Thursday, September 4, 2014

သိန်းစိန်တို့ များ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း သူများနိုင်ငံဆီက အတုခိုးတဲ့အပြင် အလံက အစ ခိုးခဲ့တာပါဘဲ။ ဒီတော့ ဇောက်ထိုးဖြစ်လိုက် ကန့် လန့် ဖြစ်လိုက်ပေါ့။

အာဏာရူး သိန်းစိန်တို့  အသွင်မမှန်တော့ သိန်းစိန်တို့ ရဲ့  နိုင်ငံတော်အလံတွေလည်း ဇောက်ထိုးဖြစ်လိုက် ကန့် လန့် ဖြစ်လိုက်နဲ့ ။

၂၀၁၂ ခုနှစ်တုန်းက သိန်းစိန်တစ်ယောက် ဗီယက်နမ်နိုင်ငံကို အလည်ခရီးသွားရောက်ခဲ့စဉ်တုန်းကလည်း နေ၀င်းရဲ့  မဆလ နိုင်ငံတော်အလံကြီး ဇောက်ထိုးပြောင်းပြန် ချိတ်ဆွဲထားတာကို တွေ့ မြင်ရခဲ့ဖူးပါလိမ့်မယ်။

ထို့ အတူ သိန်းစိန်တို့ ရဲ့  ပထမအကြိမ် ကြံ့ ဖွတ်ပါတီညီလာခံမှာလည်း သိန်းစိန်တို့ ရဲ့ နိုင်ငံတော်အလံကြီး ဇောက်ထိုးချိတ်ဆွဲထားခဲ့ကြပါတယ်။

ယခုလည်း သိန်းစိန်တစ်ယောက် ဂျာမဏီနိုင်ငံကို သွားရောက်နေတုန်းမှာဘဲ ဂျာမဏီနိုင်ငံအလံနဲ့  အတူ ချိတ်ဆွဲထားတဲ့ သိန်းစိန်တို့ ရဲ့  နိုင်ငံတော်အလံကြီးဟာ အတည့်မဟုတ်ဘဲ ကန့် လန့် ကြီး ချိတ်ဆွဲထားတာ မြင်တွေ့ ကြမှာပါ။

သိန်းစိန်တို့  နိုင်ငံတော်အလံဟာ အခြားသူများ နိုင်ငံများရဲ့  အလံဒီဇိုင်းကို ခိုးထားတာကြောင့်လည်း ဒေါက်တာစိန်ဝင်း (ဒေါ်အောင်ဆန်းစုကြည်ရဲ့  တစ်ဝမ်းကွဲမောင် တော်စပ်သူ) ဦးဆောင်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် NCGUB ခေါ် ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့ ရဲ့  အလံနဲ့  တစ်ပုံစံထဲ ထပ်တူထပ်မျှ တူခဲ့တဲ့အပြင်၊ အခြားနိုင်ငံတွေ ဖြစ်ကြတဲ့ ဂါနာ (Ghana)၊ အီသီယိုပီးယား (Ethiopia) ၊ မော်ရိုကို (Morocco) နိုင်ငံတို့ ရဲ့ အလံတွေနဲ့  လည်း ဆင်တူဖြစ်ပါတယ်။

သိန်းစိန်တို့ များ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း သူများနိုင်ငံဆီက အတုခိုးတဲ့အပြင် အလံက အစ ခိုးခဲ့တာပါဘဲ။ ဒီတော့ ဇောက်ထိုးဖြစ်လိုက် ကန့် လန့် ဖြစ်လိုက်ပေါ့။





No comments: