Saturday, October 11, 2014

ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၊ အလွတ်ဓါတ်ပုံသတင်းထောက် ပျောက်ဆုံးနေမှု။


ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၊ အလွတ်ဓါတ်ပုံသတင်းထောက် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ပေးပါရန်။  

ကျန်ခဲ့သည့်လ စက်တင်ဘာလကုန်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်အတွင်း မြန်မာအစိုးရတပ်များနှင့် ကရင် ဒီကေဘီအေ တပ်ဖွဲ့ တို့ အကြား တိုက်ပွဲဖြစ်ပွားမှုအား သတင်းရယူပြီးနောက် ကျိုက်မရောမြို့ သို့  ထွက်ခွာစဉ်လမ်းခရီးခုလပ်တွင် ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်သည် မြန်မာပြည်အရေး၊ တိုင်းရင်းသားများအရေး၊ အလုပ်သမားအရေး၊ ဒုက္ခသည်များအရေးကိစ္စများနှင့် ပတ်သက်၍ လွတ်လပ်သောသတင်းထောက်တစ်ဦးအဖြစ် အများပြည်သူများ သိရှိစေရန် လှုမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် နှစ်အစဉ်အဆက် ကြိုးစားတက်ကြွစွာဖြင့် ဖော်ပြပေးခဲ့သော အများအကျိုးဆောင်ရွက်သူတစ်ဦး ဖြစ်သည်။

ယခုအခါတွင် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ပျောက်ဆုံးနေခြင်းသည် ရက်ပေါင်း (၁၀) ရက်ကျော်ကြာမြင့်နေပြီဖြစ်သည့်အပြင် လက်နက်ကိုင်အင်အားစုတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆက်စပ်သတင်းများအရ သိရှိရသည်။

ထိုကဲ့သို့ သော ရက်ကြာရှည်စွာ ပျောက်ဆုံးလျက်ရှိနေသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ အသက်အန္တရာယ်လုံခြုံရေးနှင့် မိသားစုထံ ပြန်လည်ရောက်ရှိနေထိုင်နိုင်ရေး အလျင်အမြန် လိုအပ်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေဒေသရှိ မြန်မာအစိုးရစစ်တပ်များနှင့် ကရင် ဒီကေဘီအေတပ်ဖွဲ့ တို့ အနေဖြင့် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ပျောက်ဆုံးမှုတွင် ဒေသခံ မျက်မြင်သက်သေများ၏ ပြောဆိုမှုများအရ အဓိက တာဝန်ရှိသည်ဟု သုံးသပ်သဖြင့် မြန်မာအစိုးရတပ်များနှင့် ကရင် ဒီကေဘီအေတပ်ဖွဲများမှ အမြန်အဆန် စုံစမ်းဖော်ထုတ်ပေးရန် ဖြစ်သည်။

ထို့ အပြင် အဆိုပါ တိုက်ပွဲများ ဖြစ်ပွားရာ နယ်မြေဒေသနှင့် ကျိုက်မရောမြို့ နယ်အတွင်း နေထိုင်သူ တိုင်းရင်းသား ပြည်သူပြည်သားများအားလည်း ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ သိရှိရသော မြင်တွေ့ ရသော ကြားသိရသော သတင်းအချက်အလက်များအား ၀ိုင်းဝန်းဖော်ထုတ်ပေးပါရန် မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။

နစ်နေမန်း။


No comments: