Sunday, January 18, 2015

နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ချိုးဖောက်သူ ၀ီရသူ။

လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခအား ပေါ်ပေါ်တင်တင် ပြောဆိုဖန်တီးနေသော ၀ီရသူအား အရေးယူရန်။

ဝီရသူရဲ့  ရိုင်းစိုင်းစွာ ပြောဆိုသော လူမျိုးရေး ဘာသာရေး မုန်းတီးစကားဟာ တိုင်းပြည်မှာ သွေးချောင်းစီးစေမယ့် စကားဖြစ်ပြီး၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ - “လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့ မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ဆန့် ကျင်သည်” ပြဌာန်းချက်အား ကျူးလွန်ခြင်းဖြစ်သည်။

ယခုကဲ့သို့  ဗွီဒီယိုအထောက်အထားနှင့် တစ်ကွ ပေါ်ပေါ်တင်တင် သက်သေဖြစ်နေသောကြောင့် ၀ီရသူအား သံဃာတော်တစ်ပါးအဖြစ်မှ လူဝတ်လဲစေရန်နှင့် ဥပဒေအရ ချက်ခြင်းအရေးယူရန် သိန်းစိန်အစိုးရအား အလျင်အမြန် တောင်းဆိုအပ်သည်။


No comments: