Wednesday, August 6, 2014

ရထားကြီးကို ပြိုင်တူတွန်းကြတယ်။

ယခုလေးဘဲ တွေ့ လိုက်ရတဲ့ သတင်းတစ်ခုပါ။ ရထားဘူတာရုံတစ်ခုမှာ ခရီးသည်တစ်ဦး ရထားပေါ်ကအဆင်း ပလက်ဖောင်းနဲ့  ရထားကြားတဲကို ခြေထောက်ကျသွားပြီး ညှပ်နေတာကို ခရီးသည်တွေအားလုံး တန်းစီပြီး ညီညီညာညာနဲ့  ရထားကို ၀ိုင်းမ တွန်းပေးလို့  ဘေးအန္တရာယ်မှ လွတ်မြောက်သွားတယ်။

ဒီ ဖြစ်ရပ်ကို ကြည့်ပြီး လူထုစွမ်းအားနဲ့  တက်ညီလက်ညီ ဆောင်ရွက်မှုရဲ့  အကျိုးတရားကို မြင်တွေ့ မိပါတယ်။

မြန်မာစကားအဆိုရှိလေရဲ့  “ပြိုင်တူ တွန်းလျှင် ရွေ့ သည်” ဆိုတာ။ ကဲ … ၂၀၁၅ ရထားကြီး ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင်နဲ့  အခက်အခဲတွေ ကျော်ဖြတ်နိုင်အောင် ပြိုင်တူ တွန်းကြပါစို့ ။


No comments: