Saturday, July 5, 2014

ပြည်သူ့ ဘက်တော်သား IT ကျွမ်းကျင်သူများ၊ ကွန်ပျူတာပညာရှင်များ၊ ဟက်ကာများသို့  မေတ္တာရပ်ခံခြင်း။

ပြည်သူ့ ဘက်တော်သား IT ကျွမ်းကျင်သူများ၊ ကွန်ပျူတာပညာရှင်များ၊ ဟက်ကာများသို့  မေတ္တာရပ်ခံခြင်း။

- လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရေး ကြီးမားပြင်းထန်ရေးအတွက် လုပ်ဆောင်နေကြသော အကြမ်းဘက်သူများ တစ်ဦးချင်း၏ အစုအဖွဲ့ ၏ အကောင့်များအား ၀င်ရောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာရေးနှင့် ပြည်သူလူထု အသက်အန္တရာယ် ထိခိုက်စေနိုင်သော ဖန်တီးမှုများကို ဖော်ထုတ်ပေးကြပါရန်နှင့် ပိတ်ပင်တားမြစ်ပေးကြပါရန်၊

- ဘာသာအသီးသီးအတွင်း ၀င်ရောက်အယောင်ဆောင်၍ ဘာသာတစ်ခုနှင့်တစ်ခု လူမျိုးတစ်မျိုးနှင့်တစ်မျိုး အမုန်းပွား ပဋိပက္ခဖြစ်စေရန် ဖန်တီးနေကြသောသူများ တစ်ဦးချင်း၏ အစုအဖွဲ့ ၏ အကောင့်များအား ၀င်ရောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာရေးနှင့် ပြည်သူလူထု အသက်အန္တရာယ် ထိခိုက်စေနိုင်သော ဖန်တီးမှုများကို ဖော်ထုတ်ပေးကြပါရန်နှင့် ပိတ်ပင်တားမြစ်ပေးကြပါရန်၊

- ပြည်သူလူထု နှစ်ပေါင်းမြောက်မြားစွာ လိုလားတောင့်တနေကြသည့် စစ်မှန်သော ဒီမိုကရေစီစနစ်အား ယုံကြည်မှု လျော့ကျစေရန် အမျိုးမျိုးသော နည်းလမ်းများဖြင့် နှောင့်ယှက်ဖျက်ဆီးကာ၊ ပဋိပက္ခများစွာ တစ်ခုပြီး တစ်ခု ဖန်တီးနေကြသောသူများ တစ်ဦးချင်း၏ အစုအဖွဲ့ ၏ အကောင့်များအား ၀င်ရောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာရေးနှင့် ပြည်သူလူထု အသက်အန္တရာယ် ထိခိုက်စေနိုင်သော ဖန်တီးမှုများကို ဖော်ထုတ်ပေးကြပါရန်နှင့် ပိတ်ပင်တားမြစ်ပေးကြပါရန်၊

ပြည်သူ့ ဘက်တော်သား IT ကျွမ်းကျင်သူများ၊ ကွန်ပျူတာပညာရှင်များ၊ ဟက်ကာများအနေဖြင့် နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက် မိမိတို့  တတ်ကျွမ်းသည့် ပညာရပ်ပိုင်းမှ သစ္စာတရားအား ဆောက်တည်ကျင့်သုံး၍ မှန်ကန်သော စေတနာရည်ရွယ်ချက်ဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက်ထား မေတ္တာရပ်ခံ အကူအညီတောင်းခံအပ်ပါသည်။


No comments: