Wednesday, December 24, 2014

တောင်သူ ဒေါ်ခင်ဝင်း၏ ဈာပန။

တောင်သူ ဒေါ်ခင်ဝင်း၏ ဈာပန။

လက်ပံတောင်းတောင်တောင် ကြေးနီစီမံကိန်းအတွက် စစ်ခရိုနီကုမ္ပဏီ ဦးပိုင်၊ဝမ်ပေါင်တို့သည် မြေလျော်ကြေး မယူထားသော တောင်သူများ၏ မြေယာများကို အကြမ်းဖက်သိမ်းယူလျက်ရှိရာ တောင်သူများမှ ကန့်ကွက်လျှက်ရှိကြသည်၊၊

၂၂၊၁၂၊၂၀၁၄ ရက် တွင် လိပ်ခွံတောင်အနောက်ဖက်၌ စစ်ခရိုနီတို့ မြေယာသိမ်းဆည်းမှုကို တောင်သူများ ကန့် ကွက်ပွဲတွင် မိုးကြိုးပြင်အလယ်ရွာမှ တောင်သူတစ်ဦးဖြစ်သူ (ဦးတင်မောင်+ဒေါ် စိန်ရင်) တို့၏ သမီး၊ ဦးညွန့်မောင်၏ ဇနီး၊ ကိုဟန်ဝင်းအောင်+မဝင်းခိုင်၊ ကိုမျိုးထွေး+မဝင်းမြိုင်တို့၏ မိခင်၊ ကိုပိုင်ဖြိုးဟန်၊ ကိုချစ်မင်းဇော်တို့ ၏ အဖွားဖြစ်သူ ဒေါ်ခင်ဝင်း- (အသက် ၅၆ နှစ်) သည် ၂၂၊၁၂၊၂၀၁၄ရက်၊ တနင်္လာနေ့ နေလယ် ၂နာရီ ၂၂မိနစ်တွင် စစ်ခရိုနီ အကြမ်းဖက် လူသတ်သမားတို့၏ သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရကာ ဦးခေါင်းပွင့်ထွက်၍ နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ရပါသည်၊၊

ထိုကြောင့် ကျန်ရစ်သူမိသားစုနှင့် အဖိနှိပ်ခံနေရသော ဘဝတူ တောင်သူများမှ ဒေါ်ခင်ဝင်း၏ ရုပ်ခန္ဓာအား ဂူသွင်း သဂြိုင်္လ်မှု ပြုလုပ်မည်ဖြစ်ပါသဖြင့် ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနားကို လိုက်ပါ ကုသိုလ်ပြုနိုင်ရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်၊၊

နေ့ရက် - ၂၅၊၁၂၊၂၀၁၄ (ကြာသာပတေးနေ့)၊

အချိန် - နေ့လယ် ၁၂ နာရီ၊

နေရာ - မိုကြိုးပြင်အလယ်ရွာ သချို င်္င်း။

ဈာပနကော်မတီ

မိုးကြိုးပြင်အလယ်ရွာ။


No comments: