Saturday, July 5, 2014

လုံခြုံရေးအင်အားစုတွေ တပ်မတော်သားတွေ ဆက်လက်အညာမခံရပါစေနဲ့ ၊ ပြည်သူပြည်သားတွေလည်း သွေးစွန်းတဲ့ မြေစာပင် မဖြစ်ရပါစေနဲ့ ။

လုံခြုံရေးအင်အားစုတွေ တပ်မတော်သားတွေ ဆက်လက်အညာမခံရပါစေနဲ့ ၊ ပြည်သူပြည်သားတွေလည်း သွေးစွန်းတဲ့ မြေစာပင် မဖြစ်ရပါစေနဲ့ ။

၁၉၆၂ ခုနှစ် အချိန်ကာလ - ကွန်မြူနစ်တွေ ရောင်စုံသူပုန်တွေ သောင်းကျန်းသူတွေကို တပ်မတော်က နှိမ်နင်းဖို့  လုံခြုံရေးအင်အားစုတွေ တပ်မတော်သားတွေ အသက်စတေးခံခဲ့ကြသည်အထိ အမိန့် ထုတ် ညွှန်ကြားစေခိုင်းခဲ့။

ကြည့်လိုက်တော့ အာဏာရှင်ရဲ့  ဖိနှိပ်ချုပ်ခြယ်မှုကို ဆန့် ကျင်နေကြတဲ့ အင်အားစုတွေ၊ တိုင်းရင်းသားဌာနေဒေသတွေမှာ ရွာကို မီးရှို့  ပေါ်တာဆွဲ လူသားမိုင်းရှင်း မုဒိန်းကျင့်လမ်းစဉ်ချမှတ်ကျင့်သုံးစေခိုင်းခဲ့တဲ့ အာဏာရှင်ဗိုလ်ချူပ်ကြီးတွေကို တွန်းလှန်တော်လှန်နေကြတဲ့ တစ်မြေထဲနေ တစ်ရေထဲသောက် ညီရင်းအကိုမောင်ရင်းနှမတွေ။

၁၉၈၈ ခုနှစ် အချိန်ကာလ - တိုင်းပြည်ကို ပြိုကွဲပျက်ဆီးအောင် လုပ်နေကြတဲ့ သောင်းကျန်းသူတွေ မြို့ တွင်းရောက်ပြီး မြို့ အနှံ့ နယ်အနှံ့ မှာ ဆူပူသောင်းကျန်း အဖျက်လုပ်နေကြပြီဆိုပြီး လုံခြုံရေးအင်အားစုတွေ တပ်မတော်သားတွေကို ပြည်သူလူထုမုန်းတီးမှု ခံခဲ့ကြရသည်အထိ အမိန့် ထုတ် ညွှန်ကြားစေခိုင်းခဲ့။

မြင်လိုက်ရတော့ မြို့ တွင်းရောက် သောင်းကျန်းသူတွေဆိုတာ အပ်တိုတစ်ချောင်းမျှမရှိ၊ နုနယ်ပျိုရွယ်လှတဲ့ ကျောင်းသူကျောင်းသားလေးတွေနဲ့  ဌာနဆိုင်ရာအသီးသီးက အလုပ်သမားတွေ ကျေးရွာနယ်မြေအသီးသီးက လယ်သမားတွေ နောက်ဆုံး လုံခြုံရေးအင်အားစုတွေ တပ်မတော်သားတွေရဲ့  မိသားစူဆွေမျိုးအသိုင်းအ၀န်းကပါ ပါကြတဲ့ ပြည်သူလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်မှုတွေ။

၂၀၀၇ ခုနှစ် အချိန်ကာလ - သံဃာတော်အတုတွေ ဘာသာသာသနာကို ငြိုးနွမ်းအောင် လုပ်ဆောင်နေကြသူတွေ၊ လမ်းမတွေပေါ်မှာ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးနေသြသူတွေ ရန်က ကာကွယ်ဖို့  လုံခြုံရေးအင်အားစုတွေ တပ်မတော်သားတွေကို အပယ်ငရဲလားစေမှု ခံခဲ့ကြရသည်အထိ အမိန့် ထုတ် ညွှန်ကြားစေခိုင်းခဲ့။

တကယ်တမ်း တွေ့ ကြုံလိုက်ရတာက ကြည်ညိုဖွယ်ကောင်းလောက်အောင် မေတ္တာတရားရှေ့ ထားပြီး လမ်းလျှောက်မေတ္တာ ပို့ သနေကြတဲ့ ရိုသေအလေးမြတ်ထား ကိုးကွယ်နေကြတဲ့ သံဃာတော်တွေ။

၂၀၁၀ ခုနှစ်လွန်ကာလ - မျိုးစောင့်ဥပဒေ ထုတ်မှ ဖြစ်မယ်၊ ဗုဒ္ဒဘာသာသာသနာ ကာကွယ်မှ ဖြစ်မယ်၊ အသားအရောင်မဲရင် ဒို့ ရန်သူ၊ ဘာသာခြားရင် တိုင်းပြည်ဖျက်ဆီးမည့်သူဟု စိတ်ရိုင်းရိုက်သွင်းကာ ဇာတိမာန်တက်ကြွဖို့  မျိုးချစ်စိတ်ပြင်းထန်ဖို့  လုံခြုံရေးအင်အားစုတွေ တပ်မတော်သားတွေကို အယူလွဲမှား ပြည်သူအမုန်းများ ခံခဲ့ကြရသည်အထိ အမိန့် ထုတ် ညွှန်ကြားစေခိုင်းခဲ့။

တကယ်တမ်း လက်တွေ့ ဖြစ်နေကြတဲ့ အဖြစ်အပျက် လေ့လာသုံးသပ်ကြည့် - အပြစ်မဲ့တဲ့သူတွေ သေကြေကြဖို့  အမုန်းတရားတွေ ဖန်တီး မြို့ ရွာပျက်ဆီး ကျီးလန့် စားစားနေကြရ အသက်ကို ဖက်နဲ့ ထုပ် မဟုတ်တရုတ် အရှုပ်တွေနဲ့  အေးချမ်းသာယာမှုကို ဖျက်ဆီးပစ်နေကြတဲ့ အယောင်ဆောင် အကြမ်းဖက်လူရမ်းကားတွေရဲ့  အကွက်ဆင် ဇာတ်လမ်းအကြား အသက်ပေးဆပ်နေကြရတဲ့ မြန်မာပြည်ရဲ့  အရိပ်အောက်မှာ နေနေကြတဲ့ ပြည်သူပြည်သား မိသားစုတွေ။

၂၀၁၅ ခုနှစ် - ဒီလိုသာ ဆက်ဖြစ်နေကြရင် ဆက်အဖြစ်ခံကြရင် အသက်ဆုံးရှုံး တိုင်းပြည်မငြိမ်းချမ်း ပြိုကွဲပျက်ဆီးကြရမှာ အသင်တို့  ကျွန်ုပ်တို့ ဘဲ ဖြစ်မှာပါလို့ ။


No comments: