Friday, September 5, 2014

ဂျာမဏီမှာလည်း သိန်းစိန်ကို လက်အုပ်ချီ ကန်တော့ကြတဲ့သူတွေ ရှိသား။

ဂျာမဏီမှာလည်း သိန်းစိန်ကို လက်အုပ်ချီ ကန်တော့ကြတဲ့သူတွေ ရှိသား။

သိန်းစိန်တို့ ရဲ့  ၀ါဒဖြန့် သတင်းစာထဲမှာ သတင်းအကြောင်းအရာတစ်မျိုးထဲကို မြန်မာဘာသာနဲ့  ဖော်ပြတာမှာကြတော့ သတင်းဓါတ်ပုံတစ်မျိုးသုံးပြီး၊ အင်္ဂလိပ်ဘာသာနဲ့  ဖော်ပြတာကြတော့ သတင်းဓါတ်ပုံတစ်ပုံသုံးတာ တွေ့ ရတယ်။

အာဏာရူးကြီးနေ၀င်းလက်ကတည်းက အခုထိပါဘဲ။ မြန်မာဘာသာ သတင်းစာထဲဆိုရင် တစ်မျိုးဖော်ပြ၊ အင်္ဂလိပ်ဘာသာ သတင်းစာထဲဆိုရင် တစ်မျိုးဖော်ပြနဲ့  မြန်မာပြည်သူလူထုကို သတင်းလိမ်လိုက် နိုင်ငံတကာကို သတင်းလိမ်လိုက်နဲ့ ။

သိန်းစိန်တစ်ယောက် ဂျာမဏီနိုင်ငံကိုရောက်ရှိနေချိန်မှာ ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်နဲ့  သံရုံးမိသားစုတွေ၊ မြန်မာပညာတော်သင်တွေနဲ့  သံအမတ်နေအိမ်မှာ တွေ့ ဆုံတဲ့ သတင်းပါ။

မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ ဓါတ်ပုံကတော့ တွေ့ ဆုံသူတွေက ရိုးရိုးမတ်တပ်ရပ်ပြီး တွေ့ ဆုံတဲ့ပုံ ထည့်ထားပေမယ့်၊ အင်္ဂလိပ်ဘာသာနဲ့  ထုတ်ဝေတဲ့ The New Light of Myanmar သတင်းစာမှာကြတော့ လက်အုပ်လေးတွေ ချီပြီ ကန်တော့နေတဲ့ ပုံ ထည့်ထားလေရဲ့ ။

သိန်းစိန်တို့  နိုင်ငံရပ်ခြားတိုင်းပြည်တွေကို ရောက်တဲ့အခါ မြန်မာသံရုံး ဒါမှမဟုတ် သံအမတ်အိမ်မှာ တွေ့ ဆုံမှုပြုလုပ်ကာ သြ၀ါဒချွေတယ်ဆိုရင် ထိုင်ပြီးကန်တော့ကြတာတွေ လက်အုပ်ကလေးတွေ ချီပြီးကန်တော့ကြတာတွေ ယခင်တုန်းက ဖော်ပြခဲ့ဖူးပါတယ်။ ယခုလည်း သိန်းစိန် ဂျာမဏီနိုင်ငံရောက်တော့ တွေ့ ရပြန်ပြီ။

မြန်မာဘာသာနဲ့  ထုတ်ဝေတဲ့ သတင်းစာထဲမှာကြတော့ ဒီလိုကန်တော့နေကြတာ ပြောလွန်းဝေဖန်လွန်းလို့ များ မထည့်ရဲတာလား။ ဒါဆိုရင်လည်း အင်္ဂလိပ်လိုဘာသာနဲ့  ထုတ်ဝေတဲ့ သတင်းစာထဲမှာ ထည့်တာ မြန်မာပြည်သူအများ ဖတ်လောက်တဲ့ သတင်းစာ မဟုတ်လို့  ထည့်ရဲတာလား။ အင်္ဂလိပ်လို ဖတ်ရှူကြတဲ့ နိုင်ငံခြားသားတွေ အထင်ကြီးအောင် သိန်းစိန်ကို ဒီလိုကန်တော့ကြတယ်ဆိုတာ ပြချင်လို့ လား။

တွေ့ ဆုံတဲ့နေရာမှာ ကန်တော့တဲ့သူတွေက ကန်တော့၊ မကန်တော့တဲ့သူတွေက မကန်တော့။ သိန်းစိန်တို့ ကို ကန်တော့တဲ့သူတွေ ဘယ်သူတွေလည်း။ ကန်တော့ခံနေတဲ့ သိန်းစိန်ကရော ကန်တော့ခံသင့်တဲ့သူ ဖြစ်လို့ လား။

အာဏာရူး လူသတ်သမားတွေကိုများ ကန်တော့နေကြတဲ့သူတွေပါလား … ။



No comments: