Monday, October 6, 2014

လွတ်မြောက်နေသော သံသယဖြစ်ဖွယ် သုံးဦး။

လွတ်မြောက်နေသော သံသယဖြစ်ဖွယ် သုံးဦး။

သံသယရှိဖွယ် တစ်ဦးကတော့ အသတ်ခံရသူ David Miller ရဲ့  သူငယ်ချင်းဖြစ်သူ Sean McAnna ပါ။ သူ့ ကို ထိုင်းကနေ အလွယ်တကူ ထွက်ခွာမှုပေးခဲ့တာဟာလည်း သံသယဖြစ်စရာပါ။ ထွက်ပြေးတိမ်းရှောင်ဖို့ ဆိုတာလည်း လွယ်ကူတဲ့အခြေအနေ မဟုတ်ပါ။

ဗြိတိန်အခြေစိုက် British Press ရဲ့  တီဗွီမှာ ပြောကြားခဲ့တဲ့ သူ့ ရဲ့  အင်တာဗျူးမှာ သူ့ နောက်ကို ထိုင်းမာဖီးယား နှစ်ယောက် လိုက်လာခဲ့တယ်လို့  ပြောတဲ့အချိန်ဟာ ထိုင်းရဲက ထုတ်ဖော်ပြသခဲ့တဲ့ အချိန်တွေအရ စောနေတာကို တွေ့ ရတာကြောင့် သံသယရှိစရာပါ။

နောက်ပြီး သူ ပြောတဲ့ စတိုးဆိုင်ထဲ ၀င်ပုန်းပြီး အရောင်းစာရေးမလေးဆီက ဖုန်းငှားက သူနောက်လိုက်လာတဲ့ သူနှစ်ဦးရဲ့  ပုံကို ဓါတ်ပုံရိုက်ကူးကာ သူ့ ရဲ့ ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တာပါလို့  ပြောကြားချက်နဲ့  ဓါတ်ပုံအနေအထားက စတိုးဆိုင်အတွင်းမှာ ရိုက်ကူးတဲ့အနေအထား လုံးဝ မဖြစ်နိုင်ပါဖူး။ နောက်ပြီး ဒီဓါတ်ပုံပါ နှစ်ဦးထဲက တစ်ဦးဟာ AC Bar ရဲ့  ဆိုင်ပိုင်ရှင်ဖြစ်နေတာဟာလည်း ထူးဆန်းနေပါတယ်။ ဓါတ်ပုံပါ အဲ့ဒီသူနှစ်ဦးရဲ့  ပုံသဏ္ဍန်ဟာ Sean McAnna ရဲ့ နောက်ကို လိုက်လာတဲ့ဟန်မျိုး မဖြစ်နေပါဖူး။

နောက်အကြောင်းအရတစ်ခုကတော့ Sean McAnna ရဲ့  လက်ဖျံမှာ ရထားတဲ့ ဒဏ်ရာပါ။ ဒီဒဏ်ရာဟာ အသတ်ခံရသူ David Miller ရဲ့  မျက်နှာ၊ မေးအောက်နဲ့  ဦးခေါင်းမှာ ရရှိထားခဲ့တဲ့ ဒဏ်ရာနဲ့  ထပ်တူထပ်မျှပါ။ Sean McAnna မှာ လက်ဖျံမှာ သိပ်ပြီး မနက်တဲ့ ဒီဒဏ်ရာတစ်ချက်ဘဲ ရရှိပြသထားတာဟာ မေးစရာ မေးခွန်းတွေ ရှိနေပါတယ်။ Sean McAnna ရဲ့  ဂစ်တာပေါ်မှာ မြင်သစွာ တွေ့ မြင်နေရတဲ့ သွေးစတွေကို ဘာလို့  Sean McAnna က မဖယ်ရှားခဲ့တာလည်း၊ Sean McAnna အနေနဲ့  အကြောင်းတစ်ခုခုကို ပြချင်လို့  ဒီတစ်ချက်တည်းသော ဒဏ်ရာကို သူ့ ဖာသာ ဖန်တီးခဲ့တာလား၊ သွေးစွန်းနေတဲ့ သူ့ ရဲ့  ဂျင်းဘောင်းဘီကရော ဘယ်မှာလည်း။

အခင်းဖြစ်တဲ့ညမှာ အရက်မူးလွန်ပြီး အိပ်ရာထဲက မထနိုင်ဖြစ်ခဲ့ကာ David Miller နဲ့  မတွေ့ ဖြစ်ခဲ့ဖူးလို့ ဆိုထားပြီး လူသတ်မှုဖြစ်ပြီး နာရီပိုင်းလောက်မှာဘဲ သူ့ ရဲ့ ဖေ့စ်ဘွတ်မှာ အသသတ်ခံခဲ့ရတဲ့ David Miller နဲ့  ပတ်သက်ပြီး သူစိတ်ထိခိုက်ရတဲ့ ရေးသားချက်တွေ တင်ခဲ့တယ်။ အသတ်ခံခဲ့ရတဲ့ David Miller တို့  အလောင်းတွေကို နောက်နေ့ မနက်အချိန်ကျမှ တွေ့ ရှိရတာထက် စောပြီး Sean McAnna က ဘယ်လို သိခဲ့တာလည်း။ သံသယရှိစရာ Sean McAnna ဟာ ဗြိတိန်နိုင်ငံမှာ မနေတော့ဘဲ သူ့ ချစ်သူနဲ့  တွေ့ ဆုံဖို့ ဆိုပြီး အီတလီနိုင်ငံကို ထွက်ခွာမှု ပြုတာရော ရှောင်တိမ်းတာ မဖြစ်နိုင်ဖူးလား။

အခြားအချက်တစ်ချက်ကတော့ အရပ်အမြင့်ပေ 190 cm (၆ ပေ ၄ လက်မ) အရပ်မြင့်တဲ့ David Miller ကို တိုက်ခိုက်သတ်ဖြတ်နိုင်ဖို့  လက်ရှိသံသယနဲ့  စွပ်စွဲထားတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့  အရပ် ကိုယ်လုံးကိုယ်ထည်နဲ့  မလွယ်ကူနိုင်သလို၊ သံသယရှိဖွယ် AC Bar ပိုင်ရှင်နဲ့  သူ့ ရဲ့ သားရဲ့  ကိုယ်ခန္ဓာအနေအထားနဲ့ လည်း မလွယ်ကူနိုင်ပါဖူး။

သံသယရှိစရာ ဒီအချက်တွေကို သုံးသပ်ကြည့်ရင် David Miller နဲ့  Hannah Witheridge တို့ ကို တိုက်ခိုက်သတ်ဖြတ်မှုမှာ Sean McAnna ရယ်၊ AC Bar ပိုင်ရှင်ရယ်၊ AC Bar ပိုင်ရှင်ရဲ့  သားဖြစ်သူရယ် ပါဝင်နိုင်တယ်လို့  သံသယရှိသလို၊ သူတို့ အချင်းချင်း အပြန်အလှန် လက်သည်တရားခံလွဲချဖို့  အကွက်ဆင်ခဲ့ကြတယ်လို့  ဆိုရမလို၊ ကြားထဲက မြန်မာနိုင်ငံသားနှစ်ဦးကို တရားခံများအဖြစ် အစားထိုးလုပ်ကြံဖန်တီးတယ်လို့  ယုံကြည်ရပါတယ်။ (ဒီနေရာမှာ သတိထားစရာက ထိုင်းရဲ ရဲ့  CCTV ဗွီဒီယိုမှတ်တမ်းပါ လမ်းလျှောက်သူလူငယ်ရဲ့  ဆံပင်ပုံစံဟာ လက်ရှိစွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ ဆံပင်ပုံစံနဲ့  မတူပါဖူး၊ CCTV ပါ လူငယ်ရဲ့  နားသည်အောက်နားက ဆံပင်ဟာ အရှေ့ ဖက်ကို သိသိသာသာ ရှည်နေပြီး အပေါ်ဘက်ကို ကောက်နေပါတယ်။ AC Bar ပိုင်ရှင် ထိုင်းလူမျိုးရဲ့  သား ပါဝင်မှုရှိတယ်လို့  ထိုင်းနိုင်ငံသူနိုင်ငံသားတွေ သုံးသပ်ချက်အရ အဆိုပါ AC Bar ပိုင်ရှင်သား မဖြစ်နိုင်ဖူးလားဆိုတာ သံသယရှိစရာပါ၊ ယခုလက်ရှိထိ သူ့ ရဲ့ အကြောင်းနဲ့  ပုံရိပ်ကို ထိုင်းရဲတွေ လုံးဝ တစ်စွန်းတစ်မှ မဟသေးပါဖူး)။

Sean McAnna ရယ်၊ AC Bar ပိုင်ရှင်ရယ်၊ AC Bar ပိုင်ရှင်ရဲ့ သား - ဒီသုံးဦးစလုံးဟာ DNA စစ်ဆေးခံရမှု မရှိဘဲလည်း လွတ်မြောက်နေပါတယ်။

ဒီအတွက် ကျွန်တော်တို့  မြန်မာတွေအနေနဲ့  အဆိုပါ Sean McAnna ရယ်၊ AC Bar ပိုင်ရှင်ရယ်၊ AC Bar ပိုင်ရှင်ရဲ့ သား - သုံးဦးစလုံးကို ဖမ်းဆီးစစ်ဆေးစေဖို့  ထိုင်းအစိုးရနဲ့  ဗြိတိန်အစိုးရတို့ ကို တောင်းဆိုသင့်ပါတယ်။

နစ်နေမန်း။
 
 
 

No comments: