Tuesday, January 27, 2015

နှောင့်ယှက်တာတွေ အကြမ်းဘက်လိုတာတွေ ရပ်တန့် ပါ။

ပညာရေးနဲ့  ပတ်သက်တာတွေ ပြုပြင်ပြောင်းလဲပေးဖို့  တောင်းဆိုတာတောင် အနှောင့်အယှက် အမျိုးမျိုးလိုက်ပေးနေတာ ကြည့်ရင်၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါတယ်ဆိုပြီး ပြောတဲ့စကားတွေဟာ အလုပ်နဲ့  လက်တွေ့ မညီဖူးဆိုတာ သက်သေပြနေပါလား သိန်းစိန်အစိုးရ။

ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့  စေတနာပါပါ မှန်မှန်ကန်ကန် လုပ်နေကြတယ်ဆိုရင် အခုလို အနှောင့်အယှက်တွေကို ချက်ချင်းရပ်ပြပြီး၊ တိုင်းပြည်နဲ့  ပြည်သူလူထုအကျိုးကို လက်တွေ့ ပြသတဲ့အနေနဲ့  ဆန္ဒဖော်ထုတ်ချီတက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုပြလိုက်ပါ။

သန့် ရှင်းတဲ့အစိုးရလို့  အော်ကြွေးခဲ့တာ မမေ့သေးရင် အစိုးရကောင်းတစ်ရပ်ရဲ့  ဂုဏ်အင်္ဂါနဲ့ အညီ မညစ်ပတ် မယုတ်မာဘဲ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအပေါ် မေတ္တာစစ်နဲ့  သန့် သန့် ရှင်းရှင်းလေး ကျင့်သုံးဆက်ဆံပြပါ။

ကျောင်းသူကျောင်းသားဆိုတာ ပြည်သူ့ ရင်သွေး နိုင်ငံ့အနာဂတ်ခေါင်းဆောင်လောင်းလျာတွေပါ။

အာဏာရှင်ဆန်ဆန် ကောက်ကျစ်ယုတ်မာမှုတွေကို ရပ်တန့် သင့်နေပါပြီ။

တိုင်းပြည်နဲ့  ပြည်သူလူထုက ကောင်းမွန်တဲ့ အစိုးရကို မျှော်လင့်နေပါတယ်။ ကောင်းမွန်တဲ့ အစိုးရဖြစ်ချင်ရင် ဦးစွာပထမ ကောင်းကောင်းမွန်မွန် ကျင့်ကြံပါ။

ကျောင်းသူကျောင်းသားတွေရဲ့  လမ်းခရီးတစ်လျှောက် အနှောင့်အယှက်တွေ ထပ်ပေးနေဦးမယ်ဆိုရင် အာဏာရှင်ဆန်သူတွေ ရမ်းကားသူတွေ ထင်သလို ပြည်သူလူထုက ငြိမ်သွားလိမ့်မယ်ဆိုတာ လုံးဝမဟုတ်ဖူးဆိုတာ သက်သေပြမှုတွေ လာပါလိမ့်မယ်။ ကျောင်းသူကျောင်းသားဆိုတာ ပြည်သူ့ သွေးသားရင်းတွေမို့  ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာပါလိမ့်မယ်။

တစ်ခုခုဆိုရင် အရာရာကို အပ်နဲ့  ထွင်းရမယ့်အစား ပုဆိန်နဲ့  ပေါက်လိုတဲ့ အကျင့်တွေ ပြင်ပြီး၊ နိုင်ငံတကာမှာ မျက်နှာငယ် နိမ့် ပါးနေရတဲ့ မြန်မာနိုင်ငံသားတွေဘ၀ကို ဦးတည်ထောက်ထားတယ်ဆိုရင် ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်း နည်းလမ်းများနဲ့  ဖြေရှင်းဖို့  သိန်းစိန်အစိုးရနဲ့  မင်းအောင်လှိုင်တို့  ဗိုလ်ချူပ်ကြီးတွေကို အထူးတိုက်တွန်းလိုက်ပါတယ်။

လက်ရှိ ကျောင်းသူကျောင်းသားများရဲ့  လမ်းခရီးတွေမှာ တားဆီးပိတ်ဆို့  နှောင့်ယှက်နေတာတွေကို ရပ်တန့် ပေးပြီး လွတ်လပ်စွာ သွားလာပြောဆိုခွင့်ပေးဖို့  လက်တွေ့ အနေနဲ့  အရေးကြီးပါတယ်။

No comments: