Wednesday, July 30, 2014

ပျော့နွဲ့ နွဲ့ သူတွေကို ဇာတ်တူသားစားကာ ဖယ်ရှားပြီ။

ပျော့နွဲ့ နွဲ့ သူတွေကို ဇာတ်တူသားစားကာ ဖယ်ရှားပြီ။

သာသာနာရေးဝန်ကြီး ဦးဆန်းဆင့်ကို အကြီးအကျယ် ပြသနာရှာနေတုန်းဘဲ ရှိနေချိန်မှာ -

ဦးအောင်ကြည် (ပြန်ကြားရေးဝန်ကြီး) နဲ့  ဒေါက်တာ ဖေသက်ခင် (ကျန်းမာရေးဝန်ကြီး) တို့ ကို ၀န်ကြီးအဖြစ်က ပထုတ်လိုက်တာကတော့ ဘာနဲ့  အလားသဏ္ဍန်တူသလည်းဆိုတော့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ရန်သူ (ရဟန်းရှင်လူ ပြည်သူလူထု) ကို အမိန့် အတိုင်း ပစ်ခတ်ဖို့  တွန့် ဆုတ်နေတဲ့ မြို့ ပေါ်က တပ်တွေကို ဖယ်ရှားပစ်လိုက်ပြီး၊ နယ်ဒေသက တပ်မတွေနဲ့  အစားထိုးကာ မြို့ ပေါ် သူပုန်တွေ ၀င်ရောက်နေပြီဆိုပြီး လိမ်ညာကာ အမိန့် အတိုင်း နာခံမယ့်သူတွေနဲ့  လဲလိုက်တာနဲ့ အတူတူပါဘဲ။

၂၀၁၅ ခုနှစ် မတိုင်ခင် သိန်းစိန်တို့ ဟာ အရင် ၂၀၁၀ ခုနှစ်လို ပျော့မနေတော့ဘဲ ကြမ်းတော့မယ် အစွယ်ထုတ်ပြတော့မယ် မင်းသားခေါင်း ချွတ်တော့မယ် ဘီလူးက ပြန်ကတော့မယ်ဆိုတာ ပြန်စပါပြီ။


No comments: