Monday, June 30, 2014

တရားသွားအားထုတ်နေတဲ့ သိန်းစိန်တို့ ကြောင့် မြန်မာဘုရားလည်း တရုတ်နဂါးနဲ့ ။

တရားသွားအားထုတ်နေတဲ့ သိန်းစိန်တို့ ကြောင့် မြန်မာဘုရားလည်း တရုတ်နဂါးနဲ့ ။





အပြည့်ဖတ်မည်...

ဆင်ပေါ်က အရူး။

ဆင်ပေါ်က အရူး။





အပြည့်ဖတ်မည်...

ငှက်ပျော စားမလား၊ အုံး စားမလား။

ငှက်ပျော စားမလား၊ အုံး စားမလား။

ရခိုင်ငှက်ပျောရဲ့  အစေးဟာ မြွေပွေးရဲ့  အဆိပ်ကို ပြေပျောက်စေတဲ့ အစွမ်းသတ္တိရှိတာကြောင့် ရခိုင်ငှက်ပျောအစွမ်းသတ္တိချိနဲ့ စေဖို့ ၊ ရခိုင်ငှက်ပျောတောမှာ မြွေပွေးတွေ ကြီးထွားနိုင်ဖို့  ရခိုင်ငှက်ပျောနေရာမှာ “အုန်း” စိုက်လိုက်ပါပြီ။ အုံးကဘဲ ကြီးစိုးမလား၊ ရခိုင်ကဘဲ ရှင်သန်မလား ကြည့်ကြရမှာပါ။

ငှက်ပျောပေါ် အုံး စိုက်ပါလို့ ၊

ငှက်ပျော စားမလား၊

အုံး စားမလား။



အပြည့်ဖတ်မည်...

သိ​စေချင်​လွန်းလို့။

သိ​စေချင်​လွန်းလို့။

အ​ခြေခံပညာ​ကျောင်း​တွေကို ​ထောက်​ပံ့​ငွေ​ပေးမယ်​ဆိုတာ သိရလို့ အတိုင်းမသိ ဝမ်းသာမိပါတယ်​။ သာဓုလည်း​ ခေါ်မိတယ်​။ တစ်​ဆက်​တည်းမှာပဲ စိုးရိမ်​စိတ်​လည်း ဖြစ်​​ပေါ်လာမိပါတယ်​။ တခြား​တော့ မဟုတ်​ပါဘူး။ ​ပေးကား​ပေး၏ မရ။ ​ကျွေးကား​ကျွေး၏ မဝ ဆိုသလို ဖြစ်​လာမှာကို​ တွေးမိလို့ပါ။

အရင့်​အရင်​​တွေတုန်းက​ အ​ခြေခံ​ကျောင်း​တွေကို ချထား​ပေးခဲ့တဲ့ အ​သေးသုံး​ငွေ​ကိစ္စကို ပြန်​လည်​သုံးသပ်​ကြည့်​ရ​အောင်​ပါ။ ​ကျောင်းအဆင့်​​ပေါ်မူတည်​ပြီး အ​သေးသုံး​ငွေ​တွေကို အကြိမ်​ကြိမ်​ချပေးခဲ့ပါတယ်​။ ​​တချို့​ကျောင်း​တွေ (အားလုံးလို့​တော့ မ​ပြောလိုပါဘူး) ရဲ့ အ​သေးသုံးဆိုတာက​တော့ ​သက်​ဆိုင်​ရာ​ကျောင်းအုပ်​​တွေကို ​ထောက်​ပံ့​ကြေး​ပေးလိုက်​သလိုပါပဲ။ ​ကျောင်းအုပ်​​တွေရဲ့အိပ်​​ထဲ​ရောက်​သွား​တော့တာပါပဲ။

ခက်​တာက ​ကျောင်းအုပ်​​တွေ စားလို့မရ​အောင်​ လုပ်​​ပေးတဲ့ Plan မရှိတာပါပဲ။ ​အ​သေးသုံး​ငွေ သုံးစွဲတဲ့စာရင်းကို သက်​ဆိုင်​ရာ​ကျောင်းအုပ်​ကြီး​တွေက အထက်​ကို တင်​ပြကြရပါတယ်​။ ဒီစာရင်းကရော တကယ့်​အစစ်​အမှန်​ဟုတ်​ပါတယ်​လို့ ယုံကြည်​ရမှာလား။ ​​ကျောင်းအုပ်​​တွေရဲ့လိမ်​နည်းအမျိုးမျိုးကို မျက်​စိမှိတ်​ယုံ​နေတာက ​တော်​​တော်​ဆိုးပါတယ်​။ ဒါ​တွေကို ဘာ​ကြောင့်​​ပြောနိုင်တာလဲလို့ သိချင်​ရင်​ ကိုယ်​တိုင်​သာ ​ကျောင်းတစ်​​ကျောင်းက ​ကျောင်းအုပ်​လက်​​အောက်​မှာ ဆရာဆရာမအ​ဖြစ်​ တာဝန်​ထမ်း​ဆောင်​ကြည့်​ပါလို့သာ​ ပြောချင်​ပါတယ်​။

ခုတစ်​ခါ ​ထောက်​ပံ့​ရေးအစီအစဉ်​ လာပြန်​ပါပြီ။ သာဓုရဲရဲ မ​ခေါ်ရဲ​တော့ပါ။ ​ကျောင်းအုပ်​​တွေရဲ့လုပ်​ရပ်​​တွေကို အနီးကပ်​​တွေ့​နေရ​တာမို့ သာဓု​ခေါ်ဖို့ ဝန်​​လေး​နေပါ​တော့တယ်​။ ဒီလို​တွေဖြစ်​​နေတာ​သေခြာရင်​ အထက်​ကို တိုင်​ပါလားလို့ ​ပြောစရာရှိလာပါတယ်​။ နီးရာဓားကို​ ကြောက်နေရတဲ့ ဆရာဆရာမ​တွေရဲ့အဖြစ်​ကိုလည်း ထည့်​တွက်​ပါအုံးလို့သာ ​ပြောပါရ​စေ။ 

ကျောင်းအုပ်​ကိုတိုင်​ရင်​ ​ကျောင်းအုပ်​သာမက ​ကျောင်းအုပ်​နဲ့ သင့်​မြတ်​ကြတဲ့ မြို့နယ်​ပညာ​ရေးမှူး၊ ရုံးစာ​ရေး၊ စာ​ရေးမ​တွေ စတဲ့ ပုလင်းတူဘူးဆို့​တွေရဲ့ မျက်​မာန်​​တော်​ရှ အညိုညင်​ခံရမှာက ပထမဒုက္ခပါ။ သူတို့ညိုညင်​ရင်​​တော့ သိတဲ့အတိုင်းပါပဲ။ ရာထူးတိုး​ရေး၊ ​ပြောင်း​ရွေ့​ရေးမှစပြီး ရုံးနဲ့ပတ်​သက်​သမျှ ဘာကိစ္စမှ အဆင်​မ​ပြေနိုင်​​တော့ပါ။ ​ကျောင်းမှာလည်း ​ကျောင်းအုပ်​ရဲ့ပညာ​ပြခြင်းအမျိုးမျိုးကို ခါးစည်းပြီးသာခံ​ပေ​ရော့ပဲ။ အခန့်​မသင့်​ရင်​ ကိုယ့်​ကိုပြန်​ပြီး ဒုက္ခလှလှ​ပေးပါလိမ့်​မယ်​။

ဒီလိုအ​သေးစိတ်​ကိစ္စ​တွေကို​တော့ အထက်​အဆင့်​ဆင့်​က ဘဘကြီးများလည်း မသိနိုင်​​တော့ပါ။ ဘာ​ကြောင့်​လဲဆို​တော့ အထက်​အဆင့်​ဆင့်​ကို အစီရင်​ခံသူ​တွေက ​အောက်​​ခြေက ဆရာဆရာမ​တွေမဟုတ်​ပဲ​ ကျောင်းအုပ်​​တွေနဲ့ ပညာ​ရေးမှူး​တွေ ဖြစ်​​နေတာက အဓိကဖုံးကွယ်​မှုတစ်​ရပ်​ဖြစ်​​နေ​ပါတယ်​။ အမှန်​ကို အမှန်​အတိုင်း သိချင်​ရင်​​တော့ ဆရာဆရာမအသွင်​ယူပြီး စုံစမ်း​ထောက်​လှမ်းမှပဲ ရလိမ့်​မယ်​။

ဆရာဆရာမ​တွေဆိုတာကလည်း များ​သောအားဖြင့်​ မလုပ်​မရှုပ်​မပြုတ်​ဆိုတဲ့စံနှုန်းအတိုင်း သွား​နေကြသူ​တွေဆို​တော့ သူတို့ကိုယ်​တိုင်​က မတရားမှန်းသိ​ပေမယ့်​ ငြိမ်​​နေကြတာများပါတယ်​။ အထက်က လွှတ်​လိုက်​တဲ့ စစ်​​ဆေး​ရေးအဖွဲ့ဆိုတာ​တွေကလည်း (အားလုံးကို မဆိုလိုပါ။ တချို့ကိုသာ ရည်​ညွှန်းပါသည်​) မြို့နယ်​ရဲ့လက်​​ဆောင်​ ​ကျောင်းရဲ့လက်​​ဆောင်​ စတဲ့ လက်​​ဆောင်​ အိပ်​​ဆောင်​ ​ဆောင်​စရာ များများရလိုက်​တာနဲ့ မြို့နယ်​ရုံးရဲ့တင်​ပြမှုသာ အမှန်​၊ ​ကျောင်းအုပ်​ရဲ့​ပြောကြားမှုသာ အတည်​ဖြစ်​သွားကြတာများပါတယ်​။

ကဲ..... အဖြစ်​မှန်​ကို ရိပ်​မိ​အောင်​လို့​တော့ နည်းနည်းဖွင့်​ချလိုက်​ပြီ။ ဘယ်​လိုအစီအစဉ်​​ကောင်း​တွေနဲ့ ဘယ်​လို​ဆောင်​ရွက်​မယ်​ဆိုတာက​တော့ ဘဘကြီးများရဲ့ သ​ဘော​တော်​အတိုင်းပါပဲလို့ ............။

(ရေးသားသူ - သိစေချင်သူ)။



အပြည့်ဖတ်မည်...

Sunday, June 29, 2014

ဥပဒေအထက်မှာ ရှိနေသော သိန်းစိန် (Thein Sein is above the law)။

ဥပဒေအထက်မှာ ရှိနေသော သိန်းစိန် (Thein Sein is above the law)။



အပြည့်ဖတ်မည်...

ဗိုလ်ချူပ်မောင်မောင်အုံးအား အလိုမရှိ။

ဗိုလ်ချူပ်မောင်မောင်အုံးအား အလိုမရှိ။



အပြည့်ဖတ်မည်...

အကြမ်းဘက်သူများအတွက် ဥပဒေနှင့် ပြစ်ဒဏ်ပြဋ္ဌာန်း။

အကြမ်းဘက်သူများအတွက် ဥပဒေနှင့် ပြစ်ဒဏ်ပြဋ္ဌာန်း။


အပြည့်ဖတ်မည်...

No U18 (No Under 18) သို့ မဟုတ် 18+ (Over 18) နဲ့  ပတ်သက်လို့ ။

No U18 (No Under 18) သို့ မဟုတ် 18+ (Over 18) နဲ့  ပတ်သက်လို့ ။

18+ ရေးထားရုံနဲ့  လုံလောက်တယ်၊ 18+ ရေးထားတာ မြင်ပြီး မြင်ရက်နဲ့  ဖတ်ရင် ဖတ်တဲ့သူ အပြစ်လို့ ဆိုရင် -

No U18 (No Under 18) လို့  ရေးထားတာနဲ့  လုံလောက်ပြီလို့  ပြောချင်သလို ပြောနေတာနဲ့  တူနေပြီ။ U18 မ၀ယ်ရလို့  ရေးထားတဲ့ ဆေးလိပ်အရောင်းဆိုင်တွေ၊ ဘီယာအရက်အရောင်းဆိုင်တွေမှာ မြင်ရဲ့သားနဲ့  ၀ယ်ချင် ၀ယ်လို့  ရတယ်၊ သုံးစွဲချင်ရင် သုံးစွဲလို့  ရတယ်။ U18 မ၀င်ရလို့  သတ်မှတ်ထားတဲ့ လောင်းကစားခန်းမတွေအတွင်း No U18 မြင်ရက်သားနဲ့  ၀င်ချင်ရင် ၀င်လို့  ရတယ်။ ၀ယ်သူ သုံးစွဲသူ ၀င်ရောက်သူအပြစ်လို့  အပြစ်တင်မယ်ဆိုရင် အတော့်ကို တာဝန်မဲ့တာဘဲလို့  ပြောရမှာဘဲ။

No U18 (No Under 18) အသက် ၁၈ နှစ်အောက်ကို ဆေးလိပ်မရောင်းရအောင်၊ ဘီယာအရက်မရောင်းရအောင်၊ လောင်းကစားခန်းမထဲ ၀င်ရောက်ခွင့်မရအောင် တားဆီးစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ အသက်အရွယ်ကို သက်သေပြတဲ့ ဓါတ်ပုံပါ သက်သေခံကဒ်ပြားတွေကို တောင်းယူစစ်ဆေးရပါတယ်။ အသက်အရွယ်ကို လိမ်လည်ပြီး ပြောဆိုပြသခဲ့ရင် အဆိုပါ U18 အသက် ၁၈ အောက်ကို ဥပဒေနဲ့  အရေးယူမှုတွေ၊ U18 အသက် ၁၈ နှစ်အောက်ကို ရောင်းချသူ ခွင့်ပြုသူကို ကြီးမားသော ပြစ်ဒါဏ်များနဲ့  ဥပဒေအရ အရေးယူရပါတယ်။

အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှုတွေမှာလည်း 18+ လို့  ရေးထားရုံနဲ့  မလုံလောက်ပါဖူး။ 18+ မဟုတ်တဲ့သူတွေ ကြည်ရှူဖတ်ရှူရင် တရားဥပဒေအရ အရေးယူမယ်ဆိုတာကို မြင်မြင်သာသာ ထင်ထင်ရှားရှား တိတိကျကျ သတိပေးရေးသားထားရပါတယ်။ ဖြန့် ချီရောင်းချတဲ့နေရာဌာနတွေ ဈေးဆိုင်တွေကလည်း အခြားသော သာမန်ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများနဲ့ အတူ အလွယ်တကူ ရောနှောမထားရပါဖူး။

အချို့ သော နိုင်ငံတွေမှာဆိုရင် လိင်ပိုင်ဆိုင်ရာပုံတွေ ပါရှိရင် စာအရေးအသားတွေ မြင်တွေ့ နိုင်ရင် အဆိုပါ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်စာတမ်းကို အလွယ်တကူမမြင်ရလေအောင် အပြင်ကနေ ပတပ်စတစ်အနောက်နှင့်ဖြစ်စေ အခြားသော အကာအကွယ်ရှိသည့် စာရွက်ဖြင့်ဖြစ်စေ ဖုံးအုပ်ထားပြီးမှသာ ရောင်းချသည့်နေရာမှာ ထားရှိရပါတယ်။ ထို့ အတူ ဒီလို လိင်ပိုင်းဆိုင်ရာ ပုံနှိပ်စာအုပ်စာတမ်းများကို သီးသန့် ရောင်းချခွင့် ခွင့်ပြုချက်ရှိတဲ့ အရောင်းဆိုင်များသာ ရောင်းချခွင့်ရစေပါတယ်။

မြန်မာနိုင်ငံမှာ ယခုဆိုရင် ဒီလို ထိန်းချုပ်တားဆီးအရေးယူမှုတွေ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘဲ၊ ရေးသားသူတွေ ဖြန့် ချီသူတွေ၊ ရောင်းချသူတွေက 18+ သို့  No U18 ရေးသားထားရုံနဲ့  လုပ်ဆောင်ချက်ဟာ အတော့်ကို မျက်နှာလွဲ ခဲပစ်တဲ့ လုပ်ရပ်သာမက၊ အလွယ်တကူ ဖတ်ရှူမိစေရန် ရည်ရွယ်တဲ့ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။ တိတိကျကျ မြင်မြင်သာသာ သတိပေးရေးသားထားမှု မရှိခြင်း၊ အလွယ်တကူ ၀ယ်ယူဖတ်ရှူနိုင်ခြင်း မရှိစေရန် စစ်ဆေးတားဆီးခြင်း မရှိတဲ့ တရားဥပဒေရဲ့  လိုအပ်ချက်လည်း ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှုရောင်းချတဲ့ စာအုပ်စာတမ်းတွေမှာ No U18 (No Under 18) သို့ မဟုတ် 18+ (Over 18) မျှသာ ရေးသားထားမှု ပြုလုပ်သူများ၊ အဆိုပါ လိင်ပိုင်းဆိုင်ရာ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများကို အလွယ်တကူ ရောင်းချနေသူများနဲ့  သက်ဆိုင်ရာ တရားဥပဒေရေးရာ ဆောင်ရွက်နေသူများမှာ အဓိက တာဝန်ရှိပါကြောင်း ပြောကြားလိုပါတယ်။


အပြည့်ဖတ်မည်...

Saturday, June 28, 2014

လွှတ်တော်ကိုယ်စားလှယ် လုံးဝမဟုတ်သူကို ပြည်နယ်ဝန်ကြီးချုပ် ခန့် အပ်ဖို့  ဆောင်ရွက်တဲ့ သိန်းစိန်ကို နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုနဲ့  ချက်ချင်း အရေးယူပေးပါ။

နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး လွှတ်တော်ကိုယ်စားလှယ် လုံးဝမဟုတ်သူကို ပြည်နယ်ဝန်ကြီးချုပ် ခန့် အပ်ဖို့  ဆောင်ရွက်တဲ့ သိန်းစိန်ကို နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုနဲ့  ချက်ချင်း အရေးယူပေးပါ။

၂၀၁၃ ခုနှစ်မှာ အမိန့် အမှတ် (၁၉/၂၀၁၃)နဲ့  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် မောင်မောင်အုန်း အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့် အပ်ခဲ့တယ်။

မောင်မောင်အုန်းဟာ “ကျွန်တော်ဟာ ရခိုင်တိုင်းရင်းသား မဟုတ်ရုံနဲ့  ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ရခိုင်သွေးတွေ စီးနေတယ်” ဆိုပြီး လျှာရိုး မရှိတဲ့အတိုင်း ပြောခဲ့တယ်။

အာဏာရှင်ခောတ်အဆက်ဆက်တစ်လျှောက် အာဏာရှင်စနစ်လှုပ်ရှားမှုသမိုင်းမှာ ရဲရဲဝန့် ဝန့်  ဆန့် ကျင်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့  အသက်တွေ သွေးတွေ မြေကျခဲ့ရတာကို မောင်မောင်အုန်း သိသိကြီးပါ။ မောင်မောင်အုန်းရဲ့  ခန္ဓာကိုယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေရဲ့  သွေးတွေ စီးဆင်းနေမှာတော့ မဟုတ်ပါဖူး၊ ရခိုင်တိုင်းရင်းသားတွေရဲ့  သွေးတွေ မောင်မောင်အုန်းတို့ လို စစ်အာဏာရူး ဗိုလ်ချူပ်တွေ လက်မှာ ပေနေမှာတော့ အမှန်ပါဘဲ။

သိန်းစိန်က သမ္မတအာဏာ အလွဲသုံးစားလုပ်ပြီး ဗိုလ်ချူပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချူပ်အဖြစ် ခန့် အပ်ဖို့ ဆိုပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ စာပေးပို့ခဲ့တယ်။

သိန်းစိန်ဟာ သမ္မတအာဏာအလွဲသုံးစားလုပ်တယ်၊ ပြီးတော့ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်။

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေရဲ့  “တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်ဝန်ကြီးချူပ် ခန့် အပ်ခြင်း” အခန်း၊ ပုဒ်မ ၂၆၁ (ခ) (၁) မှာ ပြဋ္ဌာန်းထားတဲ့ “သက်ဆိုင်ရာ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်” ဆိုသည့် ပြဋ္ဌန်းချက်ကို ဗြောင်ကျကျ ဆန့် ကျင်ပြီး လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချူပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချူပ်အဖြစ် ခန့် အပ်ဖို့ ကို သမ္မတအာဏာအလွဲသုံးစားလုပ်ပြီး ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

သိန်းစိန်ရဲ့  ဒီလိုမျိုး ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေ ချိုးဖောက်မှုကို ရခိုင်တိုင်းသူပြည်သားများအပါအ၀င် နိုင်ငံသူနိုင်ငံသားအားလုံးက လုံးဝ ကန့် ကွက်ကြဖို့ နဲ့  သိန်းစိန်ကို သမ္မတရာထူးတာဝန်ကနေ ဖယ်ရှားပစ်ဖို့ အတွက်ကို အရေးယူဆောင်ရွက်ဖို့  ပြည်သူ့ လွှတ်တော်နဲ့  အမျိုးသားလွှတ်တော်များကို တောင်းဆိုအပ်ပါတယ်။




အပြည့်ဖတ်မည်...

သိန်းစိန်ပြောတဲ့ Blood Brothers

သိန်းစိန်က တရုတ်နိုင်ငံခရီးစဉ်မှာ ပြောတယ်၊ တရုတ်နဲ့  မြန်မာဆိုတာ “Blood Brothers” တဲ့။ “Blood Brothers” ရဲ့  မူရင်းအဓိပ္ပါယ်ရော သိန်းစိန် နားလည်ရဲ့ လား မသိဖူး။

တစ်နိုင်ငံထဲနေနေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေကြတော့ သွေးရင်းသားရင်း ညီအကိုတွေ မဟုတ်ကြသလိုဘဲ။




အပြည့်ဖတ်မည်...

သိန်းစိန်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ Voice of America (VOA) က တစ်ယောက် သိန်းစိန်ဘေးနားကပ်ပြီး မခွာတမ်း ပြုံးဖြီးပြီး လိုက်နေတာ ဘယ်သူလည်း။

သိန်းစိန်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ Voice of America (VOA) က တစ်ယောက် သိန်းစိန်ဘေးနားကပ်ပြီး မခွာတမ်း ပြုံးဖြီးပြီး လိုက်နေတာ ဘယ်သူလည်း။


အပြည့်ဖတ်မည်...

Friday, June 27, 2014

ဖင်အကြောင်းပြောတဲ့ ဘူးကျလှဆွေ။

ဖင်အကြောင်းပြောတဲ့ ဘူးကျလှဆွေ။

ဘူးလက် လှဆွေ (အခုတော့ အမည်ပြောင်းပြန်ပြီး ဘူးကျ လှဆွေ) က ပြောပြန်ပြီ၊ ကျဆုံးတပ်မတော်သား ထောက်ပံ့ကြေးက ဂျနီဖာလိုပတ် (Jennifer Lopez) ရဲ့ တင်ပါးတစ်ခြမ်း အာမခံထားရှိမှုမျှသာ ရှိတယ်တဲ့။

ဖြုတ်ဦးနှောက်မျှသာ ရှိတဲ့ ချီးဘရိန်းနဲ့  လျှောက်ပြောနေတာ တော်ကြား Bullet ပြောလိုက် အခု Jennifer Lopez ဖင်အကြောင်း ပြောလိုက်နဲ့ ။ သူပြောမှဘဲ တပ်မတော်သားတွေ သေရတာတောင် ဖင်တစ်ခြမ်းနဲ့  အနှိုင်းခံရပြီ။

Jennifer Lopez ဟာ သူမရဲ့  တင်ပါးကို အာမခံထားတဲ့ ကြေးက အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၀၀ ရှိပါတယ်။ ကမ္ဘာကျော် အဆိုတော် Jennifer Lopez က သူမဖာသာ ခန္ဓာကိုယ်အစိတ်အပိုင်း ထိခိုက်ဒဏ်ရာရလို့ ရှိရင် လျော်ကြေးငွေ ရရှိအောင် အာမခံထားတာနဲ့  မြန်မာ့တပ်မတော်သားတွေကို ထောက်ပံ့ကြေးပေးတာနဲ့  ဘာများ ပတ်သက်မှု ရှိပါသလည်းလို့  ဘူးကျလှဆွေကို မေးချင်ပါတယ်။

ဘူးကျလှဆွေတစ်ယောက် ဖင်အကြောင်း စဉ်းစားနေရင်း (သို့ ) ဖင်ပုံကြည့်နေရင်းနဲ့  တံထွေးတွေ မြိုချနေရလို့  မြန်မာ့တပ်မတော်သားတွေနဲ့  ရောသွားတယ်ထင်ပါရဲ့ ။

ဖြစ်မှ ဖြစ်ရလေ ဘူးကျလှဆွေရယ် ….



အပြည့်ဖတ်မည်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုညွှန်ချူပ် (ဒုဗိုလ်မူးကြီး) စန်းယုရဲ့  ဇနီးက ကျေးရွာသားများအား ခြိမ်းခြောက်မှုပြုလုပ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုညွှန်ချူပ် (ဒုဗိုလ်မူးကြီး) စန်းယုရဲ့  ဇနီးက ကျေးရွာသားများအား ခြိမ်းခြောက်မှုပြုလုပ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို.နယ်၊ နောင်တရားမြို့ နယ်ခွဲ၊ နမ့်ပလင်းကျေးရွာအုပ်စုအတွင်းရှိ ခြမ်ရွာနဲ့  ပင်ခါးကျေးရွာတွေမှာ သတ္ထုတူးဖေါ်နေကြတဲ့ ကုမ္ပဏီတွေက ဒေသခံများရဲ့  စိုက်ပျိုးမြေများအတွင်း ၀င်ရောက်တူးဖေါ်နေကြပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုညွှန်ချူပ် (ဒုဗိုလ်မူးကြီး) စန်းယုရဲ့  ဇနီးဖြစ်သူ ဒေါ်ဥမ္မာအောင် ပိုင်ဆိုင်တဲ့ နေ၀န်းရောင်ခြည် ကုမ္ပဏီဟာ ဒေသခံပအိုဝ်တိုင်းရင်းသားများတွေရဲ့  ခြံမြေအတွင်း ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်တူးဖေါ်ခဲ့တာကြောင့် ရှမ်းပြည်နယ်အစိုးရသစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းထံကို ဇွန်လ ၁၂ ၇က်နေ့  က ဒေသခံတောင်သူ ၃၀၀ ဦး ကနေ လက်မှတ်ရေးထိုးတင်ပြခဲ့ကြပါတယ်။

ဒီသတင်းကို ဇွန်လ ၁၆ ရက်နေ့ က မဇ္ဈိမသတင်းစာကလည်း ရေးသားဖေါ်ပြခဲ့တာ ရှိပါတယ်။ ဒီလိုလို သတင်းဖေါ်ပြလို့  ဇွန်လ ၁၈ ရက်နေ့ မှာ ကုမ္ပဏီဥက္ကဌ ဒေါ်ဥမ္မာအောင်နဲ့  ဒါရိုက်တာဖြစ်သူ ပင်လောင်းမြို.နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိင်ဦးတို့ ကနေ ဆွေးနွေးရန်ပာုဆိုကာ ဒေသခံတောင်သူများအား နောင်တရားမြို့ မှာ ခေါ်ယူတွေ့ ဆုံခဲ့ပါတယ်။

ဒါပေမယ့် တွေ့ ဆုံစဉ် ညှိနိုင်းဆွေးနွေးခြင်းမရှိဘဲ ခြမ်ရွာအုပ်ချုပ်ရေးမူး ဦးစိန်ပန်းနဲ့  ရှမ်းပြည်နယ် EITI (သဘာဝသယံဇာတ တူးဖေါ်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု) ဖေါ်ဆောင်ရေးအဖွဲ့ ဝင် ကိုဝင်းရှိန်းမြတ်အား မီဒီယာရဲ့  မေးမြန်းမှုအား ပြောဆိုခဲ့လို့  တရားစွဲဆိုမည်ဆိုကာ၊ ရဲခေါ်ပြီး ဖမ်းဆီးခိုင်းမည်ပာု ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

သတ္ထုတူးဖေါ်သောလုပ်ငန်းများဟာ မိမိတို့  စိုက်ပျိုးမြေများအောက် ရောက်လာသဖြင့် ပြိုကျပြီး ပျက်စီးနေကြောင်းကို ဒေသခံတွေကိ ပြောပြပေမယ့် ဒေါ်ဥမ္မာအောင်က မြေကြီးများ ပြိုကျတာ သူတို့  နှင့်မဆိုင်ကြောင်း၊ သတ္ထုတွင်းဝန်ကြီးဌာနနှင့်သာ ဆိုင်သည်ပာု ပြောခဲ့ကြောင်း တောင်သူတဦးကနေ ပြန်လည်ပြောပြခဲ့ပါတယ်။

ဒီလိုနိင်ငံတော်ရဲ.အဆင့်မြင့်အရာရှိကြီးရဲ့  ဇနီးက ပြည်သူလူထုနဲ့  ရိုးသားတဲ့ တိုင်းရင်းသားတွေကို ညှိနိုင်းခြင်းမရှိဘဲ ခြိမ်းခြောက်ပြောဆိုတာ မယုံနိုင်စရာပါဘဲ။ ရှမ်းပြည်နယ် EITI အလုပ်အဖွဲ့  ၀င် ကိုဝင်းရှိန်းမြတ်ကိုလည်း တရားစွဲမယ်လို့ ပြောတာကလည်း ဒီနေ့  နိင်ငံတော်က အကောင်အထည်ဖေါ်နေတဲ့ EITI ရဲ့  လုပ်ငန်းစဉ် မူဝါဒတွေနဲ့ ကွဲလွဲနေတယ်၊ ဒီကုမ္ပဏီက တူးနေတာတွေက သတ္ထုတွင်းဥပဒေနဲ့  မညီဘူးလို့ အကြမ်းအားဖြင့် သိထားရတယ်၊ နိင်ငံတော်က ဥပဒေနဲ့  အညီ တူးဖေါ်ထုတ်လုပ်ခွင့်ပေးထားခြင်း ရှိသလားဆိုတာ မေးရအုံးမှာပါ၊

နိင်ငံခြားသားအလုပ်သမားတွေ ၀င်ပြီးလုပ်ကိုင်နေတာလဲ ကျနော်တို့  နိင်ငံရဲ့  ဥပဒေနဲ့  အညီ ရှိရဲ့  လားဆိုတာ သက်ဆိုင်ရာဌာနတွေကို မေးရမှာပါ၊ EITI အမြင်ဖွင့် ဆွေးနွေးပွဲတွေ လုပ်နေတဲ့ အရပ်ဘက်လူမှုအဖွဲ.တွေ ခြိမ်းခြောက်ခံနေရတာကိုတော့ MEITI (ညွန့်  ပေါင်းအဖွဲ့  ကို အကြောင်းကြား အသိပေးသွားမယ်လို့  ရှမ်းပြည်နယ် EITI ဖေါ်ဆောင်ရေးအဖွဲ့  ၀င်ကိုမိုး (မျိုဆက်သစ် ရှမ်းပြည်) ကလည်း ပြောပြခဲ့ပါတယ်။

(သတင်း/ဓါတ်ပုံ - ခွန်အောင်ကိုး)။






အပြည့်ဖတ်မည်...

Wednesday, June 25, 2014

သတင်းမဟုတ်တဲ့ အတင်းအဖြင်းတွေနဲ့  “ ~ ဥ သန်းရှာ” ဖြစ်နေကြသလား။

သတင်းမဟုတ်တဲ့ အတင်းအဖြင်းတွေနဲ့  “ ~ ဥ သန်းရှာ” ဖြစ်နေကြသလား။

အခုတစ်လော သတင်းလောကမှာ အညီအဟောက် အပြာအကောက် အဖော်အလှပ် မုဒိမ်းအဓမ္မ အစရှိတဲ့ သတင်းတွေ ခပ်စိတ်စိတ်လေး တွေ့ နေရတယ်။ သတင်းမဟုတ်တာ သတင်းလုပ်နေကြတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ များ အခြားအရေးကြီးသတင်းတွေ မှေးမှိန်အောင် တင်နေလေရော့သလား။

လိင်ပိုင်းဇာတ်လမ်း အပြာစာအုပ်ထက် ပိုအရေးကြီးတာ အစိမ်းရောင်စာအုပ်ပြင်ဖို့  က ပိုအရေးကြီးတယ်။

ရင်သားဖော်ဝတ်စုံမြင်ရတာထက် အစိမ်းရောင်ဝတ်စုံတွေ ထိုင်ခုံကြီးတွေမှာ ၀င်လုထိုင်နေကြတာက ပိုအရေးကြီးတယ်။

ကမ္ဘာ့ဖလားပွဲထက် မြန်မာ့နှစ်ထောင့်ဆယ့်ငါး ပွဲက ပိုအရေးကြီးတယ်။

နာမည်ကျော်ကြား celebrities တွေ အတင်းထက် နာမည်ကျော်အောင် တိုးဝင်နေတဲ့ အေးနေ၀င်းတို့ လို အာဏာရူး families တွေ သတင်းက ပိုအရေးကြီးတယ်။

မုဒိမ်းအဓမ္မသတင်းတွေထက် တိုင်းပြည်နဲ့  လူမျိုးအပေါ် မတရားဖိနှိပ်စော်ကားနေတဲ့ သတင်းတွေက ပိုအရေးကြီးတယ်။

ရှေ့ လာမယ့် ၂၀၁၅ နှစ် မကြာခင် ရောက်လာတော့မယ်၊ အရေးကြီးတဲ့ ပွဲအတွက် အာရုံမစိုက်ဘဲ၊ သတင်းမဟုတ်တဲ့ အခြားသော အတင်အဖြင်းတွေနဲ့  အာရုံနောက်နေကြမယ် အာရုံအနောက်ခံနေရမယ်ဆိုရင်တော့ “အလုပ်မရှိ ~ ဥ သန်းရှာ” ဆိုတဲ့ စကားလို ဖြစ်နေလိမ့်မယ်။



အပြည့်ဖတ်မည်...

Monday, June 23, 2014

Angry Bird ဆိုတာ ငှက်သူရဲကောင်း။

ကမ္ဘာကျော် မဂ္ဂဇင်း “National Geographic” ကတောင် အလေးထားပြီး ချီးမွန်းရေးသားဖေါ်ပြခြင်း ခံရတဲ့ Angry Bird ။ Angry Bird ဆိုတာနဲ့  ဒေါသထွက်တဲ့ ငှက်လို့  အလွယ်တကူ ထင်မိတဲ့ ဗဟုသုတနည်းပါး အခြားသူကို အခြေအမြစ်မရှိဘဲ ကဲ့ရဲ့ လိုတဲ့သူတွေ Angry Bird ဆိုတာ ဘာလည်း သိကြရဲ့ လား၊ Angry Bird အမျိုးအစား ဘယ်နှစ်မျိုး ရှိလည်းဆိုတာလည်း မသိဘဲ ရမ်းသမ်းပြောနေလေရဲ့ ။ Angry Bird ဆိုတာ ရန်သူကို အနိုင်ရဖို့  ဇွဲနဘဲကြီးစွာနဲ့  အချိန်ပြည့် လုံ့  လ၀ီရိယအားထုတ်ပြီး အသက်ကိုပါ မမှုဘဲ ရဲရဲဝန့် ဝန့်  တိုက်ခိုက်တတ်တဲ့ ငှက်သူရဲကောင်းမျိုးဆိုတာ သိကြရဲ့ လား။






အပြည့်ဖတ်မည်...

တားဆီးချူပ်ခြယ်ထားတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လက်မှတ်ရေးထိုးအပ်ပါသည် (နစ်နေမန်း)။

တားဆီးချူပ်ခြယ်ထားတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လက်မှတ်ရေးထိုးအပ်ပါသည် (နစ်နေမန်း)။




အပြည့်ဖတ်မည်...

ဆင်းရဲနေတဲ့ တိုင်းပြည်ကနေ လကမ္ဘာကို ပျားရည်သွားဆမ်းဖို့  ဆက်သွယ်ရေး လေ့ကျင့်နေတာများလား။

ဆင်းရဲနေတဲ့ တိုင်းပြည်ကနေ လကမ္ဘာကို ပျားရည်သွားဆမ်းဖို့  ဆက်သွယ်ရေး လေ့ကျင့်နေတာများလား။



အပြည့်ဖတ်မည်...

Sunday, June 22, 2014

ခေတ္တအဝေးရောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့  သြစတြေးလျနိုင်ငံ ရောက်ရှိခိုက် ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ အမှတ်တရ ကျင်းပခဲ့ကြ။

ခေတ္တအဝေးရောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့  သြစတြေးလျနိုင်ငံ ရောက်ရှိခိုက် ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ အမှတ်တရ ကျင်းပခဲ့ကြ။


အပြည့်ဖတ်မည်...

Saturday, June 21, 2014

သံဃာတော်တွေကိုပါ ချွတ်လိုက် ၀တ်လိုက် လုပ်နေတာလား။

သူတို့ တင် ချွတ်လိုက် ၀တ်လိုက် လုပ်နေတာ မဟုတ်ဖူး၊ သံဃာတော်တွေကိုပါ ချွတ်လိုက် ၀တ်လိုက် လုပ်နေတာလား။ သာသနာတော်ကို ရိုင်းပြစော်ကားနေကြတဲ့ မိစ္ဆာဒိဌိ အာဏာရူးတွေ။



အပြည့်ဖတ်မည်...

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့ ၏ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ပါလီမန်အမတ်များနှင့် တွေ့ ဆုံနေစဉ်။

သြစတြေးလျနိုင်ငံသို့  သွားရောက်နေသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့ ၏ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ပါလီမန်အမတ်များနှင့် တွေ့ ဆုံနေစဉ်။









အပြည့်ဖတ်မည်...

၈၈ ကျောင်းသားခေါင်းဆောင်တွေကို သြစတြေးလျနိုင်ငံရောက် မြန်မာမိသားစုများက ဂုဏ်ပြုဆုချီးမြှင့်။

၈၈ ကျောင်းသားခေါင်းဆောင်တွေကို သြစတြေးလျနိုင်ငံရောက် မြန်မာမိသားစုများက ဂုဏ်ပြုဆုချီးမြှင့်။




အပြည့်ဖတ်မည်...

၈၈ ကျောင်းသားခေါင်းဆောင်များ သွားရောက်သည့် သြစတြေးလျနိုင်ငံ ခရီစဉ်။

သြစတြေးလျနိုင်ငံသို့  သွားရောက်နေသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့ ၏ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ပါလီမန်အမတ်များနှင့် တွေ့ ဆုံနေစဉ်။




အပြည့်ဖတ်မည်...

Friday, June 20, 2014

နောက်နောင်အတွက် သိမ်းဆည်းထားရမယ့် မှတ်တမ်းဓါတ်ပုံ။

နောက်နောင်အတွက် သိမ်းဆည်းထားရမယ့် မှတ်တမ်းဓါတ်ပုံ။ သင်္ကန်းကို အလွယ်တကူ ချွတ် လူဝတ်လဲစေခိုင်းတဲ့သူတွေ ဘာသာတရားဆိုတာ နားလည်စေဖို့ ။



အပြည့်ဖတ်မည်...

Thursday, June 19, 2014

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၉ နှစ်မြောက်မွေးနေ့ ဂုဏ်ပြု ဗွီဒီယို။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၉ နှစ်မြောက်မွေးနေ့ ဂုဏ်ပြု ဗွီဒီယို။






အပြည့်ဖတ်မည်...

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၉ နှစ်မြောက်မွေးနေ့ ဂုဏ်ပြု ဗွီဒီယို။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၉ နှစ်မြောက်မွေးနေ့ ဂုဏ်ပြု ဗွီဒီယို။





အပြည့်ဖတ်မည်...

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၉ နှစ်မြောက်မွေးနေ့  အထူးအမှတ်တရ။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၉ နှစ်မြောက်မွေးနေ့  အထူးအမှတ်တရအနေနဲ့  ရန်ကုန်မြို့  ပန်းချီပြခန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်လွှာပေါင်း (၇၀) ကျော်ကို ပြသထားပါတယ်။






အပြည့်ဖတ်မည်...

ယနေ့  မွေးနေ့ ရက်မှာ တွေ့ မြင်ရတဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

ယနေ့  မွေးနေ့ ရက်မှာ တွေ့ မြင်ရတဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။



အပြည့်ဖတ်မည်...

မွေးနေ့ ရှင် ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည် ဆုမွန်ကောင်း တောင်းမှု။

မွေးနေ့ ရှင် ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည် ဆုမွန်ကောင်း တောင်းမှု။


အပြည့်ဖတ်မည်...

Wednesday, June 18, 2014

လူထုမိခင်အတွက် မွေးနေ့ ဆုတောင်း။

လူထုမိခင်အတွက် မွေးနေ့ ဆုတောင်း။

ပင်ပန်းနွမ်းနယ်မှုများ ပြေလျော့ကာ အမောပြေလို့  ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ရွှင်လန်းချမ်းမြေ့ခြင်း ရရှိပါစေသား (လူထုမိခင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက် မွေးနေ့ အတွက် ဆုမွန်ကောင်းတောင်းခြင်း - ဇွန်လ ၁၉ ရက်နေ့ ၊ ၂၀၁၄ ခုနှစ်)။

လေးစားစွာဖြင့် -

နစ်နေမန်း။



အပြည့်ဖတ်မည်...

Monday, June 16, 2014

မဟာသန္တိသုခကျောင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်။

မဟာသန္တိသုခကျောင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်။



အပြည့်ဖတ်မည်...

“အမိုးမရှိတဲ့ ကောင်းကင်” (Open the Sky) မှတ်တမ်းရုပ်ရှင်အတွက် ကမ်းလှမ်းချက်။

“အမိုးမရှိတဲ့ ကောင်းကင်” (Open the Sky) မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးသာ ခွင့်ပြုမယ်ဆိုရင် လူမျိုးကွဲပြားခြားနားမှု ဘာသာကွဲပြားခြားနားမှုအပေါ် မူမတည်ဘဲ အမှန်တရားနဲ့  မတရားမှုကို ဖော်ထုတ်လိုတဲ့အတွက်ကြောင့်ရယ်၊ လက်သည်တရားခံအစစ်တွေဟာ ဘယ်သူဘယ်ဝါတွေဆိုတာရယ် သိရှိနိုင်ဖို့  နစ်နေမန်းဘလော့ကနေ ပြသပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း ကမ်းလှမ်းပါတယ်။


အပြည့်ဖတ်မည်...

Wednesday, June 11, 2014

ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့  - မတရားမှုကို ရဲရဲဝန့် ဝန့်  ထုတ်ဖော်ရမယ့် အချိန် ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့  - မတရားမှုကို ရဲရဲဝန့် ဝန့်  ထုတ်ဖော်ရမယ့် အချိန် ဖြစ်ပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကြီးကို ညဘက်ချိန်ခါ သိမ်းပိုက်မှုကို ကန့် ကွက်ကြပါ၊ ငွေကြာယံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းရိုက်ပုတ်ခဲကြတာ မမေ့ကြပါနဲ့ ၊ ၂၀၀၇ ရွှေဝါရောင်မှာ စစ်မှန်တဲ့ သံဃာတော်တွေ သွေး မြေကြခဲ့တာကို ပြန်မြင်ယောင်ကြပါ။

အဓမ္မ၀ါဒီ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် ခွဲခြားဖော်ထုတ်ကြပါ။

ဒီအချိန်ကာလဟာ အရေးကြီးဆုံးအချိန်ကာလပါ။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဖို့  အရေးကြီးသလို မမှန်ကန်တဲ့ ဘာသာရေးခုတုံးလုပ် အကြမ်းဘက်သူတွေကို တွန်းလှန်ဆန့် ကျင် ဖြိုလှဲကြပါ။




အပြည့်ဖတ်မည်...

အကြမ်းဘက် ဒါးမြဂိုဏ်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)။

အကြမ်းဘက် ဒါးမြဂိုဏ်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)။

ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသ ထူထောင်ခဲ့တဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်သိမ်းပိုက်မှုနဲ့  ပတ်သက်လို့  သမိုင်းနောက်ခံ အကြောင်းအရာပါ။

ဒီ မဟာသန္တိသုခကျောင်းတိုက်ကြီးကိစ္စနဲ့  ပတ်သက်လို့  ပီနန်ဆရာတော်ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်တွေ့ ဆုံခွင့် ရရှိခဲ့ချိန်ကလည်း ဆရာတော်ဘုရားကြီးက အဖြစ်အပျက် အကြောင်းအရာတွေကို မိန့် ကြားပြောပြခဲ့လို့  သိရှိခဲ့ရပါတယ်။

ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသ ထူထောင်ခဲ့တဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို စစ်အစိုးရက သိမ်းယူခဲ့ပြီး မင်္ဂလာဆောင်ခန်းမတွေ၊ အစည်းအဝေးတွေ အစရှိတဲ့ ဘာသာသာသနာနဲ့  မသက်ဆိုင်တဲ့ အလုပ်တွေကို လုပ်ခဲ့ကြတယ်။ ပြီးတော့ ဒီဟာတွေ ဖြစ်နေလို့ ပါဆိုပြီး အခွင့်ကောင်းယူကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်။ နောက်တော့ ပိုင်ဆိုင်သူက သူတို့  ဖြစ်ပါတယ်ဆိုပြီး ဇတ်ကွက်ဆင်တော့တာပါဘဲ။

စစ်အိစုးရရဲ့  အလိုကျ ကြိုးဆွဲရာ ကနေတဲ့ နိုင်ငံတော် သံဃနာယကအဖွဲ့က သူတို့ ပိုင်ပါတယ်ဆိုပြီး ကြိမ်းဝါးကာ ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသကို ကျောက်တိုက်မှ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့  နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့  အမိန့်  ထုတ်ခဲ့တယ်။ ဒီလို မတရားလုပ်ဆောင်မှုကို ပီနန်ဆရာတော်ဘုရားကြီးက ငြင်းဆန်ပြီး ကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံးခဲ့တယ်။

တာမွေမြို့နယ်၊ ကျောက်မြောင်း၊ နတ်ချောင်း၊ မလွှကုန်းနှင့် မေတ္တာညွှန့်ရပ်ကွက်တွေက ဒကာ၊ ဒကာမများ၊ အလှူရှင်တွေက ပီနန် ဆရာတော်ကြီးနှင့် တပည့်သံဃာများကို ကျောင်းတိုက်မှ ထွက်ခွာခြင်းမပြုရန် လာရောက် မေတ္တာရပ်ခံခဲ့ကြတယ်။

ဒီ မဟာသန္တိသုခကျောင်းတိုက်ကြီးကို နိုင်ငံတကာနဲ့  မြန်မာနိုင်ငံရှိ အလှူရှင်များကနေ စုပေါင်းလှူဒါန်းဆောက်လုပ်ပြီး ပီနန်ဆရာတော်ကြီး ဦးပညာဝံသကို လှူဒါန်းခဲ့တာ ဖြစ်တယ်။ မဟာသန္တိသုခကျောင်းတိုက်ကြီးရဲ့  မူလပိုင်ရှင်ဟာ ပီနန်ဆရာတော်ဘုရားကြီးသာ ဖြစ်တယ်။

၂၀၀၂ ခုနှစ်တုန်း ပီနန်ဆရာတော်ဘုရားကြီး မလေးရှားနိုင်ငံကို သွားရောက်သီတင်းသုံးနေချိန်မှ ကျောင်းတိုက်ရဲ့  အုပ်ချုပ်ရေုးဆိုင်ရာကိစ္စများ လျော့ရဲနေတယ်ဆိုပြီး စစ်အစိုးရ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်ကနေ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံကို ကျောင်းတိုက်ကြီးကို ခေတ္တစောင့်ရှောက်ထားဖို့ ဆိုပြီး အပ်နှံထားခဲ့တယ်။

ဒီဟာကို အခွင့်ကောင်းယူပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဒီကျောင်းတိုက်ကြီးကို သိမ်းပိုက်လိုခဲ့တယ်။ မတရားတဲ့အမိန့် တွေ ထုတ်ပြီး ပီနန်ဆရာတော်ဘုရားကြီးရဲ့  ကျောင်းတိုက်ကြီးကို ရယူပိုင်ဆိုင်နိုင်အောင် အမျိုးမျိုး ဖန်တီးနေခဲ့တယ်။

ဖန်တီးချက်တွေကတော့ ပီနန်ဆရာတော်ဘုရားကြီး မရှိခိုက်အချိန်မှာ ကျောင်းတိုက်ကြီးကို မင်္ဂလာဆောင်ခန်းမတွေ၊ အစည်းအဝေးတွေ၊ ကပွဲတွေ၊ အကသင်တန်းများတွေ အစရှိတဲ့ ဘာသာသာသနာနဲ့  ဘားဘားမှ မဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာကြောင့် မဟာသန္တိသုခကျောင်းတိုက်ကြီး ပျက်ဆီးသွားမှာ သာသနာငြိုးနွမ်းစေတာတွေကြောင့် ၂၀၁၃ ခုနှစ်မှာ ပီနန်ဆရာတော်ဘုရားကြီးက နိုင်ငံတော်သမ္မတ သိန်းစိန်ထံ မေတ္တာရပ်ခံ စာရေးတင်ပြခဲ့တယ်။ ဒီစာတင်ပြပြီးနောက်ပိုင်း သက်ဆိုင်ရာက စုံစမ်းမှုများ ပြုလုပ်နေစဉ်အတွင်းမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကျောင်းတိုက်ပိုင်ဆိုင်ကြောင်း အငြင်းပွားမှု ပေါ်ပေါက်လာတာ ဖြစ်တယ်။

ပီနန်ဆရာတော်ဘုရားကြီးက စာရေးတင်ပြတဲ့အခါ သမ္မတ သိန်းစိန်က ဒီကိစ္စကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေ လက်ထဲကို အပ်လိုက်တယ်။ မြင့်ဆွေတို့က မြို့နယ်၊ ရပ်ကွက်အထိ စစ်ဆေးပြီးတော့ သူတို့လူပုဂ္ဂိုလ်တွေဘက်ကတော့ စစ်ဆေးပြီးပြီ၊ သံဃာတွေဘက်က စစ်ဆေးပေးပါဆိုတော့မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဒီကျောင်းကြီးကို နိုင်ငံတော်က သူတို့ကို လှူထားတာတဲ့။ နိုင်ငံတော်က လှူထားတဲ့ ပိုက်ဆံတွေက များတဲ့အတွက် သူတို့ပဲ ပိုင်တယ်ဆိုပြီး အကြောင်း ပြန်ကြားခဲ့တယ်။

တကယ်ဆိုရင် မဟာသန္တိသုခကျောင်းတိုက်မြေနေရာဟာ ၁၉၉၅ ခုနှစ်မှာ ဂရန်အမည်ပေါက် ရရှိခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ပီနန်ဆရာတော်ဘုရားကြီးရဲ့  အမည်နဲ့  သာသနာ့မြေအဖြစ် တရားဝင် အသိအမှတ်ပြုချက် ရရှိခဲ့တာ ဖြစ်ပြီး မြေပိုင်ဆိုင်မှု၊ ကျောင်းပိုင်ဆိုင်မှု အစရှိတဲ့ ပိုင်ဆိုင်မှုအ၀၀ဟာ ပီနန်ဆရာတော်ဘုရားကြီးထံမှာဘဲ ရှိနေပါတယ်။

ယခုတော့ ပိုင်ရှင်အစစ်အမှန် ပီနန်ဆရာတော်ဘုရားကြီး မရှိတဲ့ အချိန်မှာ ညကြီးမင်းကြီး ၀င်ရောက်သိမ်းပိုက်တာကတော့ တကယ့်မတရားမှုကြီးပါဘဲ။

မဟာသန္တိသုခကျောင်းတိုက်ကြီးကို ယခုလို အကြမ်းဘက်ဝင်ရောက်သိမ်းပိုက်တာမှာ အဓိကတရားခံဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ဘုန်းကြီးအာဏာရှင်တွေ ဖြစ်ပါတယ်။ ပူးတွဲတရားခံကတော့ ရန်ကုန်တိုင်းဝန်ကြီးချူပ်ဖြစ်ပါတယ်။ နောက်က ကြိုးဆွဲစေခိုင်းသူတွေကတော့ ဘယ်သူတွေ ဖြစ်မလည်းဆိုတာ မေးနေစရာ မလိုအောင် သိကြမှာပါ။

ယခုလုပ်ရပ်ကတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့  ခွေးကျင့်ခွေးကြံကြံတဲ့ လုပ်ရပ်ကို ပေါ်ပေါ်တင်တင်ကြီး ပြလိုက်တာပါဘဲ။ အာဏာရှင်အဆက်ဆက်လက်ထက်မှာ စစ်မှန်တဲ့ သံဃာတော်တွေကို အာဏာရှင်အလိုကျ အမျိုးမျိုး တံဆိပ်ကပ် စွပ်စွဲပြီး ဖမ်းဆီးခိုင်းတာတွေ၊ ကျောင်းတိုက်တွေကနေ မောင်းထုတ်တာတွေ၊ သင်္ကန်းဆွဲချွတ် အဓမ္မလူဝတ်လဲခိုင်းတာတွေ၊ သာသနာတော်ဆိုင်ရာ ဘာသာရေးဆောင်ရွက်မှုတွေကို ပိတ်ပင်တာတွေ မတရားလုပ်နေပြီး၊ တစ်ဘက်ကကြတော့ အာဏာရှင်တွေ ပေးကမ်းဆက်ကပ်တဲ့ ဆွမ်းခဲဘွယ်အဆီအစိမ့် တွေကို ယစ်မူးသာယာ စည်းစိမ်ခံ မှိန်းမောနေပြီး၊ လက်ဆောင်တံပိုးဝတ္ထုတွေဖြစ်တဲ့ ငွေ ကား ကျောင်း အသုံးအဆောင်ပစ္စည်းတွေကို မက်မောတွယ်တာ လောဘ မောဟကြီးစွာနဲ့  နေနေကြတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ဆိုတာ နောက်ဆုံးတော့ ဗုဒ္ဒမြတ်စွာဘုရားရဲ့  သွန်သင်ဆုံးမမှုကို အလေးမထား ဖောက်ပြန်နေကြတဲ့ သာသနာ့သစ္စာဖောက်တွေဘဲ၊ သီလ သမာဓိနဲ့ မညီတော့တဲ့ ၀ါသာကြီးပြီး အဓမ္မလမ်းစဉ်ကျင့်သုံးနေကြတဲ့ အဓမ္မ၀ါဒီ အရည်းကြီးဂိုဏ်းကြီး ဖြစ်နေပါပြီ။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) - အလိုမရှိပါ။

နစ်နေမန်း။



အပြည့်ဖတ်မည်...

Walkie Talkie စကားပြောစက်ကိုင် သင်္ကန်းဝတ်အဖျက်သမားများ။

ဘုန်းကြီးအချင်းချင်း ဒုက္ခပေး၊ ဘာသာသာသနာကို ခုတုံးလုပ် အာဏာရှင်အလိုကျ လုပ်နေကြတဲ့ ဒီ Walkie Talkie ကိုင် ဘုန်းကြီးတွေဟာ တိုင်းပြည်နဲ့  ပြည်သူတစ်ရပ်လုံးအတွက် အန္တရာယ်ကောင်တွေဘဲ။ သင်္ကန်းဝတ် အဖျက်သမားတွေ။




အပြည့်ဖတ်မည်...

Tuesday, June 10, 2014

*ဘောလုံးနှင့်တူသော ကျောင်းဆရာဘ၀*

ရက်စွဲ - ဇွန်လ (၉) ရက်၊ ၂၀၀၄ ခုနှစ်။

သို့  - ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဌာန။

*ဘောလုံးနှင့်တူသော ကျောင်းဆရာဘ၀*

အားကိုးရာမဲ့ ပညာရေးဝန်ထမ်းဖြစ်သူ ကျွန်တော်၏ ဘ၀အကြောင်း သက်ဆိုင်ရာများထံ ခံစားချက်ကို ရင်ဖွင့်ပါရစေ။

ကျွန်တော်ဟာ ဖွံဖြိုးရေးတက္ကသိုလ်အမှတ်စဉ် (၂၅) ကို ၉၀-၉၁ ခုနှစ်မှ ၉၃ ၉၄ ခုနှစ်ထိ တက်ခဲ့ပြီး၊ သင်တန်းဆင်းတော့ N.D.A (K) အထူးဒေသ (၁) ၀ိုင်းမော်မြို.နယ် တရုပ်နယ်စပ် စင်ကြိုင်အ.မ.က နဲ့  မူလွန် (ဝေမိုး) မှာ ၁.၄.၁၉၉၄ မှ ၁၄.၁၂.၂၀၀၈ အထိ ၁၄နှစ်၊ ၈လကြာအောင် ပညာရေးတာဝန်နှင့် အခြားသောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။ ၄င်းနောက် ၁၅.၁၂.၂၀၀၈ နေ.မှာ မြစ်ကြီးနားနှင့် အသွားအပြန် မိုင် (၂၀) ကွာဝေးသော မြစ်ဆုံကားလမ်းပေါ်ရှိ မူလွန်နောင်နန်း (၅) ကို ပြောင်းရွှေ့ ခံခဲ့ရပါတယ်။

၂၀၀၉-၂၀၁၀ ခုနှစ်မှာ ပညာရေးဘီအီးဒီ ပဘ-၁၉ကို တဖတမှာ (၁) နှစ်တက်ခဲ့ရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးက ၂၀၁၂ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့  နေ့ စွဲပါ အမိန်.ကြေငြာစာအမှတ်-၀၀၅ နှင့် ၉.၈.၂၀၁၂ ရက်နေ.တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေးအမှတ်စဉ် (၃၀/၂၀၁၂) ၏ သဘောတူညီချက်အရ BEd,ဘွဲ့ ရ မူလတန်းကျောင်းအုပ်များအား ပညာရှင်အဆင့် (၃) အဖြစ် ၁၇.၈.၂၀၁၂ ရက်နေ့  မှစ၍ တိုးမြင့် ခံစားခွင့် ပြုခဲ့ပါတယ်။

၁၇.၈.၂၀၁၂ ရက်နေ့  အထိ လုပ်သက်ရမှတ်မှာ ၁၄.၁၆ ရရှိပြီး ဖြစ်ပါတယ်။ တာဝန်ယူရသော ကျောင်းကိုလည်း မူလွန်အဆင့်မှ အ.လ.က(ခွဲ) အလက (ခွဲ) မှ အ.လ.ကအဆင့်သို့  တိုးတက်အောင် ကြိုးစားပေးခဲ့ပြီးသော်လည်း မြို့ ပေါ် လစ်လပ်သည့်ကျောင်းကို မပေးဘဲ တောကို ပြန်ပို့  ခံခဲ့ရပါတယ်။

မမှန်မကန် ဆောင်ရွက်တတ်သော အောက်ခြေအဆင့် (မြို.နယ် ခရိုင် ပြည်နယ်ပညာရေးမှူးများ၊ ပြည်နယ်ပညာရေးဝန်ကြီးများရဲ့  အဂတိလိုက် ခြစားမှုကြောင့် မဖြစ်သင့်သော ပြသနာများ ဖြစ်နေရသလို၊ ပညာရေးဝန်ထမ်းများမှာလည်း ဘောလီဘောကဲ့သို့  ပုတ်ထုတ်ခြင်း ခံနေရပါတယ်။

ကျွန်တော်ဟာ ကျွန်တော်ရဲ့  ကျောင်းကို ကျောင်းအဆင့် တိုးမြင့်အောင် အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အခု ကျောင်းအဆင့်တိုးမြင့်လာတော့ ကျွန်တော့်အတွက် ရလာတဲ့ ရလာဒ်ကတော့ တောကို လွင့်စေခဲ့ပါတယ်။

နိုင်ငံတော်ကြီးရဲ့  အဓိကရည်မှန်းချက်ဖြစ်တဲ့ ပညာရည်မြင့်မားတိုးတက်ရေးဆောင်ရွက်ရာမှာ ကျောင်းဆရာများရဲ့  စိတ်ဓာတ်ကို ရိုက်ချိုးပြီး ယူလို့  ရပါသလား။ ကြိုးစားခဲ့ရသူတွေကို နစ်နာစေတာဟာ ရာထူးကြီးတဲ့ ဆွေမျိုးတွေ မရှိလို့  လား။ ဒါမှမဟုတ် ဌာနအကြီးအကဲတွေဟာ ကြိုးစားတဲ့သူတွေကို မကြိုက်လို့ များ ဘောလီဘောလို ပုတ်ထုတ်လေရော့လားဆိုတာ စဉ်းစားစရာပါ။

လုပ်သက်နဲ့  တန်းစီင်္ဇယားနဲ့  စီစဉ်တယ်ဆိုရင်လဲ လုပ်သက်နည်းနည်းလေးသာရှိတဲ့ လူတွေ ဂရိတ်ဆိုတဲ့ ကျောင်းတော်ကြီးတွေဆီကို ပို့ ပေးလိုက်တာကရော စဉ်းစားစရာ ဖြစ်နေပါတယ်။

ကျောင်းအဆင့် တိုးမြင့် အောင် ဆောင်ရွက်တဲ့ ကျောင်းအုပ်တိုင်း ဦးစားပေးမခံရဘဲ တောကို အလွင့်ခံရမယ်ဆိုရင်တော့ နောက်နောင် ကြိုးစားဆောင်ရွက်ဖို့  ကြောက်လန့်  နေကြတော့မှာ သေချာပါတယ်။

အကြီးအကဲများရဲ့  နေရာချထားရေး မှန်ကန်မှု ရှိမရှိ၊ ယခု ထွက်ရှိလာသော
အမိန့် ORDER များကို အသေအချာ စီစစ်ကြည့်ပါက ထင်ရှားစွာ သိသာစေနိုင်ပါတယ်။ သို့ ဖြစ်ပါသောကြောင့် ပညာရေးဌာနမှ ရွေးခြယ်လိုက်သော ကျောင်းအဆင့် တိုးခြင်းခံရသူများအားလုံး ဒီလိုပဲ လက်ခုတ်ထဲကရေ သွန်လိုသွန် မှောက်လိုမှောက် ပြုလုပ်လို့  ရပါသလားဗျာ။ ကျွန်တော်တို့ ရဲ့  ပညာရေးအပေါ် ကြိုးစားမူရလာဒ်က ဒါလားဗျာ။ တရားမျှတမူဆိုတာ ထမင်းအိုးတွေ ရိုက်ခွဲ နင်းခြေ ဖျက်စီးခြင်းခံရတာလားဗျာ။ အထက်က မူဝါဒမှာ လုပ်သက်တန်းစီ ဇယားအပြင် အရည်အချင်းကိုပါ ကြည့်သင့်ပါတယ်။ ဆန္ဒပြုလွှာတွေ တောင်းမည်ဟု ဆိုထားပါသော်လည်း အခုကျွန်တော်တို့ ကို မိခင်ပညာရေးဌာနကလွဲလို့  ဘယ်သူရပ်တည်ဖြေရှင်းပေးမှာလဲဗျာ။

ဆရာ့ဘ၀ရလာဒ်က ဒီလောက်ဆိုးရွားလှပါလား။ အားကိုးရင်း ဘ၀တူဆရာတို့ ကို အကူညီတောင်း ရင်ဖွင့် ခံစားဖော်ပြလိုက်ရပါတယ်။ နည်းလမ်းများပေးရင်း ကူညီဖြေရှင်းပေးကြပါဦးဗျာ.....။

လေးစားမူများစွာဖြင့် -

ဦးသိန်းဇော်
အ.လ.က (၅) နောင်နန်း
မြစ်ကြီးနား။ ဖုန်း - 09400041566




အပြည့်ဖတ်မည်...

Monday, June 9, 2014

နိုင်ငံတကာသတင်းတွေအထိပါ ကျော်ကြားနေတဲ့ မိန်းမဖြစ်သူ ခင်စန္ဒာထွန်းလုပ်ရပ်ကြောင့် လင်ဖာတရာရဲထွဋ်တော့ အောင်ဖေရတော့မယ်။

နိုင်ငံတကာသတင်းတွေအထိပါ ကျော်ကြားနေတဲ့ မိန်းမဖြစ်သူ ခင်စန္ဒာထွန်းလုပ်ရပ်ကြောင့် လင်ဖာတရာရဲထွဋ်တော့ အောင်ဖေရတော့မယ်။



အပြည့်ဖတ်မည်...