Wednesday, November 5, 2014

စစ်သားက ရဲဖြစ်တော့ ....

စစ်သားက ရဲဖြစ်တော့ .... 

နိုင်ငံတကာ တိုင်းပြည်တွေမှာ စစ်သားက စစ်သား၊ ရဲက ရဲသပ်သပ်ပါ။ စစ်သားက တိုင်းပြည်ရဲ့  ပြည်ပရန် ကာကွယ်ရေးကို တာဝန်ယူပြီး၊ ရဲက တရားဥပဒေစိုးမိုးရေးနဲ့  ပြည်တွင်း လုံခြုံရေးကို တာဝန်ယူပါတယ်။ ထို့ အတူ တိုင်းပြည်တစ်ပြည်ရဲ့  လက်နက်ကိုင်တပ်ဖွဲ့ တွေ ထင်ရာစိုင်း လုပ်လို့ မရအောင် အပြန်အလှန် အာဏာကို ထိန်းချူပ်တဲ့အနေနဲ့ လည်း ဒီလို သပ်သပ်စီ ဖွဲ့ စည်းတာပါ။ 

စစ်သားက စစ်ရေးလေ့ကျင့်မှုနဲ့  စစ်ပွဲအတွေ့ အကြုံတွေအတွက် ဦးတည်လုပ်ဆောင်ရတယ်။ ရဲက တရားဥပဒေရေးရာတွေကို သင်ယူမှတ်သား ကျင့်ကြံရတယ်၊ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရတယ်၊ ရာဇ၀တ်မှု ကျူးလွန်သူတွေကို တရားဥပဒေဘောင်အတွင်းကနေ အရေးယူလို့ ရအောင် ဖော်ဆောင်ပေးရတယ်၊ မှုခင်းတွေ နည်းပါးသထက် နည်းပါးအောင် ကြိုးစားပေးရတယ်။
 
အခုတော့ စစ်သားကို စစ်တပ်ကနေ ပြောင်းရွှေ့ ပေးပြီး ရဲတပ်ဖွဲ့ ထဲ ၀င်ခိုင်းတော့ တရားဥပဒေလည်း မလေ့လာ နားမလည် မကျင့်ကြံဘဲ၊ လက်နက်နဲ့  ဖြေရှင်းဖို့  အကြမ်းဘက်ဖို့  အနိုင်ကျင့်ဖို့ ကိုသာ သိပြီး လုပ်ကြတော့ ရဲတပ်ဖွဲ့ ဆိုတာ တရားဥပဒေကို ကိုယ်တိုင် မစောင့်ထိန်းတဲ့၊ ကိုယ်ခန္ဓာအားကြီးပြီး ဦးနှောက်သေးတဲ့ - ဥပမာ ပေးရရင် ဂျိုရှိတာနဲ့  တွေ့  တွေ့ ရာ ခွေ့ တဲ့အဖွဲ့  ဖြစ်နေတယ်။ ဒီအပြင် စစ်တပ်တွင်း လာဘ်စားမရတော့ ရဲထဲ ရောက်တော့ သူခိုးကြီးတွေ ဖြစ်တော့တာဘဲ။ 

စစ်တပ်ကနေ စစ်တပ်မှာ သုံးစားမရတဲ့ ဂျိုကျိုးနားရွက်ပဲ့တွေကို ရဲတပ်ဖွဲ့ ထဲ ရာထူးတွေ တစ်ဆင့်တိုးပေးပြီး စစ်တပ်အတွင်းမှာလည်း ချီးဒုတ်တွေ ဖယ်ရှားနိုင်သလို၊ ရဲတပ်ဖွဲထဲမှာလည်း အကြမ်းဘက်မှုတွေ လုပ်နိုင်သလို အာဏာရှင်တွေအတွက် ဘယ်ဘက်ကဘဲဖြစ်ဖြစ် အကျိုးရှိတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်တာဘဲ။ ဒီလို စစ်တပ်ကနေ ရဲတပ်ဖွဲ့ ထဲ အရောင်ပြောင်းတဲ့ နည်းဗျူဟာ ကျင့်သုံးခဲ့တာ အာဏာရှင်ကြီး နေ၀င်းလက်ထက် “နေပြည်တော်ရဲ” စီမံကိန်းနဲ့  စတင်ခဲ့တာဘဲ။  

စစ်တပ်ကနေ ရဲတပ်ဖွဲ့ ကို စိုးမိုးချယ်လှယ်ပြီး စစ်တပ်ရဲ့  အရံတပ်ဖွဲ့ အနေနဲ့  မုဒိန်းကျင့် သိမ်းပိုက်သလို လုပ်ခဲ့တာမို့  ပြည်သူ့ ရဲတပ်ဖွဲ့  နာမည်ပျက်တာ ကြာပြီ။
 
ပြန်စစ်တမ်းကောက်ကြည့်ပ၊ါ ရဲတပ်ဖွဲ့ ထဲမှာ အရပ်သားဘက်ကနေ တရားဥပဒေကို သေသေချာချာ လေ့လာသင်ယူပြီး တရားဥပဒေစိုးမိုးရေးကို တရားဥပဒေဘောင်အတွင်းကနေ ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ ရဲအရာရှိ ဘယ်လောက်ရာခိုင်နှုန်း ရှိသလည်းဆိုတာ။
 
ဒီလိုပြောတာ မယုံရင် ကိုယ့်အထက်က အရာရှိ စစ်တပ်က လာတာလား၊ အရပ်ဘက်က လာတာလားဆိုတာ ကိုယ့်ဖာသာ လေ့လာစုံစမ်းကြည့်။
 
ဒါကို ပြည်သူ့ ရဲ ... ပြည်သူ့ ရဲ မအော်နေပါနဲ့ ။ ပြည်သူ့ ရဲလို့  အော်ချင်ရင် စစ်တပ်ရဲ အာဏာရှင်ရဲ မဖြစ်အောင် လုပ်။ စစ်တပ်ကလည်း စစ်တပ်လို နေ ... 
 
 

 

No comments: