Monday, December 8, 2014

ဘ၀သေခဲ့ရတဲ့ နေ၀င်းကို နေ၀င်း မိသားစုရော နောက်ပေါက်အာဏာရူးတွေရော နေ၀င်းသွားရာလမ်း လိုက်လိုကြသလား။

ဆယ်နှစ်ကျော်ကြာပြီ ဖြစ်ခဲ့တဲ့အချိန် ဒီဇင်ဘာလ (၅) ရက်နေ့ ဟာ တိုင်းပြည်ကို ၂၆ နှစ်ကြာ တစ်ပါတီအာဏာရှင် စနစ်နဲ့  ဗိုလ်ကျအုပ်ချူပ်ခဲ့တဲ့ နေ၀င်း သေတဲ့နေ့ ။ အဲ့ဒီနေ့ မှာ နေ၀င်းကို သူ့ ရဲ့  မိသားစု အနည်းအကျဉ်းလောက်လေးနဲ့ သာ မထင်မရှား ခိုးကြောင်ခိုးဝှက် အသုဘချခဲ့ရတယ်။

ဒါ ဘာကြောင့်ဖြစ်ရတာလည်း -

(၁) ပြည်သူ့ အချူပ်အခြာအာဏာကို လက်နက်အားကိုးနဲ့  သိမ်းပိုက်ခဲ့ပြီး တိုင်းပြည်နဲ့  လူမျိုးအပေါ် မတရား ဖိနှိပ်ချူပ်ခြယ် အုပ်ချူပ်ခဲ့လို့ ၊

(၂) တိုင်းပြည်ရဲ့  သယံဇာတတွေနဲ့  ပြည်သူပိုင်ဆိုင်တဲ့ နိုင်ငံ့ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်အဖြစ် မတရား ရယူပိုင်ဆိုင်ခဲ့လို့ ၊

(၃) အာဏာရူးသူတွေအချင်းချင်း ဇာတ်တူသားစားတာ ခံခဲ့ရလို့ ၊

(၄) ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက အော့နှလုံးနာ မုန်းတီးကြလို့ -

လူကြားထဲ မတိုးရဲတဲ့ဘ၀ သေတာတောင် သေပန်းမလှခဲ့ရတာတင်မက သေပြီးတာတောင် လူသေတာထက် ဆိုးတဲ့ ဘ၀သမိုင်းကြောင်း သေတာ ခံရတာဘဲ။

မကြာခင်ကလေးမှ ပြီးဆုံးခဲ့တဲ့ ဒီဇင်ဘာ (၅) ရက်နေ့  နေ၀င်းသေခဲ့တယ်ဆိုတာ အခြားသူတွေ မပြောနဲ့  နေ၀င်းရဲ့  မိသားစု သားသမီးတွေ မြေးတွေ အာဏာရူးလက်သစ်တွေတောင် ဘာသံမှ မထွက်။ နေ၀င်း မိသားစုဟာ နေ၀င်း ခိုးယူခဲ့လို့  ရရှိခဲ့တဲ့ ချမ်းသာကြွယ်ဝမှုတွေအပေါ် အမှီပြုပြီး အာဏာရှင်စနစ်ကို ဆက်လက်ကြီးထွားစေဖို့ နဲ့  အာဏာရှင်လက်သစ်တွေအပေါ် သြဇာညောင်းဖို့ အတွက်သာမက နေ၀င်းလို ပြည်သူလူထုအပေါ်မှာ ထပ်မံ ဒုက္ခပေးဖို့ သာ စိုင်းပြင်းနေကြပါတယ်။ ထို့ အတူဘဲ နေ၀င်း ကျွေးလို့ မွေးလို့  ကြီးပြင်းခဲ့ကြတဲ့ နောက်ပေါက် အာဏာရူးတွေဟာလည်း နေ၀င်းကို မေ့ လို့ တောင် နေကြတယ်၊ မိမိတို့  အာဏာဆက်ရူးနိုင်ဖို့ အတွက်သာ အသည်းအသန် ကြိုးစားနေကြတယ်။ အာဏာရူးသူတွေမှာ မိမိက လွဲ အခြားသူ မရှိဆိုတာ သက်သေပါဘဲ။

ဘ၀အသေဆိုးနဲ့  သေခဲ့ရတဲ့ အာဏာရှင်ကြီး နေ၀င်းကို သင်ခန်းစာ မယူကြဘဲ ရိုင်းစိုင်းနေဆဲ အာဏာရူးနေကြသူတွေ အာဏာရူးလိုကြသူတွေနဲ့  ပတ်သက်ပြီး သိရအောင်ပါ။
 
 
 

No comments: