Wednesday, December 3, 2014

ွှအနုပညာသရုပ်ဆောင်တွေ ပါးစပ်နဲ့  လိင်အကြောင်း အားပေးသူတွေ မဖြစ်စေနဲ့ ။

အရပ်သားအစိုးရ အယောင်ဆောင် အာဏာရှင် အုပ်ချူပ်မှုအောက်မှာ ပျက်စီးနေကြတဲ့ လိင်ပိုင်းဆိုင်ရာ ဟာသပျက်လုံးများ။ 

ပွင့်လင်းမြင်သာတယ်ဆိုပြီး ပါးစပ်ကရော အမူအရာနဲ့ ရော လိင်ပိုင်းဆိုင်ရာ ပြောဆိုမှုတွေကို ယနေ့  ရုပ်ရှင် အငြိမ့်တွေမှာ မြင်တွေ့  ကြားတွေ့ နေရပါတယ်။ စိတ်ပျော်ရွှင်စရာ ဟာသရီမောစရာ ပြောဆိုဖန်တီးမှုဟာ သန့် ရှင်းစင်ကြယ်တဲ့ ဖန်တီးမှုကနေ ခန္ဓာကိုယ်အောက်ပိုင်းကိစ္စတွေ အသားပေး ပြောဆိုရုံမက လက်ဟန်ခြေဟန် အမူအရာနဲ့ ပါ ပျက်လုံးထုတ်မှ လူကြိုက်များ ရီမောစရာဖြစ်တယ်၊ ကိုယ့်အတွက် ရိုက်ကားများတယ် ဇာတ်ခွင်များတယ်လို့ ထင်နေကြတဲ့ ဒါရိုက်တာအချို့ ၊ မင်းသားမင်းသမီးအချို့ ၊ ဟာသသရုပ်ဆောင်အချို့ ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်ကိုယ်ကျိုးအတွက်သာ ဦးစားပေးပြီး ဖျက်ဆီးပစ်မှန်း မသိ ဖြစ်နေကြပါတယ်။   

ရီမောစရာဟာသတစ်ခုပြောရင် အဲဒီဟာသက အမြဲတမ်းလိုလို အဓိပ္ပါယ်နှစ်ခွ ထွက်တဲ့ ဝေါဟာရတွေကိုပဲ သုံးကြတယ်ဆိုပေမယ့် လိင်ပိုင်းဆိုင်ရာ အဓိပ္ပါယ်နှစ်ခွတောင်မှ လွန်လွန်ကျူးကျူး မသင့်တော်တဲ့ အဓိပ္ပါယ်နှစ်ခွဖြစ်ရင်တောင် ရှောင်ရှားကြရမယ့်အစား အဓိပ္ပါယ်တစ်ခွကို သိသိသာသာ ဖြစ်စေရုံမက လက်ဟန်ကိုယ်ဟန်နဲ့ ပါ ပြသပြောဆိုနေကြတာဟာ သိက္ခာတရားမစောင့်ထိန်းကြတဲ့သူတွေ ဖြစ်နေကြပါတယ်။ ဒါကို အဟုတ်မှတ်နေကြသောသူများ မိမိရဲ့ မိဘမောင်ရင်းနှမတွေနဲ့ အတူတူ ကြည့်ရဲ နားထောင်ရဲကြပါရဲ့ လား။
 
ယခုဆိုရင် ခါးအောက်ပိုင်းနဲ့ ဆိုင်တဲ့ ဝေါဟာရတွေကို မသိချင်ယောင်ဆောင်ပြီးဖြစ်စေ၊ တမင်ဖြစ်စေ သုံးနေကြပါတယ်။ တစ်ချို့ ဟာသသရုပ်ဆောင်တွေဆိုရင် (*^** ချရမလား)၊ (*^** ခံလိုက်ပါလား) တို့ဆိုတာကို ထဲထဲဝင်ဝင် သုံးလာရုံမက၊ ကော့ကားကုန်းကွတွေအထိပါ ကိုယ်ရောလက်ပါ လုပ်ပြနေကြပါရဲ့ ။
 
အရင်တုန်းကဆို ဟာသပြက်လုံးတွေက သန့်သန့်လေးတွေပါ။ ရယ်ရတာလည်း သန့်သန့်ရှင်းရှင်း ရယ်ရပါတယ်။ ဒါပေမယ့် အခုကျတော့ ပြက်လုံးတွေက ကိုယ်လုံးချွတ်တွေ၊ ဟိုပေါ်ဒီပေါ်တွေ မဟုတ်ဘူးဆိုပေမယ့် စကားလုံးတွေကတော့ ကိုယ်လုံးချွတ် စကားလုံးတွေက အများစုပါ။ ဒီလို စကားမျိုးတွေ ကိုယ်ဟန်ပြမှုတွေကို အသက်အရွယ်ငယ်တဲ့ အနုပညာသရုပ်ဆောင်များသာမက အသက်အရွယ်ကြီးမားပြီး သရုပ်ဆောင် အတွေ့ အကြုံရှိ သမ္ဘာရင့်ကျက်နေကြတဲ့သူတွေကပါ မိမိရဲ့  အသက်အရွယ် ဂုဏ်သိက္ခာကိုမှ အားမနာ မရှက် အပြိုင်လိုက်ပြောနေကြတာ ဆင်ခြင်သင့်ကြပါတယ်။ 

ဒီလိုမျိုး ဘယ်သူ့ ကြောင့် ဘယ်ဝါဆိုတာထက် ပြည်သူတွေကို ကောင်းမွန်တဲ့ နေရာမှာ စံနမူနာပြရမယ့်သူတွေက လိင်အသားပေး အားပေးနေကြသူတွေ ဖြစ်နေကြပြီလားဆိုတာပါ။
 
ပြည်သူလူထုအတွက် စာရိတ္တပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ လမ်းညွှန်ပြသဖို့  အစား မိမိရဲ့  အမည်နာမ လူကြိုက်များရေး၊ ၀င်ငွေစီးပွား တိုးပွားရေးအတွက်သာ ကြည့်ပြီး လိင်ပိုင်းဆိုင်ရာ အသားပေးပြီး ဟာသပျက်လုံး ပြောဆို အမူအရာ ပြသကာ အနုပညာခုတုံးလုပ် ပြည်သူလူထုကို စံပြမဟုတ်ဘဲ ဟန်ပြလုပ်သူများကို သတိပေးအပ်ပါတယ်။
 
 

 

No comments: