Monday, November 3, 2014

မြန်မာလူမျိုးတွေ ကိုယ်တုံးချွတ်နဲ့  ပေါ်တင်ဖြစ်နေကြပြီလား။

မြန်မာလူမျိုးတွေ ကိုယ်တုံးချွတ်နဲ့  ပေါ်တင်ဖြစ်နေကြပြီလား။

မျိုးစောင့်ဥပဒေကို ဆန့် ကျင်လို့ ဆိုပြီး အကြောင်းပြကာ အ၀တ်အစားမပါ ကိုယ်တုံးလုံးချွတ် ဓါတ်ပုံအရိုက်ခံတဲ့ မော်ဒယ်အမျိုးသမီးနဲ့  ဓါတ်ပုံဆရာ မင်းရန်နိုင်ကို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့အတွက် ဒီလုပ်ရပ်အား အပြင်းအထန် ကန့် ကွက်ပါတယ်။
 
မျိုးစောင့်ဥပဒေကို ဆန့် ကျင်တာနဲ့  ယခုလို နာမည်ကျော်ရေး စီးပွားရေးအတွက် လုပ်ဆောင်ခြင်းဟာ မဆီမဆိုင် အကြောင်းပြခြင်းသာ ဖြစ်ပါတယ်။ ဗရမ်းဗတာ လွတ်လပ်မှုကို ထင်ရာစိုင်း လုပ်ခြင်းနဲ့  မျိုးစောင့်ဥပဒေကို ဆန့် ကျင်တာ လားလားမှ မဆိုင်သော လုပ်ရပ်သာ ဖြစ်ပါတယ်။
 
သက်ဆိုင်ရာအနေနဲ့  မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာအမျိုးသမီးကောင်းတို့ ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသော ယခုလို မှားယွင်းစွာ လမ်းပြနေသော အဆိုပါ မော်ဒယ်နှင့် ဓါတ်ပုံဆရာအား ဤကဲ့သို့ သော လုပ်ရပ်များ ထပ်မံ မဆောင်ရွက်နိုင်ရန်အတွက် တားဆီးပိတ်ပင် အရေးယူရန် လိုအပ်ပါတယ်။
 
မျိုးစောင့်ဥပဒေကိုလည်း လက်မခံပါ၊ မြန်မာယဉ်ကျေးမှုနှင့် မသင့်တော်သော ယခုလို မျိုးမစောင့်သည့် လုပ်ရပ်အားလည်း လက်မခံပါ။
 
 
 

No comments: