Monday, November 10, 2014

အမေရိကန်အကြိုက် အကြမ်းဘက်ဆန့် ကျင်ရေးနည်းလမ်းကို လူသတ်အကြမ်းဘက်သမား သိန်းစိန်တို့ က တန်ပြန်အသုံးချနေပြီ။

အမေရိကန်အကြိုက် အကြမ်းဘက်ဆန့် ကျင်ရေးနည်းလမ်းကို လူသတ်အကြမ်းဘက်သမား သိန်းစိန်တို့ က တန်ပြန်အသုံးချနေပြီ။ 

အမေရိကန်သမ္မတ အိုဘားမားလာခါနီးမှ အကြမ်းဘက်သမား ၄ ယောက် ရောက်ရှိနေတယ်ဆိုပြီး သိန်းစိန်တို့  ကနေ ဓါတ်ပုံတွေ အချက်အလက်တွေနဲ့  ကြေညာထုတ်ပြီး၊ သတိပေးစာတွေ နေပြည်တော်ကစလို့  လူမြင်ကွင်းမှာ လိုက်ကပ်ထားတာတွေ၊ အင်တာနက်စာမျက်နှာတွေ သတင်းဂျာနယ်တွေကနေ အလျင်အမြန် ဖြန့် နေတာ ဘာကြောင့်လည်း။
 
- လဒကြီး သိန်းစိန်တို့ အဖွဲ့ က အမေရိကန်သမ္မတ အိုဘားမားကို ရှေ့ မှောက်မှာတော့ မျက်နှာကြီးတွေ ပြုံးပြုံးဖြီးဖြီးနဲ့  နောက်ကွယ်မှာတော့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အမေရိကန်သမ္မတနဲ့  အစ္စလာမ်ဘာသာဝင်တွေနဲ့ ကို ထိပ်တိုက်တိုး ပြဿနာဖြစ်စေဖို့  ဖန်တီးတာပါ။
 
- တရုတ်အာဏာရှင်တွေနဲ့  ပြိုင်ဘက်ဖြစ်နေတဲ့ အမေရိကန်ကို နဂိုကမှ မချစ်သော်လည်း အောင့်ကာနမ်း၊ ရသမျှ လေချိုသွေး ညာယူတာကလွဲလို့  မုန်းတီးနေတဲ့အတွက် အမေရိကန် ဆန့် ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာရေး နောက်ကွယ်မှ သွေးထိုးမြှောက်ပင့် ထောက်ပံ့ပေးရင်း ပြဿနာဖန်တီးတာဘဲ။  

- အမျိုးဘာသာစောင့်ရှောက်ရေးဆိုတဲ့ ဘာသာတရားခုတုံးလုပ် အသုံးချမှုကို ပြန်လည် လေထိုးဖို့  အတွက် မြန်မာပြည်သူလူထုအကြား လူမျိုးရေး မုန်းတီးမှုတွေ ဘာသာရေးပဋိပက္ခတွေ ထပ်မံဖန်တီးဖို့  နည်းလမ်းတစ်ခု ဖန်တီးတာပါ။
 
- ၂၀၁၅ ခုနှစ်မှာ တိုင်းပြည်အေးချမ်းတည်ငြိမ်မှု မရှိနေစေရန်အတွက် ပဋိပက္ခဖြစ်ရန် အလွယ်ကူဆုံး မရိုးနိုင်ဆုံး ရှေးဟောင်းနည်းကြီးတွေဖြစ်တဲ့ လူမျိုးရေး ဘာသာရေးလက်နက်ကို အမျိုးမျိုး လှည့်ပတ်ပြီး တစ်မျိုးပြီး တစ်မျိုး လုပ်နေတာပါဘဲ။
 
ဒီလို လုပ်တာ အောင်မြင်ဖို့ အတွက် ဒီတစ်ခါ အသုံးချ ခံရသူကတော့ အောင်သောင်းပါဘဲ။
 
အောင်သောင်း တစ်ယောက်တည်းကိုမှ ပိတ်ဆို့ ခံစာရင်းထဲ ရောက်သွားအောင် အတို့ အထောင် လုပ်သူတွေကတော့ သိန်းစိန်တို့ ဘဲ။ ဇတ်တူသားချင်း စားပြလိုက်ပြီး အောင်သောင်းကို အခြေပြုလို့  အခြားသူတွေကိုလည်း လုပ်ကြံလက်ညိုးထိုးလို့ ရအောင်၊ ကျန်နေတဲ့ သူတို့ ဘက်လည်း လွတ်အောင်၊ အောင်သောင်းကိုလည်း အလိမ္မာနည်းလေးနဲ့ ဖယ်ရှားလို့ ရအောင် ဥာဏ်နီဥာဏ်နက် ကောက်ကျစ်သော အကြံပေါင်းများစွာနဲ့  လုပ်ခဲ့တာပါဘဲ။
 
အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်လာချိန် ပြဿနာဖြစ်ရင် သိန်းစိန်တို့  ပြောတော့မှာကတော့ -
 
၁။ ပိတ်ဆို့ ခံစာရင်းထဲ ရောက်သွားတဲ့ အောင်သောင်းက မကျေနပ်လို့  အောင်သောင်းနဲ့ သူ့ လူတွေ လက်ချက်၊
 
၂။ ပိတ်ဆို့ ခံစာရင်းထဲ ရောက်အောင် လုပ်တာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်နဲ့  အတိုက်အခံအင်အားစုတွေ လက်ချက်၊
 
၃။ မြန်မာပြည်က အစ္စလာမ်ဘာသာဝင်တွေ လက်ချက် - ဆိုပြီး လက်ညိုးထိုးမှာ အသေအချာပါ။
 
ပြီးရင်တော့ သိန်းစိန်တို့  မျက်နှာဖုံးစွပ်တွေက သူတို့  အတွက် အကျိုးရှိအောင် လုပ်မှာကတော့ - 

၁။ အကြမ်းဘက်နှိမ်နင်းရေးလုပ်ငန်းတွေ အောင်အောင်မြင်မြင် လုပ်နိုင်အောင် အမေရိကန်နိုင်ငံအနေနဲ့  ငွေကြေးကူညီထောက်ပံ့ပါ၊ အကြမ်းဘက်နှိမ်နင်းရေး နည်းပညာတွေ အတတ်ပညာတွေ ပစ္စည်းအင်အား လူအင်အား ကူညီပါ။
 
၂။ အစ္စလာမ်ဘာသာဝင်တွေကို မြန်မာပြည်သူလူထုက မုန်းတီးကြပါ။
 
၃။ မြန်မာပြည်က အစ္စလာမ်ဘာသာဝင်တွေ အမေရိကန်ကို မုန်းတီးပြီး သိန်းစိန်တို့ ကို ထောက်ခံကြပါ။
 
၎။ ဗုဒ္ဒဘာသာဝင်တွေ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြပါ။
 
၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်နဲ့  အတိုက်အခံအင်အားစုတွေကို မထောက်ခံကြပါနဲ့  ရှုတ်ချကြပါ - ဆိုတဲ့ နိုင်ငံရေးလုပ်ကြံမှုတွေ လုပ်မှာပါ။
 
ဒီလို လုပ်ရပ်တွေ ဖန်တီးချက်တွေက ခဏ ခဏ အဖန်တစ်ရာ ထပ်ကာတလဲလဲ ဖြစ်နေတယ်ဆိုပေမယ့်၊ ဒီ လုပ်ကြံဖန်တီးမှုတွေကြောင့် ပေးဆပ်ခဲ့ရတဲ့ ပြည်သူလူထုရဲ့  အသက်တွေ သွေးတွေလည်း မနည်းလှဖူးဆိုတာ ရခိုင်ပြည်နယ်အရေး၊ မိတ္ထီလာ အဖြစ်အပျက်၊ မန္တလေးပဋိပက္ခတွေမှာ သက်သေပါ။ ဒါကို သိသိကြီးနဲ့  ထပ်ပြီးတော့ အလှည့်ဖြားခံဦးမယ် အလိမ်ခံဦးမယ် အဖြစ်ခံဦးမယ်ဆိုရင်တော့ စတေးခံရမှာ ဘယ်သူဖြစ်မလည်းဆိုတာ မိမိကိုယ်ကိုသာ လက်ညိုးထိုးထားကြရလိမ့်မယ်။ လူမျိုးတစ်မျိုးတည်း ဘာသာတစ်ခုထဲ ချစ်ပြနေလို့ ကတော့ အာဏာရှင်အကြိုက် ငါးစာချကျွေးခံရမှာ မလွဲဘဲ။
 
အာဏာရူး သိန်းစိန်တို့ ရဲ့  ယုတ်မာမှုကစားကွက်သစ်ထဲမှာတော့ အောင်သောင်းရယ် အိုဘားမားရယ် ပြီးတော့ ခင်ဗျားတို့  ကျွန်တော်တို့ ရယ် ... ။
 
ပြောဖို့  ကျန်နေသေးတာကတော့ - သိန်းစိန်တို့ ရယ်၊ အမေရိကန်ရယ်၊ အစ္စလာမ်ဘာသာဝင်တွေရယ်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေရယ်၊ မြန်မာပြည်သူလူထုရယ် တိုင်းရင်းသားတွေရယ် သတ်ကြဖြတ်ကြပါ၊ စောင့်ကြည့်နေပါမယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောထားသူကြီးကတော့ဗျာ ...... ။
 
 
 

No comments: