Saturday, November 1, 2014

ပြဿနာကို မီးထွန်းရှာကြတဲ့ အာဏာပြမှု။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်မယ့် မရန်းကုန်းမြို့ နယ်၊ ခဝဲခြံ မျက်မမြင်ကျောင်း တာဝန်ရှိသူထံကို မြို့ နယ်မှူး ဆိုသူက လာရောက် ဖိအား ပေးပြီး ဒီပွဲကျင်းပမယ့် ရက်ဖြစ်တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နဲ့  ၁၃ ရက်နေ့ ကို ခွင့်မပြုကြောင်း၊ စာတင်ရင်လည်း နိုဝင်ဘာလကုန်မှ ရမှာ ဖြစ်ကြောင်း၊ ခွင့်မပြုရတဲ့ အကြောင်းရင်းက အာဆီယံအစည်းအဝေးရှိနေလို့  ဆိုသွားပါတယ်။

ဒီအကြောင်းပြချက်ဟာ ခိုင်လုံသော အကြောင်းပြချက် မဟုတ်ပါ။ အာဆီယံအစည်းအဝေးနဲ့  မရမ်းကုန်းမှာ ကျင်းပမယ့် နိုင်ငံလု...ံးဆိုင်ရာကျောင်းသားထုအစည်းအဝေးနဲ့  ဘာမှ ဆက်စပ်ပတ်သက်မှု မရှိတာကို တမင်သက်သက် အနှောင့်အယှက်ပြုတာဘဲ ဖြစ်ပါတယ်။
 
အေးအေးဆေးဆေး ပြေပြေလည်လည် ပြဿနာမဖြစ်ရမယ့် ကိစ္စတွေဟာ ဒီလို အာဏာပြ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကြောင့်၊ အာဏာရှင်ဆန်တဲ့ မတရားမှုတွေကြောင့် ပဋိပက္ခအသွင်တွေ ဆောင်ခဲ့ရတယ်ဆိုတာ အခုထိကို ဥာဏ်ရည်ထိုင်းလွန်းတဲ့ တစ်ဇောက်ကန်း အာဏာရူးတွေ နားမလည်သေးတာလား၊ နားမလည်ချင် ယောင်ဆောင်နေကြတာလား မသိ။ အာဏာရှင်စနစ်ကို မကြိုက်လို့ ၊ မတရားဖိနှိပ်မှုကို မခံမရပ်နိုင်လို့  အာဏာရှင်ဆန့် ကျင်ရေး ကျောင်းသားလှုပ်ရှားမှုတွေနဲ့  ခေတ်အဆက်ဆက် ပေါ်ပေါက်ရတာ။

ကိစ္စတစ်ရပ်ကို ပြေလည်အောင်ဖြေရှင်းဖို့ ထက် ပြဿနာကြီးကြီးမားမားဖြစ်အောင် ဖန်တီးတဲ့ အဓိကတရားခံဟာ ဒီ အာဏာရူးတွေ အာဏာပြမှုတွေ မတရားမှုတွေကြောင့်ဘဲ။
 
 
 

No comments: