် သူတောင်းစားများ။

ပြည်သူလူထုအတွက် အစိုးရအဖွဲ့ အစည်းတွေက ဘာများတာဝန်ယူပြီးလုပ်ပေးတာ ရှိသလည်း၊ နှစ်ပေါင်းမြောက်မြားစွာကတည်းက လမ်းခင်းရင်လည်း အလှူထည့်ရ၊ ဆေးရုံဆောက်လည်း အလှူထည့်ရ၊ တံတားဆောက်လည်း အလှူထည့်ရ၊ နောက်ဆုံး အာဏာရှင် လူရမ်းကားတွေ သေလည်း အလှူထည့်ရ ဘယ်မှာမှ အလှူနဲ့  မလွတ်ဖူး။

ဘာသာရေး သာရေး နာရေး လှုမှုရေးမို့  တတ်နိုင်သ၍ ချွေးနည်းစာနဲ့  ကျစ်ကျစ်ကုတ်ကုတ် စုဆောင်းထားရတဲ့ အိုစာမင်းစာထဲကတောင် ဒါနအလှူမြောက်အောင် ကုသိုလ်တရားရအောင် စေတနာပါပါနဲ့  ထည့်နိုင်သလောက် ထည့်ဝင်လိုက်ရတယ်ဆိုရင် လှူတဲ့သူလည်း စိတ်ချမ်းသာ ကြည်နူးပြီး အလှူခံလုပ်ငန်းတွေအတွက်လည်း အကျိုးရှိဆို တော်ပါသေးရဲ့ ။

အခုကြတော့ နှစ်ပေါင်းဘယ်လောက်ကြာကြာ မရိုးနိုင်တဲ့ အေးဓါးမြတိုက်မှုက နေရာတကာ ဖြစ်နေတာ ယခုလက်ရှိ မင်းဆိုးမင်းယုတ်တွေ လက်ထက်ထိ ရှိနေတုန်းဘဲ။ ပြည်သူအများစုနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေမှာ နိုင်ငံတော်ဆိုတဲ့ဟာတွေက တာဝန်သိသိ ၀တ္တရားရှိရှိနဲ့  အစိုးရတစ်ရပ်အနေနဲ့  ဦးစီးပြီး အခမဲ့ဆောင်ရွက်ပေးကြမယ် မရှိဖူး။ ဘယ်လောက်ငွေကို ဘယ်တော့နောက်ဆုံးထည့်ပါဆိုပြီး မေတ္တာရပ်ခံတာ မဟုတ်ဘဲ ခြိမ်းခြောက်တောင်းရမ်းတဲ့ သူတောင်းစားစာကို မြင်နေတွေ့ နေရတာ နှစ်တိုင်းဘဲ။

ပြည်သူတွေမှာ ကိုယ့်ရဲ့ ဝမ်းစာကို ရုန်းကန်လှုပ်ရှားပြီး စားသောက်နေကြရတဲ့ အခြေအနေတွေမှာ နိုင်ငံတော်တာဝန်နားမလည် တာဝန်ယူမှု ကင်းမဲ့တဲ့ အစိုးရဌာန သူတောင်းစားတွေက ပြည်သူ့ ပိုက်ဆံကို လာခြူနေကြလေရဲ့ ။


No comments: