Wednesday, November 12, 2014

အပျိုစင် စစ် မစစ် စစ်ဆေးနေချင်တဲ့ အရည်းကြီးများ (သို့ ) မဘသ။

အပျိုစင် စစ် မစစ် စစ်ဆေးနေချင်တဲ့ အရည်းကြီးများ (သို့ ) မဘသ။
 
အပျိုစင်စာရင်း ကောက်မယ်ဆိုပါလား။ ဘုန်းကြီးနဲ့  ဘာဆိုင်လို့ တုန်း။ 

ဧကန်နတော့ အရည်းကြီးတွေ ပန်းဦးဆက်သခိုင်းသလိုများ လုပ်ခိုင်းဖို့ လား။
 
အရင်တုန်းက ပြောစကား ဘုန်းကြီးနဲ့ ဘီး (ခေါင်းဖီးတဲ့ ဘီး) နဲ့  လားလားမှ မဆိုင်ဆိုတဲ့စကားကို ပြင်ရတော့မယ်။ ပါမောက္ခရယ် ကြည့်လည်း လုပ်ပါဦး၊ ကညာပျိုနဲ့  မဘသအလိုကျ ဖြစ်နေပြီ။
 
စစ်မှန်တဲ့ သံဃာတော်ရှင်သူမြတ်များဘုရား - မဘသရဲ့  ယခုလို သာသနာတော်ကို ထိခိုက်စေတဲ့ လုပ်ရပ်များကို ကြည့်မနေပါနဲ့ ဘုရား။ သာသနာတော် စင်ကြယ်စေဖို့ ပါမောက္ခတို့ လို အရည်းကြီးဆန်ဆန်ဖြစ်လာနေကြတဲ့သူတွေကို ဖယ်ရှားကြပါဘုရား။
 
မြန်မာအမျိုးသမီးကောင်း အမျိုးသမီးမြတ်တို့  - ဒီထက်ပိုဆိုးလာတော့မယ့် အရည်းကြီးဆန်ဆန်လုပ်ရပ်တွေကို ကြိုတင်ကန့် ကွက်ကြပါ။ နောင်ဆို ကိုယ်နဲ့  လက်ထပ်ထိမ်းမြားမယ့်သူနဲ့  မပေါင်းဖက်ရသေးခင် အရည်းကြီးတွေနဲ့  အရင်ညအိပ်ရတဲ့ ပန်းဦးလွှတ်ပွဲတွေ ရင်ဆိုင်နေရတော့မယ့် အခြေအနေ ရောက်မယ့် အနေအထားမဖြစ်ခင် ဆန့် ကျင်တိုက်ဖျက်ကြပါတော့။
 
ဒီ မဘသတွေကြောင့် ဗုဒ္ဒဘာသာ သာသနာတော်ကြီး ဖျက်ဆီးခံနေရပါပြီ။
 
 
 

No comments: