Monday, November 3, 2014

ကာကွယ်ရေးဝန်ကြီးဌာန - မတရား လူသတ်မှုကို ကာကွယ်တဲ့ ၀န်ကြီးဌာန ဖြစ်နေပါသလား။

လူသားတစ်ယောက်ရဲ့  အသက်ကို လက်လွတ်စပယ် သတ်ဖြတ်တဲ့ ကိစ္စမှာ စစ်တပ်က သတ်တာနဲ့  ကာကွယ်ရေးဝန်ကြီးဌာနက လိုက်ပြီးဖာထေးကာ ထုတ်ပြန်တဲ့ ကိုပါကြီးအကြောင်း ဖော်ပြတဲ့ ဓါတ်ပုံက လွဲမှားနေပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့  ဓါတ်ပုံပါ လွဲမှားနေမှုကို ယခုလို ထောက်ပြပြောဆိုသူတွေ ရှိပါတယ်။
 
“အဲဒီပုံထဲကသူဟာ ကျနော်တို့ တပ်ဖွဲ့ဝင် (ခိုင်လေး) ပုံပါ။ ကျနော့် ကင်မရာနဲ့ မွန်ပြည်နယ်သွားတုန်း ရိုက်ထားတာပါ။ ကိုပါကြီးက တကယ်တော်တဲ့ စိတ်ကောင်းတဲ့ သတင်းသမားတစ်ယောက်ပါ။
 
ကျနော်နဲ့ ၁၉ နှစ်မြောက် DKBA တပ်မတော်နေ့ / လော်ခီးလာ ညီလာခံ / အမေစုမွေးနေ့ (သုံးရောင်ခြယ်) / ဗိုလ်ချုပ်ကြီးစောလားပွယ်မွေးနေ့ တွေမှာ တွေ့တယ်။ မှတ်မိသလောက်ပေါ့ အင်မတန် သဘောကောင်းပြီး အကိုတစ်ယောက်လို ဆုံးမတတ်သူပါ။ မသိတာ သင်ပေးနေကြပါ။ ကျနော် အခိုင်အမာပြောချင်တာက ကိုပါကြီး သတင်းသမားသာ ဖြစ်ပါတယ်။
 
ကျနော့ဆီမှာ ခိုင်လေးရော ကိုပါကြီးပါပါတဲ့ လော်ခီးလာက ပုံရှိပါတယ်။ ရှာတွေ့ရင် ကျနော်တင်ပေးပါ့မယ်။ အခုချိန်မှာ ငြိမ်းချမ်းရေးအတွက် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေကြပါတယ်။ သို့သော် မတရားတာ ဖိနှိပ်တာတွေ တွန်းလှန်ဖို့ အသင့်ပါ။ ကျနော်တို့ကို သူပုန်ခေါ်ခေါ် ကြိုက်တာခေါ်ပါ။ ခေတ်ဆိုးစနစ်ဆိုးကို ပြောင်းလဲချင်လို့ ကြိုးစားနေတာပါ။
 
ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအကြိမ် ကိုပါကြီးရဲ့  ဓါတ်ပုံဆိုပြီး ဖော်ပြလိုက်ခြင်းဟာ (လုံးဝ) လွဲမှားနေပါတယ်။ သတင်းတင်သူ ဂျာနယ်မှာ ရေးသူတွေကို ပြောချင်တာ လူတယောက်အကြောင်း သိအောင်လုပ်ပါ။ မသေချာပဲ ရေးချင်တာ ရေးရင် တဖက်လူ အင်မတန် နစ်နာတာမို့ ဆင်ခြင်ကြပါ။ ကျနော်တို့ စာမတတ် ပေမတတ် ငတုံးငအတွေ မဟုတ်ဘူးဆိုတာ သတိပြုပါ၊ ကျေးဇူးတင်ပါတယ်”
ရေးသားသူ- Ka Naung (DKBA)။
 
စစ်တပ်က သတ်လို့ ဆိုပြီး လိုက်လံဖာထေးကာ သတင်းမှားတွေ ဓါတ်ပုံမှားတွေနဲ့  ဖော်ပြတာ အင်မတန် ရှက်ဖွယ်ကောင်းပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန - မတရား လူသတ်မှုကို ကာကွယ်တဲ့ ၀န်ကြီးဌာန ဖြစ်နေပါသလား။
 
 
 

No comments: