Saturday, September 6, 2014

နားကန်းနေကြတာကိုး ဘယ်ကြားပါ့မလည်း။

နားကန်းနေကြတာကိုး ဘယ်ကြားပါ့မလည်း။

“အပြင်မှာ လက်မှတ်တွေ လိုက်ထိုးတာတို့ ၊ အပြင်မှာ ဆန္ဒဖော်ထုတ်တာတို့  ပြည်သူ့ အသံအနေနဲ့  လွှတ်တော်ထဲကို မရောက်နိုင်ဖူး” လို့  ပြောတယ်ဆိုတော့ လွှတ်တော်ထဲမှာ နားကန်းနေသူတွေနဲ့  အိပ်ပျော်နေတဲ့သူတွေ ရှိတာကိုး။ လွှတ်တော်ကို ကိုယ်ပိုင်အိမ်လို့  အောက်မေ့ပြီး သေတဲ့အထိ လွှတ်တော်ထဲက မထွက်လိုသူတွေလည်း ရှိတာကိုး။ လွှတ်တော်ထဲမှာ ဂိမ်းဆော့ကစားနေတဲ့သူတွေကလည်း ဘယ်သိပါ့မလည်း။

အဲ့ဒါကြောင့်လည်း နားကန်းနေသူတို့ ရဲ့  ထိပ်ခေါင်နကားကြီး ဂျာမဏီရောက်နေတုန်း နဖားချေးကလော်ဖို့  ပြောတာ ခံနေရတာကိုး။

ကဲ … ပြည်သူတို့ ရေ … နားကန်းနေတဲ့ အိပ်ပျော်နေတဲ့ ဂိမ်းကစားနေတဲ့ လွှတ်တော်အမတ်များကို အသံကြားရအောင် ခဲသံလေးများ ၀ိုင်းပေါက်ကြရင် မကောင်းဖူးလား။



No comments: